skip to Main Content

၂၀၂၀ ခုနှစ်အတွက်
နိုင်ငံသားများ၏
နိုင်ငံရေးမျှော်မှန်းချက်

ယခုစစ်တမ်းမှာ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် အများဆုံးပတ်သက်ဆက်စပ်နေသည့် စစ်တမ်းတစ်စောင်ဖြစ်သော်လည်း မည်သည့်ပါတီကို မဲပေးမည်၊ မည်သည့်ကိုယ်စားလှယ်လောင်းကို မဲပေးမည်ဆိုသည့် အကြောင်းအရာများကို မေးမြန်းမှုများ ပြုလုပ်ထားခြင်း မဟုတ်ပါ။ လက်ရှိမြန်မာနိုင်ငံ၏ ယေဘုယျအခြေအနေ၊ လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် ၎င်းတို့အပေါ်မျှော်မှန်းချက်များ၊ ပါတီများအပေါ်သဘောထားနှင့် မျှော်မှန်းချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်၊ ကိုယ်စားလှယ်လောင်းများအပေါ် မျှော်မှန်းချက်များ စသည်တို့ကို ပိုမို ဦးစားပေးမေးမြန်းထားပါသည်။

စစ်တမ်းကောက်ယူသူများကို ရွေးချယ်ခန့်အပ်ခြင်းနှင့် သင်တန်းပို့ချခြင်း

ယခု ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” သဘောထားအမြင်စစ်တမ်းသည် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသည့် ၅ ခုမြောက် လူထုသဘောထားအမြင်စစ်တမ်းဖြစ်သည်။ ဤစစ်တမ်းကို ကောက်ယူရန် စစ်တမ်းကောက်ယူ သူစုစုပေါင်း ၅၁၁ ဦးကိုရွေးချယ်ခဲ့ပြီး စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ တာချီလိတ်၊ လားရှိုး၊ တောင်ကြီးနှင့် စစ်တွေမြို့ များတွင် စုစုပေါင်း သင်တန်း ၂၁ ခုဖြင့် စစ်တမ်းကောက်ယူသူများကို သင်တန်းများပို့ချခဲ့ပါသည်။ သင်တန်းတွင် အိမ်ထောင်စုရွေးချယ်ခြင်း၊ ဖြေဆိုသူများကို ရွေးချယ်ခြင်းနှင့် တွေ့ဆုံမေးမြန်းမှုဆိုင်ရာ လက်တွေ့သင်ခန်းစာများကိုပို့ချခဲ့ပါသည်။ စစ်တမ်းကောက်ယူသူများက စာရင်းအင်းနည်းပညာဖြင့် ကျပန်းရွေးချယ်ထားသည့် အိမ်ထောင်စုများသို့သွားရောက် တွေ့ဆုံမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီး ကောက်ယူရရှိလာသည့်အချက်အလက်များကို PACE အဖွဲ့ ရုံးသို့ ပြန်လည်ပေးပို့ခဲ့ကြပါသည်။

ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ် ညှိနှိုင်းရေးမှူး ၁၇ ဦးအား စစ်တမ်းကောက်ယူသူများကို ကြီးကြပ်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။ အရည်အသွေး စစ်ဆေးသူ ၅၀ ဦးကို ရွေးချယ်ခန့်အပ်ပြီး ရန်ကုန်မြို့တွင် ၁ ရက်သင်တန်းပို့ချကာ မတ်လ ၄ ရက်မှ ၅ ရက်အထိ စစ်တမ်းကောက်ယူမှု အရည်အသွေးကို စစ်ဆေးရန် စေလွှတ်ခဲ့ပါသည်။

ဤစစ်တမ်းတွင်ပါဝင်ဆောင်ရွက်သူအားလုံးကို PACE အဖွဲ့၏ စစ်တမ်းကောက်ယူသူ ကျင့်ဝတ်နှင့် လျှို့ဝှက်ချက်ထိန်းသိမ်းမှုဆိုင်ရာ ကတိပြုလွှာကိုလည်း လက်မှတ်ရေးထိုးစေခဲ့ပါသည်။

တွေ့ဆုံမေးမြန်းခြင်း

စစ်တမ်းကောက်ယူမှုကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်အထိပြုလုပ်ခဲ့ပါသည်။ စစ်တမ်းကောက်ယူနေစဉ်ကာလတစ်လျောက်လုံး တိုင်းဒေသကြီး/ပြည်နယ် ညှိနှိုင်းရေးမှူး ၁၇ ဦးနှင့် PACE ရန်ကုန် ရုံးအဖွဲ့က လိုအပ်သည့်အကူအညီနှင့် ကြီးကြပ်မှုကို ပြုလုပ်ခဲ့ကြပါသည်။

စစ်တမ်းကောက်ယူရမည့် နေရာအားလုံးတွင် အခက်အခဲကြီးကြီးမားမားမရှိဘဲ ကောက်ယူနိုင်ခဲ့ပါသည်။ ကနဦးရွေးချယ်ထားသည့် နေရာများအနက် နေရာ ၅၁ ခုတွင် သတ်မှတ်ထားသည့်အတိုင်း စစ်တမ်းလုံးဝကောက်ယူနိုင်ခဲ့ခြင်းမရှိပါ။ ၄၂ နေရာတွင် လုံခြုံရေးအခြေအနေအရ စစ်တမ်းကောက်ယူ နိုင်ခဲ့ခြင်းမရှိပါ(ကချင်ပြည်နယ်တွင် ၃ နေရာ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁ နေရာစီ၊ ရခိုင်ပြည်နယ်တွင် ၅ နေရာ၊ ရှမ်းပြည်နယ်တွင် ၃၂ နေရာ)။ ကျန် ၉ နေရာအနက် ၅ နေရာတွင် ဒေသအာဏာပိုင်များက စစ်တမ်းကောက်ယူခွင့်မပြုခြင်း၊ ၁ နေရာမှာ ကျေးရွာ ပျောက်ဆုံးခြင်းနှင့် ၃ နေရာတွင် စစ်တမ်းကောက်ယူသူများ၏ အမှားအယွင်းကြောင့် စစ်တမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိပါ။

နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု

၂၀၁၆ ခုနှစ် စစ်တမ်း တွေ့ရှိချက်မှအပ နိုင်ငံသားများ၏ စိတ်ဝင်စားမှု အတိုင်းအတာနှင့် ပတ်သက်၍ လွန်ခဲ့သည့် ငါး နှစ်အတွင်း အပြောင်းအလဲမရှိသည်ကို တွေ့ရပါသည်။

အများပြည်သူဆိုင်ရာလှုပ်ရှားမှုများနှင့် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု

*နိုင်ငံသားများ၏ ထက်ဝက်ကျော် (၅၆%) က ယခင်နှစ်အတွင်း အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများအနက် အနည်းဆုံး အမျိုးအစားတစ်ခုတွင်ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။
*နိုင်ငံသားများထက်ဝက်နီးပါး (၄၇%) က ယခင်နှစ်အတွင်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများအနက် အနည်းဆုံး အမျိုးအစားတစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။

အဖွဲ့အစည်းများအပေါ် ယုံကြည်မှု
(ယုံကြည်မှုနှင့် မယုံကြည်မှုအကြားခြားနားချက်)

လူအချင်းချင်းအကြားယုံကြည်မှု

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလတွင် တွေ့ရှိရသည့် မြင့်တက်သွားခဲ့မှုမှအပ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူအချင်းချင်းအကြားယုံကြည်မှုမှာ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရပါသည်။

နိုင်ငံရေးအရယုံကြည်မှု
(၂၀၁၆-၂၀၁၉) ခုနှစ်

၂၀၁၆ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ဘာသာရေးခေါင်းဆောင်အပေါ် ယုံကြည်မှုအတိုင်းအတာမှာ ၈၀% (၂၀၁၆ ခုနှစ်) မှ ၄၈% (၂၀၁၉ ခုနှစ်) သို့ ထူးထူးခြားခြား ကျဆင်းသွားသည်ကိုတွေ့ရပါသည်။

၂၀၂၀ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်

Back To Top