၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ

စက်တင်ဘာ ၃ ရက်မှစ၍ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် အဖွဲ့တို့မှ ကာလရှည်စောင့်ကြည့်​လေ့လာသူ ၁၂ ဦး ကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဒေသများရှိ မဲဆွယ်စည်းရုံးရေးပတ်ဝန်းကျင်၏ အနေအထားများကို စောင့်ကြည့်လေ့လာစေခဲ့ပါသည်။