ဒီမိုကရေစီမျှော်မှန်းချက်ဆိုင်ရာ နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်း

စစ်တမ်းကောက်ယူမှု အစီအစဉ်မိတ်ဆက်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections) ဒီမိုကရေစီ မျှော်မှန်း ချက်ဆိုင်ရာ နိုင်ငံသားများ၏ သဘောထားအမြင်နှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်လျှက်ရှိပါသည်။ ဤစစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ် ချက်မှာ အများပြည်သူဆိုင်ရာ ကိစ္စများတွင် နိုင်ငံသားများ၏ပါဝင်မှု၊ ဦးစားပေးဖြေရှင်းရမည့် ပြဿနာများ၊ အစိုးရ၏ စွမ်း ဆောင်ရည်၊ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်း ယန္တရားများ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဆန္ဒမဲပေးရာတွင် အတား အဆီးများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အစိုးရနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်၊ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ လူပုဂ္ဂိုလ်အချင်းချင်းကြား ယုံကြည်မှု၊ စစ်တမ်းကောက်ယူမှုဆိုင်ရာ အချက်အလက်နှင့် သတင်းမီဒီ ယာဆိုင်ရာ အချက်အလက်များ စသည်တို့နှင့်ပတ်သက်ပြီး နိုင်ငံသားများ၏အနေဖြင့် မည်သို့မည်ပုံ ထင်မြင်ယူဆထားသည် ကို လေ့လာနိုင်ရန် စစ်တမ်းကောက်ယူရခြင်းဖြစ်ပါသည်။

စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်
စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်မှာ
ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်း ယန္တယားများ၊ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် နိုင်ငံသားများ၏ ရှုမြင်ပုံနှင့် အမြင်သဘောထားများကို နားလည်ရန်၊
အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး နိုင်ငံသားများ၏ နားလည်သဘောပေါက်မှုများနှင့် ၄င်းတို့၏ မျော်လင့်ချက်များကို တိုင်းတာရန်၊
ဒေသနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များအပေါ် နိုင်ငံသားများ၏ အမြင်သဘောထား များကို သိရှိစေရန်၊
နိုင်ငံသားများ၏ နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှုကို သိရှိစေရန်နှင့်
နိုင်ငံသားများ၏ လူပုဂ္ဂိုလ်အချင်းချင်းကြား ယုံကြည်မှုကို သိရှိစေရန် တိုင်းတာခြင်းဖြစ်ပါသည်။
နည်းနာများ

လူများနှင့်ပတ်သက်သော သတင်းအချက် အလက်များကို ကောက်ယူရန် အတွက် နည်းလမ်းများ မှာ များစွာရှိနေပေ သည်။ နည်းလမ်း တစ်ခုမှာ လူတိုင်းကို ဆက်သွယ်ကာ သင်တို့ သိလိုသမျှကို မေးခွန်းများ မေးခြင်းဖြစ်သည်။ သို့သော် လူ တိုင်းအား တွေ့ဆုံပြီး စစ်တမ်းကောက်ယူမှု ပြုလုပ်ရန်မှာ စရိတ်စက အလွန်ကြီး လှပေသည်။ သတင်း အချက်အလက် ကောက်ယူရန်အတွက် နောက်တစ်နည်းမှာ သတင်း အချက်အလက်များ ကို ပိုမိုလျှင်မြန်စွာနှင့် စရိတ်စက သက်သာစွာ ကောက်ယူနိုင်သော နမူနာထုတ်ယူ စစ်တမ်းကောက်ယူခြင်းပင်ဖြစ်သည်။

ဤစစ်တမ်းကောက်ယူမှုကို မြန်မာနိုင်ငံရှိ အရွယ် ရောက်ပြီးသူ (အသက် ၁၈နှစ်နှင့်အထက်) နိုင်ငံသားများအားလုံးကို ဦးတည်ကာ ပြုလုပ်မည်မဟုတ်ဘဲ ကျပန်းနမူနာ ရွေး ချယ် ထားသူများကိုသာ ဦးတည်ပြီး သင့်တော်သော နည်းလမ်းများ အသုံးပြုကာ ဆောင်ရွက်မည်ဖြစ်သည်။ ထိုကဲ့သို့ နမူနာ ရွေးချယ် ထားသော သူများကို စစ်တမ်း ကောက်ယူခြင်းဖြင့် နိုင်ငံသားများ၏ ဒီမိုကရေစီ အပေါ်ထားရှိသော မျှော်မှန်းချက်များ နှင့် ပတ်သက်ပြီး သဘောထားအမြင်ကို ထင်ဟပ်စေရန်ဖြစ်ပါသည်။ စစ်တမ်းကောက်ယူမှု၏ တိကျမှန်ကန်မှုသည် အ ကြောင်းချင်း ရာများစွာ အနက်မှ စစ်တမ်းကောက်ယူ သူများအနေဖြင့် သင်တို့အား တာဝန်ပေးအပ်ထားသော တွေ့ဆုံမေးမြန်း ခြင်းများကို ပြီးစီးရန် အတတ်နိုင်ဆုံး ကြိုးစား အားထုတ်မှုပေါ်တွင် မှီတည်နေသည်။ ဤနည်းဖြင့်သာ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေဖြင့် စစ်တမ်းကောက်ယူခြင်းသည် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ နားလည်မှုကို ထင် ဟပ် ဖော်ပြနိုင်မည်ဖြစ်သည်။
စစ်တမ်းကောက်ယူမှု ၏ တိကျ မှန်ကန်မှုမှာ ဘက်လိုက်မှု ကင်းရှင်းခြင်း ကဲ့သို့သော အခြား အရေးကြီးသည့် အချက် အလက်များ ပေါ်တွင်လည်း မူတည်နေပေသည်။ ဘက်လိုက်မှု ကင်းရှင်းစေရန် နမူနာအနေဖြင့် ပါဝင်သော လူများကို ရွေးချယ် မှုသည် ကျဘန်း ဖြစ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ လမ်းညွှန်ချက် များကို တိကျစွာလိုက်နာရန် နှင့် အိမ်တွင် ရှိမနေသော လူများ ဆီသို့ တဖန်ပြန်လည် သွားရောက်ရန်မှာ လွန်စွာ အရေးကြီးလှပေသည်။ ဥပမာ အားဖြင့် အိမ်ထောင်ရှင် အမျိုးသားများ အနေ ဖြင့် နေ့ခင်းဘက် အချိန်များတွင် နေအိမ်မှထွက်၍ အလုပ်လုပ် နေနိုင်သဖြင့် ၄င်းတို့ထံ ပြန်လည် သွားရောက်ခြင်း မပြုပါက စစ်တမ်း ကောက်ယူမှုတွင် အမျိုးသားများ ပါဝင်တော့မည် မဟုတ်ပေ။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေဖြင့် တွေ့ဆုံ မေးမြန်းမည့် သူများကို မြန်မာနိုင်ငံ၏ ပြည် နယ်နှင့် တိုင်းအား လုံးရှိ ကျေးရွာ (သို့) ရပ်ကွက်ပေါင်း (၆၀၀) သို့ စေလွှတ်မည်ဖြစ်သည်။ ရွေးချယ်ထားသော ကျေးရွာ (သို့မ ဟုတ်) ရပ်ကွက်တစ်ခုရှိ မတူညီသော နေအိမ်ငါးလုံးမှ လူငါးယောက်ကို ကျပန်းရွေးချယ် ကာ မေးမြန်းရန် အတွက် စစ်တမ်း ကောက်ယူသူ တစ်ဦးကို စေလွှတ်မည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ယခု စစ်တမ်းကောက်ယူ မှုတွင် အရည်အချင်းနှင့် ပြည့်စုံ သော အသက် ၁၈ နှစ်နှင့်အထက်ရှိသူ (၃၀၀၀) ဦးကို တွေ့ဆုံ မေးမြန်းနိုင်ရန် မျှော်လင့် ထားပေသည်။ စစ်တမ်းကောက်ယူသူ များအနေဖြင့် သတ်မှတ်ထားသော မေးခွန်းပုံစံများကို အသုံးပြုကာ လူပုဂ္ဂိုလ်များနှင့် လူတွေ့မေးမြန်းမည် ဖြစ်သည်။

နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်း
ဇန်နဝါရီ ၂၀၁၈
Download