လုပ်အားပေး စေတနာ့ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

လုပ်အားပေး စေတနာ့ဝန်ထမ်းများ လျှောက်လွှာခေါ်ယူခြင်း

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့  မှ ၂၀၁၈ ခုနှစ် လူထုသဘောထားအမြင် စစ်တမ်းတစ်ရပ်ကောက်ယူမည့် လုပ်ငန်းစဉ်တွင် စစ်တမ်းကောက်ယူရန်အတွက် အောက်ပါ လုပ်အားပေးစေတနာ့ဝန်ထမ်းများ လိုအပ်နေပါသည်။

စဉ် လုပ်ငန်းစဉ် ဦးရေ တာဝန်ထမ်းဆောင်ရမည့်ကာလ
စစ်တမ်းကောက်ယူရန် ၂၀၀ မေလ၊ ဒုတိယအပတ်

စုစုပေါင်း ၃ ရက်

လုပ်အားပေးစေတနာ့ လျှောက်ထားသူများ လိုအပ်သည့် အရည်အချင်းများ

  • နိုင်ငံရေးပါတီ မဟုတ်သူ(သို့) နိုင်ငံရေးပါတီတခုခု၏ အကျိုးစီးပွါးအလို့ငှာ ပါတီ၏ လုပ်ငန်းဆောင်တာများအား ကူညီပေးခြင်းနှင့် တာဝန်ယူလုပ်ဆောင်ပေးခြင်း မဟုတ်သူ။
  • ၁၈ နှစ်ပြည့်ပြီးသူ။
  • မြန်မာစာနှင့် မြန်မာစကားအားကောင်းမွန်စွာ ရေးတတ်ဖတ်တတ်သူ။
  • လူအများနှင့် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်သူ။
  • လူအများနှင့် အမေးအဖြေပြုလုပ်ရာတွင် စိတ်ရှည်သည်းခံနိုင်သူ။
  • နေရာဒေသမရွေး သွားလာနိုင်သူ။
  • စစ်တမ်းကောက်ယူရာတွင် ဘက်လိုက်မှုမရှိ၊ တိကျစွာနှင့် အချိန်မှန် လုပ်ဆောင်နိုင်သူ။

ရွေးချယ်ခြင်းခံရပါက PACE အဖွဲ့မှသင်ကြားပို့ချမည့် စစ်တမ်းကောက်ယူနည်းသင်တန်း တက်ရောက် ခွင့်ရမည်ဖြစ် သည်။ သင်တန်းကြာမြင့်ချိန်မှာ (၂) ရက်  ဖြစ်၍  မေလ ၊ ၂၀၁၈ တွင်  သက်ဆိုင်ရာ သင်တန်းများကို  ပို့ ချ သွားမည် ဖြစ်ပါ သည်။ ရွေးချယ်ခြင်းခံရသောလုပ်အားပေးစေတနာ့ဝန်ထမ်းများသည် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ် ပြီး စစ်တမ်းကောက်ယူသည့်ကာလအတွင်း PACE အဖွဲ့မှ နေထိုင်၊သွားလာမှုကုန်ကျစရိတ်များအား အကွာအဝေးပေါ် မှုတည်၍ သတ်မှတ်နှုန်းထားများဖြင့် ထောက်ပံ့သွား မည်ဖြစ်ပါသည်။

PACE အဖွဲ့မှကျဘန်းနည်းဖြင့်ရွေးချယ်သတ်မှတ်ထားသော မြို့နယ်နှင့်ကျေးရွာ/ရပ်ကွက်များတွင် အနီးဆုံး နေထိုင်သူများ အား ဦးစား ပေးရွေးချယ်သွားမည်ဖြစ်သည်။သို့ဖြစ်ပါ၍မိမိတို့နေထိုင်သော မြို့နယ်နှင့်ကျေးရွာ/ ရပ်ကွက်များအား ပူးတွဲပါ လျှောက်လွှာ ပုံစံတွင် တိကျစွာဖော်ပြပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 

စေတနာဝန်ထမ်းလုပ်အားပေး လျှောက်လွှာပုံစံ။
အမည် ကျား  

 

မွေးသက္ကရာဇ်  

 

အမျိုးသားမှတ်ပုံတင်အမှတ်  

 

အလုပ်အကိုင်  

 

အဖွဲ့အစည်း  

 

တယ်လီဖုန်း  

 

အီးမေးလ်  

 

နေရပ်လိပ်စာ  

 

 

ကျောင်း/တက္ကသိုလ်/  သင်တန်း ဘွဲ့/ဒီပလိုမာ ခုနှစ်
စေတနာ့ဝန်ထမ်းလျောက်ထားရသည့် အကြောင်းအရင်း

လျှောက်လွှာတင်ခြင်းနှင့် စိစစ်လက်ခံခြင်း။

PACE အဖွဲ့သည် စေတနာဝန်ထမ်းလုပ်အားပေးများရွေးချယ်ရာတွင် လစ်လပ်မဲဆန္ဒနယ်များနှင့် အနီးစပ် ဆုံးတွင် နေထိုင် သူများ အား ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ်နှင့် ဝေးကွာဒေသများမှ လျှောက်လွှာများကိုလက်ခံ စဉ်းစားမည်မဟုတ်ပါ ။ စိတ်ပါဝင်စားသူများသည် ဒေသဆိုင်ရာညှိနှိုင်းရေးမှုးထံသို့ လျှောက်လွှာ ပုံစံပါ အချက်အလက်များအား Email/message တို့ဖြင့် မတ်လ (၂၃)ရက်နေ့ နောက်ဆုံးထား၍ပေးပို့နိုင်ပါသည်။ PACE ၏ လုပ်ငန်းအစီအစဉ်နှင့်ကိုက်ညီသူများကိုသာ ရွေးချယ်၍ ဆက်သွယ် အကြောင်းကြားပါမည်။

 ဆက်သွယ်လျှောက်ထားရန်။

ပြည်နယ်နှင့်တိုင်းဒေသကြီးညှိနှိုင်းရေးမှူးများ

 

  ပြည်နယ်နှင့်တိုင်းဒေသကြီး ဒေသဆိုင်ရာညှိနှိုင်းရေးမှုး ဆက်သွယ်ရန် ဖုန်းနံပါတ် အီးမေးလ်
ကချင်ပြည်နယ် ဆိုင်းနုပန် ၀၉ ၂၆၃ ၀၉၄ ၄၂၀ [email protected]
ကယားပြည်နယ် အဲလစ်ထွန်း ၀၉ ၄၂၈ ၀၀၀ ၇၅၄ [email protected]
ကရင်ပြည်နယ် စောထက်ဝေယံကျော် ၀၉ ၇၉၄ ၃၆၂ ၃၀၁ [email protected]
ချင်းပြည်နယ် ဂျိုးဇက်လမ်းဘွေ ၀၉ ၄၄၉ ၅၈၁ ၇၀၉ [email protected]
မွန်ပြည်နယ် မင်းဌေးအောင် ၀၉ ၄၂၅ ၂၇၄ ၇၄၂ [email protected]
ရခိုင်ပြည်နယ် သိန်းမောင် ၀၉ ၄၄၅ ၄၁၉ ၆၁၁ [email protected]
ရှမ်းပြည်နယ် (တောင်ပိုင်း) နှင်းနန္ဒာအောင် ၀၉ ၂၈၁ ၈၈၁ ၀၉ [email protected]
ရှမ်းပြည်နယ် (မြောက်ပိုင်း) ထင်လင်း ၀၉ ၇၈၄ ၂၉၅ ၈၀၅ [email protected]
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မင်းသူရိန် ၀၉ ၄၂၄ ၉၅၉ ၆၀၆ [email protected]
၁၀ စစ်ကိုင်းတိုင်းဒေသကြီး ခင်ရတနာမိုးကြည် ၀၉ ၉၆၉ ၅၄၂ ၆၁၀ [email protected]
၁၁ မကွေးတိုင်းဒေသကြီး မြတ်သူစိုး ၀၉ ၂၅၆ ၀၉၇ ၃၂၈ [email protected]
၁၂ ဧရာဝတီတိုင်းဒေသကြီး နွယ်ဇင်ထက် ၀၉ ၇၈၀ ၈၀၇ ၀၁၈ [email protected]
၁၃ တနင်္သာရီတိုင်းဒေသကြီး သန်းဝင်း ၀၉ ၄၂၂ ၁၉၁ ၇၇၄ [email protected]
၁၄ ပဲခူးတိုင်းဒေသကြီး(နောက်) အောင်ကိုကို ၀၉ ၄၂၃ ၇၀၁ ၀၆၅ [email protected]
၁၅ ပဲခူးတိုင်းဒေသကြီး(ရှေ့) မရိုစီ ၀၉ ၇၇၃ ၅၇၇ ၈၃၃ [email protected]
၁၆ ရန်ကုန်တိုင်းဒေသကြီး ပန်းအိခင် ၀၉ ၇၇၅ ၄၉၈ ၆၀၅

၀၉ ၇၇၅ ၄၉၈ ၆၀၅

[email protected]
၁၇ မန္တလေးတိုင်းဒေသကြီး ကျော်ထွဋ်ဝင်း ၀၉ ၉၇၀ ၉၈၈ ၂၆၆ [email protected]

 

 

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့

(PACE) အကြောင်း

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့(PACE)သည် အမှီအခို/ဘက်လိုက်မှု ကင်းပြီး အစိုးရမဟုတ်သော  ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) ကို ရွေးကောက်ပွဲဖြစ်စဉ်များအတွင်း ပြည်သူလူထုပူးပေါင်းပါဝင်မှု မြှင့် တင်ရန်နှင့်နိုင်ငံသားအခွင့်အရေးများကို အကာအကွယ်ပေး မြှင့်တင်စေ ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီ စနစ်အား ကောင်းလာစေရန် (၂၀၁၃) ခုနှစ်တွင်  စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ဖြစ်စဉ်တွင်ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုနှင့်ပါဝင်မှုများမြင့်လာ စေရန်အဖွဲ့ အနေဖြင့်နိုင်ငံသား အခွင့်အရေးပညာပေးခြင်း၊ မဲပေးခြင်းဆိုင်ရာ ပညာပေးခြင်း ၊ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ  ပြုပြင်ပြောင်းလဲ ရေး များကိုအာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။