skip to Main Content

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ် စောင့်ကြည့်လေ့လာခြင်း

မေလ ၈ ရက် ။ လွှတ်တော် အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြားဖြတ် ရွေးကောက် ပွဲကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။

တိုင်း / ပြည်နယ် မြို့နယ် လစ်လပ်နေသော လွှတ်တော်မဲဆန္ဒနယ်များ လွှတ်တော်အမျိုးအစား မဲဆန္ဒရှင် အရေအတွက် စုစုပေါင်း
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် _
ရှမ်းပြည်နယ် လဲချားမြို့နယ် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် _
ရန်ကုန်တိုင်း‌ဒေသကြီး တာမွေမြို့နယ် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်  
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်  
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်  
ချင်းပြည်နယ် မတူပီမြို့နယ် မတူပီမြို့နယ် ပြည်နယ်လွှတ်တော်  
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်  
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဆီပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်  
မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး(ပြည်ထောင်စုနယ်မြေမှအပ) ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး  
ဇူလိုင်လ ၂ ရက်နေ့ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြောညာထားသော ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အချိန်စာရင်း။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်ငံသားများ၏ပါဝင်ခွင့်၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုတို့ ပိုမိုမြင့်မားလာစေရေးတို့အတွက်၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ ရွေးကောက်ပွဲအကြိုကာလစစ်တမ်းတစ်ခုကို လစ်လပ်မဲဆန္ဒနယ် ၁၂ ခု၌ (မန္တလေးတိုင်းဒေသကြီးရှိ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်ကို ထည့်သွင်းကောက်ယူခြင်းမရှိပါ။) ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စစ်တမ်းကောက်ယူသူ ၁၂၂ ဦး၊ တွေ့ဆုံမေးမြန်းမှုပေါင်း ၁,၂၂၀ ခုဖြင့် ကောက်ယူခဲ့ပါသည်။ ရွေးကောက်ပွဲအကြိုကာလ စောင့်ကြည့်လေ့လာရေးကို မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် ကာလရှည် စောင့်ကြည့်လေ့လာသူ (၂၄) ဦးဖြင့် စောင့်ကြည့်လေ့လာမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကာလတိုစောင့်ကြည့် လေ့လာသူ (၆၀၀) ကျော်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်ပေါင်း (၁၂) မြို့နယ်တွင် ခြုံငုံစောင့်ကြည့် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲအကြို ကာလသဘောထား အမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

ရွေးကောက်ပွဲအကြို ကာလသဘောထား အမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲများ၏ ရွေးကောက်ပွဲ ဖြစ်စဉ်များ နှင့် ပတ်သက်၍ နိုင်ငံသားများ၏ သိရှိမှုနှင့် ပါဝင်လိုစိတ် အတိုင်းအတာ တို့ကို သိရှိနိုင်ရန် ဇွန်လ ၂၉ – ၃၀ ရက်တို့တွင် ရွေးကောက်ပွဲ အကြိုကာလ စစ်တမ်း တစ်ခုကို လစ်လပ် မဲဆန္ဒနယ် ၁၂ ခု၌ ( မန္တလေးတိုင်း ဒေသကြီးရှိ ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်ကို ထည့်သွင်း ကောက်ယူခြင်းမရှိပါ။ ) ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စစ်တမ်း ကောက်ယူသူ ၁၂၂ ဦး ၊ တွေ့ဆုံမေးမြန်းမှုပေါင်း  ၁,၂၂၀  ခုဖြင့် ကောက်ယူခဲ့ပါသည်။

အောက်ပါလင့်တွင် ဒေါင်းလုဒ် လုပ်ပါ

Download Pdf ကနဦးအစီရင်ခံစာ

မဲစာရင်း ကြေညာပြသခြင်း

မဲစာရင်း ကြေညာပြသခြင်း

ဇူလိုင်လတွင် PACE အဖွဲ့က ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် ဒေသရှိ ကျေးရွာအုပ်စုနှင့် ရပ်ကွက်များတွင် မဲစာရင်းကြေညာပြသခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှု ပြုလုပ်နေပါသည်။

မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း

မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း

ရွေးကောက်ပွဲနေ့မတိုင်မီ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ ပေးခြင်းကိုလည်း စောင့်ကြည့်လေ့လာမှုများ ပြုလုပ် သွားရန် PACE အဖွဲ့က စီစဉ်ထားပါသည်။

မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

PACE အဖွဲ့က မဲဆွယ်စည်းရုံးမှု စောင့်ကြည့် လေ့လာ ခြင်းများကို ကြားဖြတ် ရွေးကောက်ကျင်းပမည့် မြို့နယ် များတွင် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ် လောင်းများနှင့် မဲဆန္ဒရှင်များကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးပွဲများကိုလည်း စောင့်ကြည့်လေ့လာပါမည်။

ရွေးကောက်ပွဲနေ့စောင့်ကြည့်လေ့လာခြင်း

ရွေးကောက်ပွဲနေ့စောင့်ကြည့်လေ့လာခြင်း

ရွေးကောက်ပွဲနေ့တွင် ကာလတို စောင့် ကြည့်လေ့လာသူ ၆၀၀ ဦးဖြင့် စာရင်းအင်း အခြေပြု နည်းစနစ်ဖြစ်သည့် “နမူနာ ရွေးနုတ်” နည်းဖြင့် စောင့် ကြည့်လေ့လာသွားမည်ဖြစ်သည်။ မဲရုံဖွင့်လှစ်ခြင်းမှ မဲရေတွက်ခြင်း စသည့် ဖြစ်စဉ်တစ်ခုလုံးကို စောင့် ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဤနည်းစနစ်သည် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ အရေအသွေးကို အတိအကျ ဆန်းစစ်နိုင်မည်ဖြစ် သည်။

မဲရလာဒ်ပြုစုခြင်း

မဲရလာဒ်ပြုစုခြင်း

မဲရုံပိတ်ပြီးနောက် မဲရလာဒ်များ ပြုစုခြင်းဖြစ်စဉ် ကို လည်း မြို့နယ် ၁၂ ခုရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ဆက်လက် စောင့်ကြည့်လေ့လာသွားမည်။

Back To Top