skip to Main Content

ရွေးကောက်ပွဲအပေါ် လူထုသဘောထားအမြင်နှင့်
အစိုးရအသစ်အပေါ် မျှော်မှန်းချက်များ

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)၏ စာရင်း ဇယားအရ ပြည်သူ ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ကြပါသည်။ လူပေါင်းတစ်သောင်းကျော်ခန့်သည် ရွေးကောက်ပွဲ ရက်ကို လေ့လာစောင့်ကြည့်ရန် နေရာအနှံ့ သွားရောက်ခဲ့ကြသည့်အပြင် အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာ သည်လည်း ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း နိုင်ငံသားများအနေဖြင့် အတိတ်ကာလမှ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်၍ ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းသစ်များရှာဖွေသည့် သင်္ကေတတစ်ခုဖြစ်သည့် မဲပေးမှုပညာ ပေးရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲရလဒ်များကို ယေဘုယျအားဖြင့် လက်ခံခဲ့သော်လည်း အခြေခံဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် စေ့စပ်ညှိနှိုင်းမှုများနှင့်အတူ နိုင်ငံ၏ဒီမိုကရေစီ ယဉ်ကျေးမှုတို့အပါအဝင် နိုင်ငံရေး အကူးအပြောင်းကာလအတွင်း  စိန်ခေါ်မှုပေါင်းစွာ ကျန်ရှိနေဆဲ ဖြစ်ပါသည်။

အရပ်သား အစိုးရသည် များစွာသော ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ဒီမိုကရေစီသို့ အကူးအပြောင်းကို ပိုမိုအကျိုးပြုထောက်ပံ့ရန် ကတိကဝတ်ပြုခဲ့သည့်အတွက် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် အခြားသော ကဏ္ဍများအတွက် အများပြည်သူ၏ သဘောထားများ၊ ထင်မြင်ယူဆချက်များ၊ မျှော်မှန်းချက်များအပြင် ဒီမိုကရေစီ၊ ရွေးကောက်ပွဲများနှင့် ၎င်းတို့၏အစိုးရနှင့် ပတ်သက်သော ဗဟုသု တများကို နားလည်သဘောပေါက်ရန်မှာ အရေးကြီးလှပါသည်။ ၂၀၁၆ မေလတွင် PACE သည် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူ သဘောထားများနှင့် ထင်မြင်ယူဆချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ဦးစားပေးရမည့်အရာများအပေါ်ဗဟုသုတနှင့် အမြင်များ၊ နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် အသစ်ရွေးချယ် ခန့်အပ်ထားသော အစိုးရအရာရှိများအပေါ် သိမှတ်နား လည်ထားမှုနှင့် မျှော်မှန်းချက်များကို တိုင်းတာရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ လွန်ကာလ သဘောကောက်ယူချက် စစ်တမ်းတစ်ခုကို စီစဉ်လုပ်ဆာင်ခဲ့ပါသည်။

Back To Top