skip to Main Content

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကယ်ဒမီ ကနဦးသင်တန်း သင်တန်းသားခေါ်ယူခြင်း

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ အကယ်ဒမီ အတွက်သင်တန်းသားများ ဖိတ်ခေါ်ခြင်း

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကယ်ဒမီ ဆိုတာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကပြုလုပ်တဲ့ ပြည်သူ့နီတိ သင်တန်း တစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများမျှဝေရန်၊ ဒေသအတွက် အရည်အသွေးပြည့်ဝပြီး တက်ကြွတဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့နဲ့ နိုင်ငံသားတွေ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှုတွေမြင့်မားလာဖို့ကို  အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၃ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်ကြားမယ့် အကြောင်းအရာတွေက

၁) ဒီမိုကရေစီ၏ အဓိပ္ပာယ်၊ အမျိုးအစားများနှင့် အခြေခံစံနှုန်းများ

၂) ဒီမိုကရေစီအသွင်ကူးပြောင်းမှု သဘောတရားများ၊

၃) နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်၀တ္တရားများ

၄) ဒီမိုကရက်တစ်ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲဖြစ်စဉ်များ နှင့်

၅) သင်ခန်းစာနှင့်ပတ်သက်၍ သရုပ်ဖော်ပြဇာတ်ဖန်တီးကပြခြင်း

ဘယ်သူတွေ လျှောက်လို့ရသလဲ

  • အသက် ၁၈နှစ် ပြည့်ပြီးသူ။
  • မြန်မာစာနှင့်စကားကို ရေးနိုင်၊ ဖတ်နိုင်၊ ပြောဆိုနိုင်သူ။

 

သင်တန်းကာလမှာ လိုက်နာရမယ့် စည်းမျဉ်းတွေ

  • သင်တန်းကာလ ၃ ရက်တာ အတွင်း သင်တန်းချိန်များ အားလုံးကို အချိန်မှန်မှန် ပြည့်ပြည့် ဝဝ တက်ရောက်ရန်။
  • သင်ခန်းစာများနှင့် ပတ်သက်၍ လေ့ကျင့်ခန်းများပြုလုပ်ရာတွင် အပြည့်အဝ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန်။
  • ကျား/မရေးရာဖြစ်တည်မှု၊ ကိုးကွယ်ရာဘာသာနှင့် လူမျိုးကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်း မပြုရန်။
  • သင်တန်းချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုလုပ်ရန်။
  • သင်တန်းသားအချင်းချင်း အပြန်အလှန် လေးစားစွာ ဆက်ဆံရန်။
  • လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်းနှင့် သက်ဆိုင်သည့်အပြုအမူ အပြောအဆိုများကို မပြုလုပ်ရန်။

မှတ်ချက်။ သင်တန်းတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် အစားအစာများကို PACE အဖွဲ့က တာဝန်ယူပါမည်။ သို့သော်လည်း အခြားခရီးစရိတ်နှင့် နေထိုင်စရိတ်ကို သင်တန်းတက်ရောက်သူများက မိမိအစီအစဉ်ဖြင့် လာရောက်ကြရမည်ဖြစ်ပါသည်။

သင်တန်းအစီအစဉ်

သင်တန်းကာလ       – ၁၈.၁၁.၂၀၁၉ မှ ၂၀.၁၁.၂၀၁၉ ထိ (၃ ရက်)

သင်တန်းချိန်             – နံနက် ၉:၃၀ နာရီ မှ ညနေ ၄:၃၀ နာရီ ထိ

သင်တန်းနေရာ         – HOTEL GRAND UNITED၊

အမှတ် ၃၅၊ မင်းရဲကျော်စွာလမ်း၊ ဗဟိုအမျိုးသမီးဆေးရုံရှေ့၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဘယ်မှာလျှောက်ရမလဲ

  • ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် (အင်္ဂါနေ့) ညနေ ၅ နာရီ နောက်ဆုံး ထားပြီး လျှောက်ထားရပါမယ်။
  • လျှောက်လွှာပုံစံကို ဒီလင့်ကိုနှိပ်ပြီး ရယူပါ။
  • ပေးပို့လာတဲ့ လျှောက်လွှာတွေထဲက ၂၆ ဦးကို ရွေးချယ်လက်ခံ သွားမှာဖြစ်ပါတယ်။

 

အသေးစိတ်သိလိုတယ်ဆိုရင်တော့..

စုမြတ်နိုး (စီမံကိန်းအစီအစဉ်လက်ထောက်)၊ ၀၉ ၄၂၁၀၄၇၇၈၁ ကိုဆက်သွယ်ပါ။

 

လျှောက်လွှာခေါ်ယူခြင်းကြေညာချက်ကို ဒေါင်းလုဒ်ရယူရန်

Back To Top