skip to Main Content
တိုင်းဒေသကြီး/ပြည်နယ်ညှိနှိုင်းရေးမှူး လျှောက်လွှာခေါ်ယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်ညှိနှိုင်းရေးမှူး လျှောက်လွှာခေါ်ယူခြင်း

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ ( PACE ) ၏ လုပ်ငန်းစဉ်များဖြစ်သော ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခြင်း၊ ရွေးကောက်ပွဲနှင့်မူဝါဒပြောင်းလဲမှုအတွက်ဆောင်ရွက်ခြင်း၊ လူထုသဘောထားအမြင်စစ်တမ်းများ ကောက်ယူခြင်း၊ မဲဆန္ဒရှင်အသိပညာပေးခြင်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ရန် တိုင်း​ဒေသကြီးနှင့် ပြည်နယ်ညှိနှိုင်းရေးမှူးနေရာ ၄ နေရာ လစ်လပ်လျက်ရှိ ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်ညှိနှိုင်းရေးမှူးများသည် အချိန်ပိုင်းဝန်ထမ်းများဖြစ်ပြီး တစ်ပတ်လျှင် ၂ရက်မှ ၃ရက်ခန့် တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။

လစ်လပ်နေသည့် နေရာများ

၁။ ချင်းပြည်နယ်ညှိနှိုင်းရေးမှူး၊ ဟားခါး၊ ချင်းပြည်နယ်

၂။ ကယားပြည်နယ်ညှိနှိုင်းရေးမှူး၊ လွိုင်ကော်၊ ကယားပြည်နယ်

၃။ ရန်ကုန်တိုင်းဒေသကြီးညှိနှိုင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး

၄။ ဧရာဝတီတိုင်းဒေသကြီးညှိနှိုင်းရေးမှူး၊ ပုသိမ်၊ ဧရာဝတီတိုင်းဒေသကြီး

 

စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖော်ပြပါ အီးမေးလ်လိပ်စာ [email protected] သို့ နိုဝင်ဘာ ၃၀ ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိလိုသည်များရှိပါက ဖုန်းနံပါတ် ၀၉ ၂၅၃၃၇၉၄၄၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ PACE ၏ လုပ်ငန်းအစီအစဉ် နှင့် ကိုက်ညီသူများကိုသာ ရွေးချယ်၍ လူတွေ့မေးမြန်းမှုအတွက် တစ်ပတ်အတွင်း ပြန်လည်ဆက်သွယ်သွားမည် ဖြစ်ပါ သည်။

လုပ်ငန်းတာဝန်များ

  • သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် PACE ၏ လုပ်ငန်းများအား တာဝန်ယူကူညီလုပ်ဆောင်ခြင်း
  • သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်အားပေးစေတနာ့ဝန်ထမ်းများ စုဆောင်း/စီမံခန့်ခွဲခြင်းများ ကို PACE ရန်ကုန်ရုံးအဖွဲ့နှင့် ညှိနှိုင်းလုပ်ဆောင်ခြင်း
  • PACE နှင့် PACE ၏ မိတ်ဖက်အဖွဲ့အစည်းများမှ ပို့ချသောသင်တန်းများအား တက်ရောက်ခြင်း
  • ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများပြုလုပ်ခြင်း
  • PACE၏ ကွန်ရက်ညှိနှိုင်းရေးမှူးထံ လစဉ်ဆောင်ရွက်မှုအစီရင်ခံစာတင်သွင်းခြင်း

 

လိုအပ်သည့်အရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှဘွဲ့ (သို့) ဒီပလိုမာ (သို့) အသိအမှတ်ပြုလွှာတစ်ခုခု ရရှိထားရမည်
  • မြန်မာနိုင်ငံသားဖြစ်ရမည်
  • အချိန်တိုအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်
  • အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် ရင်းနှီးမှုရှိရမည်
  • တာဝန်ထမ်းဆောင်ရာတွင် ဖြောင့်မတ်မှန်ကန်မှုရှိရမည်
  • အလုပ်တာဝန်ကို ထိရောက်မှုရှိအောင် စနစ်တကျစီမံလုပ်ဆောင်တတ်ရမည်

အဖွဲ့အစည်းနောက်ခံအကျဉ်း

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Election-PACE) သည် အစိုးရမဟုတ်သော လွတ်လပ်ပြီး အမှီအခို ကင်းသည့် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူ ပြည်သားများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ၎င်းတို့ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရေး တို့ကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အင်စတီကျုးရှင်း များ ပိုမိုအားကောင်းခိုင်မာလာရေးကို ရည်မှန်း ကာ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို တစိုက်မတ်မတ် လေ့လာပြီး၊ ပြည်သူ ပြည်သားအားလုံး ပါဝင်နိုင်မှု၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ရန်အတွက် ရွေးကောက်ပွဲနှင့် ပြည်သူ့နီတိဆိုင်ရာ အသိပညာ ပေးလုပ်ငန်း၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး ဆိုင်ရာလုပ်ငန်းတို့ကို အဓိကထား ဆောင်ရွက်ပါသည်။

လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လုပ်ငန်းများဆောင်ရွက်ရာ တွင် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်းပါ ပြဌာန်းချက်များနှင့်  အညီ လူမျိုး၊ ဘာသာ၊ ကျား-မ ခွဲခြားမှုမရှိစေပဲ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံပေါင်း (၇၅) နိုင်ငံမှ ဘက်မလိုက်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းပေါင်း (၁၆၀) က သဘောတူ လက်မှတ်ရေး ထိုးထားသည့် ” ဘက်မလိုက်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရမည့် ကမ္ဘာလုံးဆိုင်ရာ ကြေညာစာတမ်း (Declaration of Global Principles for Nonpartisan Election Observation and Monitoring by Citizen Organizations)” ကို ၂၀၁၄ ခုနှစ်တွင် ပါဝင် လက်မှတ်ရေး ထိုးခဲ့ပြီး GNDEM (the Global Network of Domestic Election Monitors) ၏ အဖွဲ့ဝင် လည်းဖြစ်ပါသည်။

Download
Back To Top