PACE နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

နောက်ခံအကျဉ်း

ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ People’s Alliance for Credible Elections (PACE)သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရ မဟုတ်သော ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသည့် အဖွဲ့ဖြစ်သည်။

Cropped Logo Mark.pngCropped Logo Mark.png

ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ပါဝင်ခွင့် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံသားအခွင့်အရေးအသိပညာပေးခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်လျှက် ရှိပါသည်။

PACE နှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲစောင်ကြည့်လေ့လာမှု
2015 Elections 1 Ed2015 Elections 1 Ed

မြန်မာနိုင်ငံ သမိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပထမဆုံး တရားဝင် စောင့်ကြည့် လေ့လာခွင့် ရသည့် ရွေးကောက်ပွဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အရပ်ဘက် အဖွဲ့အစည်း ၅၂ ဖွဲ့မှ စောင့်ကြည့်လေ့လာသူ ၁၁,၄၄၅ ယောက်အား စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြု ကဒ်များကို ထုတ်ပေးခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် PACE အဖွဲ့မှ ဘက်လိုက်မှု ကင်းသော စောင့်ကြည့်လေ့လာသူ ၂ ယောက်စီသည် ကျပန်း နမူနာ ရွေးနုတ် ထားသည့် မဲရုံ ၄၄၀ ကို နမူနာ အခြေပြု စောင့်ကြည့်လေ့လာမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် စောင့်ကြည့် လေ့လာခဲ့သည်။ ထို႔အပြင် စောင့်ကြည့်လေ့လာသူ ၂ ယောက်စီကိုလည်း နိုင်ငံ အနှံအပြားရှိ မဲရုံ ၅၅၀ တွင် စောင့်ကြည့်လေ့လာရန် တာဝန်ပေးခဲ့ပါသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် နေ့နံနက် ၅ နာရီမှ နောက်တစ်နေ့ နေ့လည်အထိ PACE အဖွဲ့၏ စောင့်ကြည့်လေ့လာသူများသည် မဲရုံမဖွင့်လှစ်ခင် အချိန်မှစ၍ မဲရုံအား ပြင်ဆင်မှု၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ထုတ်ပြန် ကြေညာခြင်း နှင့် မဲရလဒ်များ မဲရုံတွင် ကပ်ထားခြင်း များကိုလည်း စောင့်ကြည့် လေ့လာခဲ့ ပါသည်။ တွေ့ရှိမှု အချက် အလက်ပေါင်း ၁၈,၉၀ဝ ကျော်ကို ရန်ကုန်ရှိ အချက်အလက်စင်တာ မှ အော်ပရေတာ ၆၀ ကျော်နှင့် PACEဝန်ထမ်းများထံ တယ်လီဖုန်း များဖြင့် အစီရင်ခံ သတင်း ပေးပို့ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ရလဒ်များ ထုတ်ပြန် မကြေညာခင် နှင့် မဲရုံများ ပိတ်ပြီးသည့်အချိန်နောက်ပိုင်း PACE အဖွဲ့ အနေဖြင့် ကောက်ယူရရှိ ထားသော အချက်အလက် များကို အချိန်မှီ သရုတ်ခွဲစမ်းစစ်၍ တွေ့ရှိချက်များကို ၂၄ နာရီ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နိုင်ခဲ့ပါသည်။

PACE အဖွဲ့၏ထူးခြားသော လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံသားများ နှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများအား စာရင်းအင်း နည်းပညာ အရ တစ်နိုင်ငံလုံးကို ကိုယ်စား ပြုနိုင်သော ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

2015 Election 22015 Election 2
PACE စောင့်ကြည့်လေ့လာသည့်နယ်မြေ

သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ညှိနှိုင်းရေးမှူး ၁၇ ဦး သည် ကာလရှည်စောင့်ကြည့် လေ့လာသူများ နှင့်ကာလတို စောင့်ကြည့် လေ့လာသူများကို သင်တန်းပေးခြင်းနှင့်အနီးကပ်ကြီးကြပ်သူ များအဖြစ် တာဝန်ယူခဲ့ပါသည်။

ကာလရှည် စောင့်ကြည့်လေ့လာသူ ၁၃၀ ယောက်သည် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း၆၀ ကို စောင့်ကြည့်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲနေ့ တွင်လည်း ကာလတိုစောင့်ကြည့်လေ့လာသူများ၏ ကြီးကြပ်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဂရပ်ပုံသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် စာရင်းအင်းနည်းပညာဖြင့် နမူနာရွေးထုတ် ထားသည့် မဲရုံ ၄၄၀ ရုံတွင် ကာလတို စောင့်ကြည့်လေ့လာသူ ၈၈၀ ယောက်ကို PACE အဖွဲ့မှ စောင့်ကြည့်လေ့လာရန်ခန့် အပ်ထားမှုအပေါ် မူတည် ရေးဆွဲထားခြင်းဖြစ်သည်။ ထို့အပြင် မြို့နယ် တိုင်း၏ မဲရုံ ၅၅၀ တွင်လည်း စောင့်ကြည့် လေ့လာသူ ၂ယောက်စီ ခန့်အပ် တာဝန်ပေးကာ စောင့်ကြည့် လေ့လာစေခဲ့သည်။

2015 Election32015 Election3
Map2Map2
ရွေးကောက်ပွဲ အကြိုကာလ စောင့်ကြည့်လေ့လာရေး
obs
မဲဆွယ်စည်းရုံးရေးကာလစောင့်ကြည့်လေ့လာခြင်း

PACE သည် ကာလရှည်စောင့် ကြည့်လေ့လာသူ ၁၃၀ ယောက်ကို ထားရှိကာ မဲဆွယ်စည်းရုံး ရေးကာလ ဖြစ်သည့် ရက်ပေါင်း ၆၀ အတွင်း ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်နိုင်ခဲ့သည့်အပြင် မဲဆွယ် စည်းရုံးရေး ပွဲများကိုလည်း စောင့် ကြည့်လေ့လာနိုင်ခဲ့သည်။

မဲဆွယ်စည်းရုံးမှုစောင့်ကြည့်လေ့လာခြင်း ကနဦးလေ့လာတွေ့ရှိချက်များ၊ Press Release

vote_list

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ်သော ကနဦးမဲဆန္ဒရှင် စာရင်း ပြင်ဆင်ဖြည့်စွက် ခြင်း လုပ်ငန်းစဉ်တွင် PACE အဖွဲ့မှလည်း ၄င်းတို့၏ရှေ့ပြေးစောင့်ကြည့် လေ့လာမှုကိုစတင် ပြုလုပ် ခြင်းဖြင့် စမ်းသပ်အကောင်အထည်ဖော်ခဲ့ သည်။ ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ကာလရှည်စောင့် ကြည့်လေ့လာသူ အယောက် ၁၁၀ ယောက်ကို မဲစာရင်းကြေညာပြသသည့် နေရာ ၈၆၈ နေရာသို့ စေလွှတ်၍ မဲဆန္ဒရှင် စာရင်း ကြေညာပြသမှု အား ရက်သတ္တပတ် ၂ ပတ် ကြာ စောင့် ကြည့်လေ့လာခဲ့သည်။

မဲဆန္ဒရှင်စာရင်း ကြေညာပြသမှု လေ့လာတွှေ့ရှိချက်များ နှင့်ပတ်သက်သည့် မီဒီယာသတင်းထုတ်ပြန်ချက် Press Release

ideach_col

၂၀၁၅ ခုနှစ် မေလတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ရွေးကောက်ပွဲအပေါ်သိရှိမှုကို တိုင်းတာရန် နှင့် ပိုမိုကျယ်ပြန့်သော ရွေးကောက်ပွဲစောင့် ကြည့်လေ့လာမှု လုပ်ငန်းစဉ်များအတွက် လိုအပ်သော သတင်းအချက်အလက် များဖြစ်သည့်တိုင်းပြည်၏ ပထဝီဒေသဆိုင်ရာ လိုအပ်ချက်များ နှင့် လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦများကို သိရှိနိုင်ရန်အတွက် PACE အဖွဲ့မှ စစ်တမ်းကောက်ယူသူများသည် နမူနာရွေး နုတ်ထားသည့် တစ်နိုင်ငံလုံးရှိ နေရာဒေသပေါင်း ၃၆၃ နေရာတွင် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပေါင်း ၃,ဝ၀ဝ ကျော် ဖြင့်စစ်တမ်းကောက်ယူမှုကို ဆောင်ရွက်ခဲ့ပါသည်။

Voter List Registration Pilot Project Observation (July 2014)

အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အပြီးသတ် အစီအရင်ခံစာ ၂၀၁၅
mmreport_2015