skip to Main Content
စေတနာ့ဝန်ထမ်းလုပ်အားပေးခေါ်ယူခြင်း (Observe Yangon Project)

စေတနာ့ဝန်ထမ်းလုပ်အားပေးခေါ်ယူခြင်း (Observe Yangon Project)

ရန်ကုန်-ပြည်သူ့လှုပ်ရှားမှု (Observe Yangon) ဆိုတာ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှုပြုလုပ်မယ့် ပြည်သူ့လှုပ်ရှားမှုဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့  (PACE) နဲ့အတူ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်မြို့က ပြည်သူပြည်သားအားလုံးကို ဖိတ်ခေါ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်နဲ့ ဦးဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှုဖြစ်တဲ့အလျောက် PACE အဖွဲ့အနေနဲ့ မည်သည့်ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကမှ ငွေကြေးထောက်ပံ့မှုကို ရယူခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလှုပ်ရှားမှုမှာပါဝင်ကြမယ့် စေတနာ့ဝန်ထမ်း လုပ်အားပေးတွေကို ထောက်ပံ့ကြေးငွေ ပေးမှာမဟုတ်ပါဘူး။ နိုင်ငံရေးဖြစ်စဉ်တွေ သန့်ရှင်း တရားမျှတပြီး၊ အစိုးရအနေနဲ့ ပြည်သူပြည်သားတွေကို တာဝန်ခံမှုရှိလာဖို့ဆိုရင် ပြည်သူပြည်သားတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပုံသဏ္ဍာန်မျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုဆိုတာဟာ ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်မှာ အခြေခံအကျဆုံးသော နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။

ဒါ့ကြောင့် ရန်ကုန်မြို့နေ ပြည်သူပြည်သားတွေကို ဒီစောင့်ကြည့်လေ့လာရေးလှုပ်ရှားမှုမှာ PACE အဖွဲ့နဲ့ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ် ပါတယ်။

အသေးစိတ်အချက်အလက်များနှင့် လျှောက်လွှာပုံစံကို အောက်မှာဒေါင်းလုဒ်ရယူကြည့်ရှုနိုင်ပါတယ်

အသေးစိတ်အချက်အလက်များ ရယူရန်

လျှောက်လွှာပုံစံရယူရန်

Back To Top