skip to Main Content

အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်း

စစ်တမ်းကောက်ယူမှု အစီအစဉ်မိတ်ဆက်

ယခုစစ်တမ်း၏ တွေ့ရှိချက်များအပေါ်အခြေခံ၍ အစိုးရအနေဖြင့် ကျန်ရှိနေသည့် သက်တမ်းအတွင်း ၎င်းတို့၏ဆောင်ရွက်ချက်များ ပိုမို ကောင်းမွန်လာရေးအတွက် အကျိုးဖြစ်စေသကဲ့သို့ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ထိထိရောက်ရောက် ပါဝင်နိုင်ရေးတို့အတွက် အကျိုးရှိမည်ဟု ရည်ရွယ်လျက် စစ်တမ်းကောက်ယူမှုကို ပြုလုပ်သွားမည်ဖြစ်ပါသည်။

စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်

ယခုစစ်တမ်း၏ တွေ့ရှိချက်များအပေါ်အခြေခံ၍ အစိုးရအနေဖြင့် ကျန်ရှိနေသည့် သက်တမ်းအတွင်း ၎င်းတို့၏ဆောင်ရွက်ချက်များ ပိုမို ကောင်းမွန်လာရေးအတွက် အကျိုးဖြစ်စေသကဲ့သို့ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ပြီး အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ထိထိရောက်ရောက် ပါဝင်နိုင်ရေးတို့အတွက် အကျိုးရှိမည်ဟု ရည်ရွယ်လျက် စစ်တမ်းကောက်ယူမှုကို ပြုလုပ်သွားမည်ဖြစ်ပါသည်။

စစ်တမ်းကောက်ယူသည့်နည်းစနစ်

အစိုးရသက်တမ်းဝက် ဆောင်ရွက်ချက်များအပေါ် နိုင်ငံသားများ၏ သဘောထားအမြင်ကို သိရှိနားလည်စေရန်အသက် ၁၈ နှစ် ပြည့်ပြီး (စစ်တမ်းကောက်ယူချိန်တွင်) သည့် နိုင်ငံသားများကို PACE အဖွဲ့မှ မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပြုလုပ်ကာ စစ်တမ်းကောက်ယူ မှုများ ပြုလုပ်ပါမည်။ တစ်နိုင်ငံလုံး၏ သဘောထား အမြင်များကို ထင်ဟပ်စေရန်အတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အားလုံးတွင် စစ်တမ်းကောက်ယူမှုကို ပြုလုပ်မည်ဖြစ်ပါသည်။ စစ်တမ်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ မြို့နယ် ၂၁၄ ခု ကျေးရွာနှင့် ရပ်ကွက် ၄၂၄ နေရာတွင် ကောက်ယူမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဆန်းစစ်မှုအတွက် ဖြေကြားသူ ၂၁၀၀ ဦး နှင့် ပြည်နယ်နှင့် တိုင်းခွဲခြမ်းစိတ်ဖြာမှုအတွက် ပြည်နယ်များတွင် ၂၆၄ ခု ပိုမို ကောက်ယူမည်ဖြစ်ပါသည်။

စစ်တမ်းကောက်ယူရာတွင် အောက်တွင် ဖော်ပြထားသည့် နိုင်ငံတကာအသိအမှတ်ပြု စာရင်းအင်းနည်းအရ ကျပန်းနည်းဖြင့် ရွေးချယ်သည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်ပါသည်။

(အဆင့် ၁) မြို့နယ်အလိုက် အလွှာခွဲခြင်း။ ၂၀၁၇ ခုနှစ် လူဦးရေခန့်မှန်းချက် (ပြည်သူ့အင်အားဦးစီးဌာန) အချက်အလက်များကို အသုံးပြု၍ မြို့နယ်တစ်ခုချင်းစီရှိလူဦးရေအချိုးအစားကိုတွက်ချက်သတ်မှတ်ခဲ့ပြီး အဆိုပါမြို့နယ်များတွင် စစ်တမ်းကောက်ယူမည့် နေရာများကို အချိုး အစားတူညီအောင် နေရာချထားခဲ့ပါသည်။

(အဆင့် ၂) မြို့ပြနှင့် ကျေးလက်ဒေသအလိုက် အလွှာခွဲခြားခြင်း။ အထက်တွင်ဖော်ပြထားသည့် လူဦးရေအချက်အလက်ကို အသုံး ပြုပြီး မြို့နယ်တစ်ခုချင်းစီအတွက် မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးအစားကို တွက်ချက်ခဲ့သည်။ မြို့နယ်အလိုက် လူဦးရေအချိုး အစားအလိုက် မြို့ပြနှင့် ကျေးလက်အကြား စစ်တမ်းကောက်ယူမည့်နေရာများကို အချိုးအစား တူညီအောင် နေရာချထားခဲ့ ပါသည်။

(အဆင့် ၃) ကျေးရွာများနှင့် ရပ်ကွက်များကို နမူနာရွေးထုတ်ခြင်း။ မြို့နယ်တစ်ခုချင်းစီအတွက် ရွေးချယ်သတ်မှတ်ထားသည့် နေရာများနှင့် မြို့ပြနှင့် ကျေးလက်ဒေသများအတွက် ရွေးချယ်သတ်မှတ်ထားသောနေရာများကို အခြေခံ၍ ကျပန်းနမူနာ ရွေးချယ်မှု နည်းလမ်းကို အသုံးပြုပြီး ရပ်ကွက်နှင့် ကျေးရွာများကို ရွေးချယ်ခဲ့သည်။ နမူနာရွေးထုတ်ရန် ဘောင်အဖြစ် မြန်မာနိုင်ငံသတင်း အချက်အလက်စီမံခန့်ခွဲမှုဌာန (MIMU) မှစုစည်းပြုစုထားသည့် မြို့နယ်တစ်ခုချင်းစီရှိ ရပ်ကွက်နှင့် ကျေးရွာများစာရင်းကို အသုံးပြုခဲ့ပါသည်။ စစ်တမ်းကောက်ယူမှုမည့် ကိုယ်စားပြုနမူနာနေရာ ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း ၄၂၄ ခုကို ရွေးချယ်ခဲ့ပါသည် ( တစ်နိုင်ငံလုံးအတိုင်းအတာ ဆန်းစစ်လေ့လာမှုအတွက် ၃၇၄ နေရာ၊ ပြည်နယ်များတွင် အပိုဆောင်းနေရာ ၁၅၄ နေရာ)။

(အဆင့် ၄) အိမ်ထောင်စုများကို ကျပန်းရွေးချယ်ခြင်း။ သင်တန်းပေးလေ့ကျင့်ထားသည့် စစ်တမ်းကောက်ယူသူများသည် စတင်ရ မည့်နေရာအဖြစ် ကျပန်းသတ်မှတ်ထားသော နေရာမှ စ၍ ကျပန်းလမ်းလျှောက်ကာ နမူနာရွေးချယ်သည့်နည်းလမ်း ကိုအသုံးပြုပြီး ၎င်းတို့ ရွေးချယ်ထားရာ အိမ်ထောင်စုများရှိသည့်နေရာများဆီသို့ ထွက်ခွာပါသည်။ စစ်တမ်းကောက်ယူသူများသည် ကျေးလက် ဒေသ (ကျေးရွာ) တွင် ၁၀ အိမ်မြောက်နေအိမ်တိုင်းနှင့် မြို့ပြဒေသများ (ရပ်ကွက်)တွင်မူ ၂၀ အိမ်မြောက် နေအိမ် တိုင်းကို ရွေးချယ်သည်။

(အဆင့် ၅) ဖြေကြားမည့်သူကို ကျပန်းရွေးချယ်ခြင်း။ အိမ်ထောင်စုတစ်ခုကို ရွေးချယ်ပြီးသည့်အခါ PACE အဖွဲ့၏ စစ်တမ်း ကောက် ယူသူများသည် အဆိုပါ အိမ်ထောင်စုထဲမှ (အမျိုးသားနှင့် အမျိုးသမီး တစ်လှည့်စီ) မြန်မာနိုင်ငံသား အသက် ၁၈ နှစ် ပြည့်သူ အိမ်ထောင်စုဝင် တစ်ဦးကို ကျပန်းရွေးချယ်မည်။ စစ်တမ်းဖြေဆိုသူများကို “မဲနှိုက်သည့်စနစ်” ကိုအသုံးပြုပြီး ရွေးချယ်မည်ဖြစ်သည်။ စုစုပေါင်းအားဖြင့် စစ်တမ်းကောက်ယူသူတစ်ဦးချင်းစီကို ကျေးရွာ/ရပ်ကွက် နေရာတစ်ခုချင်းစီတွင် ဖြေဆိုသူ ၆ ဦးကို မေးမြန်းရန် တာဝန်ပေးအပ်ထားသည်။

(အဆင့် ၆) ရရှိလာသောအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခြင်း။ စုဆောင်းရရှိလာသည့် အချက်အလက်များကို မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေပျံ့နှံ့မှုကို ထင်ဟပ်နိုင်ရန် အချက်အလက်မကောက်ခံနိုင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့ပြ/ကျေးလက် နေရာများကို ပြန်လည် ထိန်းညှိတွက်ချက်ပါသည်။ ရလဒ်များကို တင်ပြရာတွင် ဒသမကိန်းများကို အနီးစပ်ဆုံးရယူမှုကြောင့် ကွာခြားမှုရှိနိုင်သော်လည်း ယင်းကွာခြားမှုမှာ ၁% ထက်များခြင်းမရှိပါ။

အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်စစ်တမ်း
စက်တင်ဘာ ၂၀၁၈
Download
Back To Top