ကနဦးလေ့လာတွေ့ရှိချက်များ

PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဧပြီလတွင် ဤမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိပါသလားဟု မေးမြန်းရာ တွင် ဖြေဆိုသူများ၏ သုံးပုံ နှစ်ပုံနီးပါး (၆၂%) ကသိရှိပါသည်ဟုဖြေဆိုပါသည်။ ဖြေဆိုသူများထဲတွင် မြို့ပြမှ ဖြေဆိုသူများ၏ ၆၈%က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိကြပြီး ကျေးလက်မှဖြေဆိုသူများ၏ ၅၄% ကသာ သိရှိကြပါသည်။ ဖြေဆိုသူ အမျိုးသားများ၏ ၇၀% ကကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိပြီး ဖြေဆိုသူအမျိုးသမီး များ၏ ၅၄% ကသာသိရှိကြသည်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်းလေ့လာမှု စစ်တမ်း ကနဦးတွေ့ရှိချက်အစီရင်ခံစာ

မဲပေးသည့် မဲဆန္ဒရှင်ပမာဏ အနည်းအများသည် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် အဓိကကျသော ပူပန်စရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ဒေသများရှိ ပြည်သူများ၏ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သိရှိမှုကိုတိုင်းတာရန် လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

  • PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဧပြီလတွင် ဤမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိပါသလားဟု မေးမြန်းရာ တွင် ဖြေဆိုသူများ၏ သုံးပုံ နှစ်ပုံနီးပါး (၆၂%) ကသိရှိပါသည်ဟုဖြေဆိုပါသည်။ ဖြေဆိုသူများထဲတွင် မြို့ပြမှ ဖြေဆိုသူများ၏ ၆၈%က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိကြပြီး ကျေးလက်မှဖြေဆိုသူများ၏ ၅၄% ကသာ သိရှိကြပါသည်။ ဖြေဆိုသူ အမျိုးသားများ၏ ၇၀% ကကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိပြီး ဖြေဆိုသူအမျိုးသမီး များ၏ ၅၄% ကသာသိရှိကြသည်။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း ပထမရက်သတ္တပတ်တွေ့ရှိချက်များ

မဲစာရင်းကြေညာပြသရာနေရာများ၏ အနီးတဝှိက်ကိုစောင့်ကြည့်လေ့လာရာတွင် နေရာ ၅ နေရာတိုင်းတွင် ၄ နေရာထက်ပိုပြီး မဲဆန္ဒရှင်အသိပညာပေးမှုဆိုင်ရာ ပစ္စည်း များကိုတွေ့ရှိရသည်။

  • ကြေညာပြသရာနေရာများ၏ ၈၂% ( ကြေညာပြသရာ နေရာ ၅ နေရာတိုင်းတွင် ၄ နေရာကျော်တွင်) နေရာတွင် မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပစ္စည်းများကိုတွေ့ရှိရပါသည်။ သို့သော်ကြေညာပြသရာနေရာများ၏ ၁၈% နီးပါးတွင် မည်သည့် မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာပစ္စည်းများကို  PACE အဖွဲ့အနေဖြင့် မတွေ့ရချေ။

ဘာကြောင့် စောင့်ကြည့်လေ့လာမလဲ

“မကြာခင် ကျင်းပတော့မဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ မဲဆန္ဒနယ်အရေအတွက်အရ နည်းတယ်ဆိုပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမှီအခိုကင်းလွတ်လပ်မှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွေရဲ့ အရည်အသွေးနဲ့ သတင်း စီးဆင်းမှု၊ မဲဆွယ်စည်းရုံးမှုဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှုအဖွဲ့စည်းများ၏ပါဝင်မှုနဲ့ သတင်းအချက်အလက်များရယူမှု စတာတွေနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့အကြံပြုချက်တွေကို ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘာတွေကို ပြင်ဆင်ပြောင်းလဲပြီးပြီလဲ ဆိုတာကိုတိုင်းတာဖို့နဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ ဘာတွေကို ထပ်ပြီး ပြင်ဆင်မှုတွေပြုလုပ်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အလွန်အရေး ကြီးပါတယ်”လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်လျက်ရှိသောမဲဆန္ဒနယ် (၁၉) နယ်တွင် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို PACE အဖွဲ့မှ စောင့်ကြည့် လေ့လာမှုပြုလုပ်မည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း နှင့်ပတ်သက်၍ အထူးသဖြင့် ကြေညာပြသမည့် မဲဆန္ဒရှင်စာရင်း၏အရည်အသွေးကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရန်ပြင်ဆင်ထားသည်။

စောင့်ကြည့်လေ့လာမည့် ဖြစ်စဉ်

၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများနှင့် ပတ်သက်၍ PACE အနေဖြင့် ရွေးကောက်ပွဲအကြိုကာလမှစတင်၍

(က) ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်ခြင်း

(ခ) မဲဆွယ်စည်းရုံးရေးကာလ

(ဂ) မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်

(ဃ) မဲဆန္ဒရှင်စာရင်း အရည်အသွေးဆန်းစစ်လေ့လာမှု

(င) မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း

(စ) ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်

(ဆ) မဲရလာဒ်များ စုပေါင်းရေတွက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲအကြိုကာလ စောင့်ကြည့်လေ့လာရေးကို မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် ကာလရှည် စောင့်ကြည့် လေ့လာသူ (၃၀) ဉီးဖြင့် စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်စာရင်း အရည်အသွေးဆန်းစစ်လေ့လာခြင်းကို ဆန်းစစ်လေ့လာသူ (၈၀) ဖြင့် ဆန်းစစ်လေ့လာသွားမည်ဖြစ်သည်။ ရွေး​ကောက်ပွဲကျင်းပသည့်နေ့တွင် ကာလတိုစောင့်ကြည့်လေ့လာသူ  (၆၀၀)ကျော်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်ပေါင်း (၂၂) မြို့နယ်လုံးတွင် ခြုံငုံစောင့်ကြည့် လေ့လာမှုများပြုလုပ်သွား မည်ဖြစ်သည်။

စောင့်ကြည့်လေ့လာပုံနည်းစနစ်

ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ အရည်အသွေးကို ဓမ္မဌာန်ကျပြီး ဘက်လိုက်မှုကင်းသော ဆန်းစစ်လေ့လာမှုများကို ပြုလုပ်နိုင်မည့် “Systematic Observation (နည်းစနစ်ဖြင့် စောင့်ကြည့်လေ့လာခြင်း)” စနစ်ကို အသုံးပြုပါမည်။ ဉပမာအားဖြင့် ဤနည်းနာသည် ကျေးလက်ဒေသနှင့်မြို့ပြဒေသ၊ ရွေးကောက်ပွဲများ လွယ်ကူချောမွှေစွာကျင်းပနိုင်သည့်နေရာများနှင့် စိန်ခေါ်မှုများ နှင့်ရင်ဆိုင်ရသောနေရာများစသည့်အခြေအနေ နှစ်မျိုးစလုံးတွင် စောင့်ကြည့်လေ့လာသူများကိုစေလွှတ်၍ စောင့်ကြည့်လေ့လာ မှုများကို ပြုလုပ်စေခြင်းပင်ဖြစ်သည်။ ဤနည်းစနစ်ကို နိုင်ငံပေါင်း (၅၀) ကျော်ကလည်း အသုံးပြုကာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

စောင့်ကြည့်လေ့လာမှုကို တရားဝင်ဆောင်ရွက်နိုင်ရန်အလို့ငှာ PACE၏ စောင့်ကြည့်လေ့လာသူအားလုံးအတွက် အသိ အမှတ်ပြုလွှာနှင့် သက်သေခံကဒ်ပြား လျှောက်ထားခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

စောင့်ကြည့်လေ့လာမည့် ဖြစ်စဉ်

STEP 1

ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်ခြင်း

STEP 2

မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်

STEP 3

မဲဆွယ်စည်းရုံးရေးကာလ

STEP 4

မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း

STEP 5

ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်

STEP 6

မဲရလာဒ်များ စုပေါင်းရေတွက်မှုဖြစ်စဉ်

သတင်းအချက်အလက်များ ရရှိလိုလျှင် ဆက်သွယ်ရန် အီးမေးလ်ကို ထားခဲ့ပေးပါ။

Your Name (required)

Your Email (required)

Subject

Your Message