ရွေးကောက်ပွဲဆို င်ရာပြည်သူ့လှုပ်ရှား မှုအဖွဲ့ ( PACE ) ၏ လုပ်ငန်းစ ဉ်များဖြစ်သော ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခြင်း၊ ရွေးကောက်ပွဲနှ င့်မူဝါ ဒပြောင်းလဲ မှုအတွက်ဆောင်ရွက်ခြင်း၊ လူထုသဘောထား အမြင်စစ်တမ်းများ ကောက်ယူခြင်း၊ မဲဆန္ဒရှင်အသိပညာ ပေးခြင်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ညှိ နှိုင်းရေးမှူးနေရာ ၄ နေရာ လစ်လပ်လျက်ရှိ ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်ညှိနှိုင်းရေးမှူး များသည် အချိန်ပိုင်း ဝန်ထမ်းများဖြစ်ပြီး တစ်ပတ်လျှင် ၂ရက်မှ ၃ရက်ခန့် တာဝန်ထမ်း ဆောင်ရမည် ဖြစ်ပါသည်။
လစ်လပ်နေသည့် နေရာများ
၁။ ချင်းပြည်နယ်ညှိနှိုင်းရေးမှူး၊ ဟားခါး၊ ချင်းပြည်နယ်
၂။ ကယားပြည်နယ်ညှိနှိုင်းရေးမှူး၊ လွိုင်ကော်၊ ကယားပြည်နယ်
၃။ ရန်ကုန်တိုင်းဒေသကြီးညှိနှိုင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး
၎။ ဧရာဝတီတိုင်းဒေသကြီးညှိနှိုင်းရေးမှူး၊ ပုသိမ်၊ ဧရာဝတီတိုင်းဒေသကြီး
စိတ်ပါဝင်စား သူများအနေဖြင့် မိမိ၏ ကိုယ်ရေး အကျဉ်းနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖော်ပြပါ အီးမေးလ်လိပ်စာ [email protected] သို့ နိုဝင်ဘာ ၃၀ ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားနိုင်ပါသည်။ ထပ်မံသိလိုသည်များရှိပါက ဖုန်းနံပါတ် ၀၉ ၂၅၃၃၇၉၄၄၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ PACE ၏ လုပ်ငန်းအစီအစဉ် နှင့် ကိုက်ညီသူများကိုသာ ရွေးချယ်၍ လူတွေ့မေးမြန်းမှုအတွက် တစ်ပတ်အတွင်း ပြန်လည်ဆက်သွယ်သွားမည် ဖြစ်ပါ သည်။
လုပ်ငန်းတာဝန်များ
• သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် PACE ၏ လုပ်ငန်းများအား တာဝန်ယူကူညီလုပ်ဆောင်ခြင်း
• သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်အားပေးစေတနာ့ဝန်ထမ်းများ စုဆောင်း/စီမံခန့်ခွဲခြင်းများ ကို PACE ရန်ကုန်ရုံးအဖွဲ့နှင့် ညှိနှိုင်းလုပ်ဆောင်ခြင်း
• PACE နှင့် PACE ၏ မိတ်ဖက်အဖွဲ့အစည်းများမှ ပို့ချသောသင်တန်းများအား တက်ရောက်ခြင်း
• ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများပြုလုပ်ခြင်း
• PACE၏ ကွန်ရက်ညှိနှိုင်းရေးမှူးထံ လစဉ်ဆောင်ရွက်မှုအစီရင်ခံစာတင်သွင်းခြင်း
လိုအပ်သည့်အရည်အချင်းများ
• တက္ကသိုလ်တစ်ခုခုမှဘွဲ့ (သို့) ဒီပလိုမာ (သို့) အသိအမှတ်ပြုလွှာတစ်ခုခု ရရှိထားရမည်
• မြန်မာနိုင်ငံသားဖြစ်ရမည်
• အချိန်တိုအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်
• အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် ရင်းနှီးမှုရှိရမည်
• တာဝန်ထမ်းဆောင်ရာတွင် ဖြောင့်မတ်မှန်ကန်မှုရှိရမည်
• အလုပ်တာဝန်ကို ထိရောက်မှုရှိအောင် စနစ်တကျစီမံလုပ်ဆောင်တတ်ရမည်