အဖွင့်စာမျက်နှာ

နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်သိရှိထားပါသလဲ?

အေသင် ဒီမိုကရေစီ ဉာဏ်စမ်းမေးခွန်းများ (Athens Democracy Quiz) ကို ဖြေဆိုရင်း ပြည်သူ့နီတိနဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတများကို လေ့လာနိုင်ပါပြီ။ ဒီမှာ ဝင်ရောက်ဖြေဆိုလိုက်ပါ

လုပ်ငန်းကဏ္ဍများ


ဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကယ်ဒမီ

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကယ်ဒမီသည် နိုင်ငံသားများအတွက် နိုင်ငံရေး ဗဟုသုတ များတိုးတက်ရန်၊ ဒေသအတွက်အရည်အသွေး ပြည့်ဝသည့်နိုင်ငံသားများ ပေါ်ပေါက်လာရန်နှင့် နိုင်ငံသားများနိုင်ငံရေးတွင် ပါဝင်မှုတိုးတက်လာရန်အတွက် PACE မှ သင်ကြားပို့ချသော သင်တန်းများဖြစ်ပါသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး (ကာလရှည်နှင့်ကာလတို) ကိုစောင့်ကြည့်လေ့လာပြီး ရွေးကောက်ပွဲ ဖြစ်စဉ်၏ အဆိုးအကောင်း တွေ့ရှိချက်များကို တိတိကျကျဖော်ထုတ်သည်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု နှင့် ပြည်သူ အားလုံးပါဝင်မှုကို မြှင့်တင်နိုင်မည့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များ နှင့် အစီရင်ခံစာများထုတ်ဝေသည်။

လူထုသဘောထားအမြင်စစ်တမ်းများ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုသဘောထားအမြင်စစ်တမ်းများကောက်ယူရာတွင် နိုင်ငံတကာအသိအမှတ်ပြု စာရင်းအင်းနည်းအရ ကျပန်းနည်းဖြင့် ရွေးချယ်သည့်နည်းလမ်းကို အသုံးပြုပါသည်။ အဓိကအားဖြင့် သတင်းမီဒီယာများတွင် ပြောခွင့်ဆိုခွင့် အခွင့်အရေးနည်းပါး သည့် နိုင်ငံသားများ၏ အသံများ၊ သဘောထားအမြင်များကို စုစည်းပေးခြင်းဖြစ်ပါသည်။

နိုင်ငံရေးဖြစ်စဉ်စောင့်ကြည့်လေ့လာမှု

နိုင်ငံရေးဖြစ်စဉ်စောင့်ကြည့်လေ့လာမှု အစိုးရသက်တမ်းအတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ လွှတ်တော်များ၏ ပွင့်လင်းမြင်သာမှု၊ ပြည်သူလူထုအပေါ် တာဝန်ယူမှု တာဝန်ခံမှု မြင့်တင်ရန်အတွက် ပြည်သူလူထု နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်း ဖြစ်သည်။

PACE အကြောင်း


ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် အစိုးရမဟုတ်သော လွတ်လပ်သည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအရပ်ဘက် အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သားများ၏ အခွင့်အရေးကိုကာကွယ်ခြင်း နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားလာရေးတို့ကို မြှင့်တင့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်စတီကျူးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးကို ရည်မှန်းကာ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို တစိုက်မတ်မတ်လေ့လာပြီး ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြည်သူပြည်သားအားလုံးပါဝင်နိုင်မှုအတွက် ရွေးကောက်ပွဲနှင့်ပြည်သူ့နီတိဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းအစီအစဉ်အဖွဲ့သားများ

စီမံကိန်းအစီအစဥ်အဖွဲ့သားများသည် PACE၏ စီမံကိန်းလုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်နှင့် စီမံကိန်းဆိုင်ရာအချက်အလက်များကို စုစည်းခြင်း၊ ဆန်းစစ်လေ့လာသုံးသပ်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည်။

ပြင်ပဆက်ဆံရေးအဖွဲ့သားများ

ပြင်ပဆက်ဆံရေးအဖွဲ့သားများသည် PACE ကိုဘက်လိုက်မှုကင်းသောအဖွဲ့အဖြစ် အများကယုံကြည်မှုရှိအောင် ပုံဖော်ရသည့် တာဝန်ကို အဓိကလုပ်ဆောင်ကြပါသည်။ ပြင်ပဆက်ဆံရေးနည်းဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်း၊ အခြားအဖွဲ့အစည်းများနှင့် ကွန်ရက်ချိတ်ဆက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

စီမံခန့်ခွဲရေးအဖွဲ့သားများ

စီမံခန့်ခွဲရေးအဖွဲ့သားများသည် PACE၏ လုပ်ငန်းစဉ်များအားလုံးကို စနစ်တကျဖြစ်စေရန် ဦးဆောင်ကြီးကြပ်မှုများပြုလုပ်သည်။

အထောက်အကူပြု အဖွဲ့သားများ

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သားများ

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သားများသည် PACE၏လုပ်ငန်းစဥ်များ နှင့် လှုပ်ရှားမှုများအတွက် ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုများ ကို အဓိကထား လုပ်ဆောင်ရသည်။

ဘဏ္ဍာရေးအဖွဲ့သားများ

ဘဏ္ဍာရေးအဖွဲ့သားများသည် PACE၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေကြေးစီမံခန့်ခွဲမှုများကို လုပ်ဆောင်ကြသည်။

15

ရန်ကုန်ရုံးဝန်ထမ်း

16

တိုင်းနှင့်ပြည်နယ်ညှိနှိုင်းရေးမှူးများ

144

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲအကယ်ဒမီ

7878

စေတနာ့ဝန်ထမ်း

နည်းစနစ်များ

စစ်တမ်းကောက်ယူသည့်နည်းစနစ်

PACE အဖွဲ့မှ တစ်နိုင်ငံလုံး၏ သဘောထားအမြင်များကိုထင်ဟပ်စေရန်အတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးရှိ အသက် ၁၈နှစ် နှင့် ၁၈နှစ် ပြည့်ပြီး နိုင်ငံသားများကို မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပြုလုပ်ကာ စစ်တမ်းကောက်ယူမှုများကို ပြုလုပ်ခဲ့ပါသည်။

အပြည့်အစုံဖတ်မည်

အုပ်စုတူဆွေးနွေးခြင်း

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) သည် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နောက်ခံ အခြေအနေမတူညီသော ရန်ကုန်မြို့တော်နယ်နမိတ်အတွင်းရှိ ပြည်သူများ၏ အမြင်နှင့် သဘောထားသုံးသပ်ချက်များကို . . .

အပြည့်အစုံဖတ်မည်

နည်းစနစ်မူဘောင်ဖြင့်စောင့်ကြည့်လေ့လာခြင်း

ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ရာတွင် တွေ့ရှိချက်များသည် ဖြစ်စဉ်ကြီးတစ်ခုလုံးကို ကိုယ်စား ပြု ထင်ဟပ်စေရန် PACE အဖွဲ့မှ “နည်းစနစ်မူဘောင်” စောင့်ကြည့်လေ့လာမှု နည်းလမ်းကို အသုံးပြုခဲ့ပါသည်။ . . .

အပြည့်အစုံဖတ်မည်

How we can help you ? Contact Us

 

လုပ်ငန်းစဉ်များ

PACE သည် နိုင်ငံသားအခွင့်အရေး ပြည့်ဝစွာရရှိရေးနှင့် ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော ရွေးကောက်ပွဲများ ပေါ်ပေါက်စေရန်အတွက် အောက်ပါကဏ္ဍများတွင် လုပ်ကိုင်လျက်ရှိပါသည်။

  • နိုင်ငံသားများ၏ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များ
  • နိုင်ငံသားအခွင့်အရေးနှင့်တာဝန်ပညာပေးလုပ်ငန်းများ (ပြည်သူ့နီတိသင်တန်း)
  • ရွေးကောက်ပွဲဆိုင်ရာ မူဘောင်များ၊စည်းမျဉ်းစည်းကမ်းများ/လုပ်ထုံးလုပ်နည်းများ ကောင်းမွန်မှန်ကန်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

PACE၏ လုပ်ငန်းစဉ်များကို Department for International Development (DFID/UKaid), National Democratic Institute (NDI), National Endowment for Democracy (NED), Norwegian People’s Aid (NPA) နှင့် Open Society Myanmar (OSM) တို့၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

ဖြတ်သန်းမှုမှတ်တိုင်များ

6

နှစ်တာ ဖြတ်သန်းမှုအတွေ့အကြုံ

6326

စောင့်ကြည့်လေ့လာသူများ

1557

စစ်တမ်းကောက်ယူသူများ

ရည်မှန်းချက်


ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် နိုင်ငံရေးဖြစ်စဉ်များ ပွင့်လင်းမြင်သာမှုရှိရန် နှင့် တာဝန်ယူမှုတာဝန်ခံ မှုရှိရန်အတွက် အချက်အလက်များကိုစုဆောင်းလေ့လာခြင်း၊ တွေ့ရှိချက်များနှင့် အကြံပြုချက်များမျှဝေခြင်းဖြင့် ပြည်သူလူထု၏ လိုလားချက်များကို အစိုးရအုပ်ချုပ်သူများသိရှိစေရန် နိုင်ငံသားများ နိုင်ငံရေးတွင်ပါဝင်မှုမြှင့်တင်ရန်၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဖြစ်စဉ်များကို နိုင်ငံသားများ ပိုမိုသိရှိနားလည်နိုင်ရန်ရည်မှန်းထားပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်တွင် ပြည်သူလူထု၏အသံကိုမြှင့်တင်နိုင်ရန် နည်းစနစ်ကျနစွာဖြင့် နိုင်ငံရေးဖြစ်စဉ်အပေါ်စိတ်ဝင်စားမှုရှိရန်နှင့် တိုးတက်ပြောင်းလဲရန်အတွက် တွန်းအားပေး ဆောင်ရွက်နေသောအဖွဲ့ ဖြစ်ပါသည်။

 

Credibility 100%
Neutrality 100%
Independence 100%
Non-Partisan 100%

PACE အဖွဲ့သားများ

No items were found matching your selection.

ဆက်သွယ်ရန်

    Client Testimonial

    [testimonial_view id="2"]

    အလုပ်အကိုင်များ

    သင့် ရှာဖွေမှုနှင့် ကိုက်ညီသော စာမူမတွေ့ပါ။

    Recent News