This page is in Burmese as the civic education materials are in Burmese

ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူ့နီတိသင်ခန်းစာများသည် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ရေးသားထားသော ပြည်သူ့နီတိသင်ခန်းစာများ ဖြစ်ပါသည်။
(၁) ပြည်သူလူထု၏ နိုင်ငံရေးအသိပညာကို ဖော်ထုတ်အားပေးရန်နှင့် တိုးမြှင့်ပေးနိုင်ရန်
(၂) နိုင်ငံသားဖြစ်မှုကို ချဉ်းကပ်ရာတွင် မတူကွဲပြားမှုကို လက်ခံပြီး လွတ်လပ်မှုနှင့် တရားမျှတမှုကို အခြေပြုသည့် စံနှုန်းများကို ထည့်သွင်းစဉ်းစားလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဤသင်ခန်းစာများကို ရေးသားပြုစုထားခြင်းဖြစ်ပါသည်။
ပါဝင်သည့် သင်ခန်းစာ အကြောင်းအရာများ
နိုင်ငံရေးဆိုတာဘာလဲ
ဒီမိုကရေစီရဲ့ အခြေခံတွေက ဘာတွေလဲ
ဒီမိုကရေစီအသွင်ကူးပြောင်းမှု
ဒီမိုကရေစီနိုင်ငံရေး၏ အတားအဆီးများ
ဒီမိုကရေစီနှင့် သဟဇာတဖြစ်သော စံနှုန်းများ

ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်းကို ဖြည့်စွက်တည်းဖြတ်မှုများ ပြုလုပ်ဆဲဖြစ်ပါသည်။ ပြီးစီးပါက ဤစာမျက်နှာတွင် တင်ပြပေးသွားမည်ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းမှ အကြောင်းအရာများကို သရုပ်ဖော်တင်ဆက်ထားသည့် Animation video များကို အောက်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှု
ဒီမိုကရေစီအသွင်ကူးပြောင်းမှုအကြောင်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပုံစံ ၃ မျိုးအကြောင်းကို လေ့လာရာတွင် အထောက်အကူဖြစ်စေရန် ဤ animation video ကို ဖန်တီးထားပါသည်။ မြန်မာဘာသာစကားဖြင့်သာမက တိုင်းရင်းသားဘာသာစကား ၉ မျိုးဖြင့်ပါ ကြည့်ရှုလေ့လာနိုင်ပါသည်။
လူမှုတရားမျှတမှု
ဤ animation video တွင် လူမှုတရားမျှတမှုအကြောင်းနှင့် သဘောတရားများ၏ အခြေခံကို လွယ်ကူစွာ နားလည်နိုင်စေရန် မိတ်ဆက်ရှင်းလင်းထားပါသည်။ တိုင်းရင်းသားဘာသာစကား video များကို ဖန်တီးနေဆဲဖြစ်ပြီး ပြီးစီးပါက PACE ၏ YouTube Channel နှင့် ဤစာမျက်နှာတို့တွင် တင်ပြပေးသွားမည်ဖြစ်ပါသည်။
လူမှုတရားမျှတမှု၏ အခြေခံစည်းမျဉ်းများ
ဤ animation video တွင် လူမှုတရားမှုတမှုကို ဖော်ဆောင်ရာ၌ ဂရုပြုထိန်းသိမ်းလိုက်နာရမည့် အခြေခံစည်းမျဉ်းများအကြောင်းကို ရှင်းလင်းတင်ဆက်ထားပါသည်။ တိုင်းရင်းသားဘာသာစကား video များကို ဖန်တီးနေဆဲဖြစ်ပြီး ပြီးစီးပါက PACE ၏ YouTube Channel နှင့် ဤစာမျက်နှာတို့တွင် တင်ပြပေးသွားမည်ဖြစ်ပါသည်။
ဗဟုဝါဒ
ဤ animation video တွင် ဗဟုဝါဒပေါ်ပေါက်လာပုံနှင့် ဗဟုဝါဒအတွေးအခေါ်၏ အခြေခံများအကြောင်းကို ရှင်းလင်းတင်ဆက်ထားပါသည်။ တိုင်းရင်းသားဘာသာစကား video များကို ဖန်တီးနေဆဲဖြစ်ပြီး ပြီးစီးပါက PACE ၏ YouTube Channel နှင့် ဤစာမျက်နှာတို့တွင် တင်ပြပေးသွားမည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်
ဤ animation video တွင် ဒီမိုကရေစီစနစ်နှင့် အခြားနိုင်ငံရေးစနစ်များအကြား ကွဲပြားမှုများကို နှိုင်းယှဉ်ပြီး ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရားများကို ရှင်းလင်းတင်ဆက်ထားပါသည်။ တိုင်းရင်းသားဘာသာစကား video များကို ဖန်တီးနေဆဲဖြစ်ပြီး ပြီးစီးပါက PACE ၏ YouTube Channel နှင့် ဤစာမျက်နှာတို့တွင် တင်ပြပေးသွားမည်ဖြစ်ပါသည်။