skip to Main Content

ရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့

People’s Alliance for Credible Elections-PACE

 ရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက် (သောကြာနေ့)၊ ရန်ကုန်

 တွေ့ရှိချက်အကျဉ်းချုပ်

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများ၏ ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံသားများ၏သိရှိမှုနှင့် ပါဝင်လိုစိတ်အတိုင်းအတာတို့ကို သိရှိနိုင်ရန် ဇွန်လ ၂၉-၃၀ ရက်တို့တွင် ရွေးကောက်ပွဲအကြိုကာလစစ်တမ်းတစ်ခုကို လစ်လပ်မဲဆန္ဒနယ် ၁၂ ခု၌ (မန္တလေးတိုင်းဒေသကြီးရှိရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်ကိုထည့်သွင်းကောက်ယူခြင်းမရှိပါ။) ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စစ်တမ်းကောက်ယူသူ ၁၂၂ ဦး၊ တွေ့ဆုံမေးမြန်းမှုပေါင်း ၁,၂၂၀ ခုဖြင့် ကောက်ယူခဲ့ပါသည်။

ယေဘုယျအားဖြင့် မဲဆန္ဒနယ် ၁၂ ခုရှိ နိုင်ငံသားထက်ဝက်ခန့်က နိုဝင်ဘာလတွင်ကြားဖြတ်ရွေးကောက်ပွဲရှိသည်ကို သိရှိပြီး သုံးပုံတစ်ပုံ ကသာ ဇူလိုင်လတွင်မဲစာရင်းကြေညာပြသမည်ကို သိရှိကြပါသည်။ မဲစာရင်းကြေညာပြသရာနေရာတွင် မဲစာရင်းပါအချက်အလက်များကို သွား ရောက်ကြည့်ရှုရန် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်နေသူ မည်သူမှမရှိဟု စစ်တမ်းကောက်ယူရာဒေသရှိ နိုင်ငံသား တစ်ဝက်နီးပါးက ဖြေဆို ကြပါသည်။ လိုက်လံနှိုးဆော်နေသူများထဲတွင် ဒေသအာဏာပိုင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)များ ဖြစ်သည်ဟု အများဆုံးဖြေဆိုကြ သည်ကို တွေ့ရပါသည်။ ကြေညာပြသထားသည့် မဲစာရင်းတွင် အချက်အလက်များကိုသွားရောက်ကြည့်ရှုစစ်ဆေးရန် အစီအစဉ်ရှိ/မရှိ မေး မြန်းရာ သွားရောက် ကြည့်ရှုစစ်ဆေးရန် ဆန္ဒရှိပါသည်ဟု ယင်းမဲဆန္ဒနယ်များရှိ နိုင်ငံသားထက်ဝက်ကျော်ကဖြေဆိုပါသည်။

မဲပေးရန်အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်ပြီး နိုင်ငံသား ငါးဦးတွင်လေးဦးက အစီအစဉ်ရှိပါသည်ဟု ဖြေဆိုကြပါသည်။ ထို့နောက် ကြားဖြတ်ရွေး ကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါသလားဟုမေးမြန်းရာ စစ်တမ်းကောက်ယူရာနေရာရှိ နိုင်ငံသားအများစုက မည်သည့်စိုးရိမ် ပူပန်စရာမှ မရှိပါဟု ဖြေဆိုကြပါသည်။

ထို့ကြောင့်လာမည့်နိုဝင်ဘာတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မား လာနိုင်ရန်နှင့် နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှု ပိုမိုမြင့်မားလာစေရန် ဤရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း တွေ့ရှိ ချက်များ အပေါ်အခြေခံ၍ အောက်ပါတို့ကို အကြံပြုပါသည်။

 အကြံပြုချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

  • ရွေးကောက်ပွဲလုပ်ငန်းစဉ်ပွင့်လင်းမြင်သာမှု ပိုမိုမြင့်မားလာပြီး၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များဖြစ်သည့် မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးခြင်း၊ မဲဆန္ဒနယ်တွင်းကြိုတင်မဲပေးခြင်းနှင့် မဲဆွယ်စည်းရုံးရေးကာလ စသည့်လုပ်ငန်းစဉ်များ၏ အချိန်စာရင်းကို ဆောလျင်စွာ ထုတ်ပြန်ပေးရန်။
  • ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံသားများ၏ စိတ်ပါဝင်စားမှုနှင့် ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်ရန်။
  • ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံသားများပိုမိုစိတ်ပါဝင်စားလာရေးနှင့် သိရှိရေးအတွက် ဆောင်ရွက်နေသည့် မဲဆန္ဒရှင်အသိပညာ ပေး လုပ်ငန်းအစီအစဉ်များတွင် အမျိုးသမီးများ၊ ကျေးလက်ဒေသနှင့် အသက် ၁၈-၃၅ နှစ်အကြား လူငယ်များကို ဦးတည်သည့် လုပ်ငန်းအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန်။
  • မဲဆန္ဒရှင်စာရင်း ပိုမိုမှန်ကန်တိကျလာရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ပါဝင်မှု ပိုမိုမြင့်မားလာရေးအတွက် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုပြီး SMS၊ မိုလ်ဘိုင်း-အက်ပ် (Mobile App)၊ အွန်လိုင်း( အင်တာနက်/ဝက်ဘ်ဆိုဒ်) စသည်တို့မှတဆင့် မဲစာရင်းကို အလွယ်တကူစစ်ဆေးနိုင်သည့် နည်းလမ်းများကို အသုံးပြုရန်။

နိုင်ငံရေးပါတီများ

  • မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် ၎င်းတို့၏ အချက်အလက်များကို မဲစာရင်းကြေညာပြသမှုကာလ (ဇူလိုင်၉-၂၂ ရက်) မပြီးဆုံးမီ သွားရောက်ကြည့်ရှုစစ်ဆေးမှု ပိုမိုမြင့်မားလာရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်။
  • ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံသားများပိုမိုစိတ်ပါဝင်စားလာရေးနှင့် သိရှိရေးအတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း အစီအ စဉ်များကို ယခုကတည်းကစတင်ဆောင်ရွက်ကြရန်။ အထူးသဖြင့် အမျိုးသမီးများ၊ ကျေးလက်ဒေသနှင့် အသက် ၁၈-၃၅ နှစ် အကြားလူငယ်များကို ဦးတည်ဆောင်ရွက်ရန်။

ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ

  • မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် နိုင်ငံသားအားလုံးကို ဦးတည်သည့် အသိပညာပေးလုပ်ငန်းများအပြင် အမျိုးသမီးများ၊ ကျေးလက်ဒေသနှင့် အသက် ၁၈-၃၅ကြား လူငယ်များကို အဓိကဦးတည်သည့် အစီအစဉ်များထည့်သွင်းဆောင်ရွက်ရန်။

စစ်တမ်းတွေ့ရှိချက်များ

DLV_preliminary_findings_burmese

Back To Top