skip to Main Content

PACE နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

နောက်ခံအကျဉ်း

ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ People’s Alliance for Credible Elections (PACE)သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရ မဟုတ်သော ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသည့် အဖွဲ့ဖြစ်သည်။

ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ ပါဝင်ခွင့် ပိုမို တိုးတက်မြင့်မား လာစေရန်၊ နိုင်ငံသား အခွင့်အရေး အသိပညာပေးခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်လျှက် ရှိပါသည်။

PACE နှင့်၂၀၁၅ အထွေထွေရွေးကောက်ပွဲစောင်ကြည့်လေ့လာမှု

မြန်မာနိုင်ငံ သမိုင်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပထမဆုံး တရားဝင် စောင့်ကြည့် လေ့လာခွင့် ရသည့် ရွေးကောက်ပွဲ ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အရပ်ဘက် အဖွဲ့အစည်း ၅၂ ဖွဲ့မှ စောင့်ကြည့် လေ့လာသူ ၁၁,၄၄၅ ယောက်အား စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြု ကဒ်များကို ထုတ်ပေးခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် PACE အဖွဲ့မှ ဘက်လိုက်မှု ကင်းသော စောင့်ကြည့်လေ့လာသူ ၂ ယောက်စီသည် ကျပန်း နမူနာ ရွေးနုတ် ထားသည့် မဲရုံ ၄၄၀ ကို နမူနာ အခြေပြု စောင့်ကြည့်လေ့လာမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် စောင့်ကြည့် လေ့လာခဲ့သည်။ ထို့အပြင် စောင့်ကြည့်လေ့လာသူ ၂ ယောက်စီကိုလည်း နိုင်ငံ အနှံအပြားရှိ မဲရုံ ၅၅၀ တွင် စောင့်ကြည့် လေ့လာရန် တာဝန်ပေးခဲ့ပါသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့် နေ့နံနက် ၅ နာရီမှ နောက်တစ်နေ့ နေ့လည်အထိ PACE အဖွဲ့၏ စောင့်ကြည့်လေ့လာသူများသည် မဲရုံမဖွင့်လှစ်ခင် အချိန်မှစ၍ မဲရုံအား ပြင်ဆင်မှု၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ထုတ်ပြန် ကြေညာခြင်း နှင့် မဲရလဒ်များ မဲရုံတွင် ကပ်ထားခြင်း များကိုလည်း စောင့်ကြည့် လေ့လာခဲ့ ပါသည်။ တွေ့ရှိမှု အချက် အလက်ပေါင်း ၁၈,၉၀ဝ ကျော်ကို ရန်ကုန်ရှိ အချက်အလက်စင်တာ မှ အော်ပရေတာ ၆၀ ကျော်နှင့် PACEဝန်ထမ်းများထံ တယ်လီဖုန်း များဖြင့် အစီရင်ခံ သတင်း ပေးပို့ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ရလဒ်များ ထုတ်ပြန် မကြေညာခင် နှင့် မဲရုံများ ပိတ်ပြီးသည့်အချိန်နောက်ပိုင်း PACE အဖွဲ့ အနေဖြင့် ကောက်ယူရရှိ ထားသော အချက်အလက် များကို အချိန်မှီ သရုတ်ခွဲစမ်းစစ်၍ တွေ့ရှိချက်များကို ၂၄ နာရီ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နိုင်ခဲ့ပါသည်။

PACE အဖွဲ့၏ထူးခြားသော လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံသားများ နှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများအား စာရင်းအင်း နည်းပညာ အရ တစ်နိုင်ငံလုံးကို ကိုယ်စား ပြုနိုင်သော ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

PACE စောင့်ကြည့်လေ့လာသည့်နယ်မြေ

သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ညှိနှိုင်းရေးမှူး ၁၇ ဦး သည် ကာလရှည်စောင့်ကြည့် လေ့လာသူများ နှင့်ကာလတို စောင့်ကြည့် လေ့လာသူများကို သင်တန်းပေးခြင်းနှင့်အနီးကပ်ကြီးကြပ်သူ များအဖြစ် တာဝန်ယူခဲ့ပါသည်။

ကာလရှည် စောင့်ကြည့်လေ့လာသူ ၁၃၀ ယောက်သည် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း၆၀ ကို စောင့်ကြည့်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲနေ့ တွင်လည်း ကာလတိုစောင့်ကြည့်လေ့လာသူများ၏ ကြီးကြပ်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဂရပ်ပုံသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် စာရင်းအင်းနည်းပညာဖြင့် နမူနာရွေးထုတ် ထားသည့် မဲရုံ ၄၄၀ ရုံတွင် ကာလတို စောင့်ကြည့်လေ့လာသူ ၈၈၀ ယောက်ကို PACE အဖွဲ့မှ စောင့်ကြည့်လေ့လာရန်ခန့် အပ်ထားမှုအပေါ် မူတည် ရေးဆွဲထားခြင်းဖြစ်သည်။ ထို့အပြင် မြို့နယ် တိုင်း၏ မဲရုံ ၅၅၀ တွင်လည်း စောင့်ကြည့် လေ့လာသူ ၂ယောက်စီ ခန့်အပ် တာဝန်ပေးကာ စောင့်ကြည့် လေ့လာစေခဲ့သည်။

ရွေးကောက်ပွဲ အကြိုကာလ စောင့်ကြည့်လေ့လာရေး
obs
မဲဆွယ်စည်းရုံးရေးကာလစောင့်ကြည့်လေ့လာခြင်း

PACE သည် ကာလရှည်စောင့် ကြည့်လေ့လာသူ ၁၃၀ ယောက်ကို ထားရှိကာ မဲဆွယ်စည်းရုံး ရေးကာလ ဖြစ်သည့် ရက်ပေါင်း ၆၀ အတွင်း ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်နိုင်ခဲ့သည့်အပြင် မဲဆွယ် စည်းရုံးရေး ပွဲများကိုလည်း စောင့် ကြည့်လေ့လာနိုင်ခဲ့သည်။

vote_list

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ်သော ကနဦးမဲဆန္ဒရှင် စာရင်း ပြင်ဆင်ဖြည့်စွက် ခြင်း လုပ်ငန်းစဉ်တွင် PACE အဖွဲ့မှလည်း ၄င်းတို့၏ရှေ့ပြေးစောင့်ကြည့် လေ့လာမှုကိုစတင် ပြုလုပ် ခြင်းဖြင့် စမ်းသပ်အကောင်အထည်ဖော်ခဲ့ သည်။ ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ကာလရှည်စောင့် ကြည့်လေ့လာသူ အယောက် ၁၁၀ ယောက်ကို မဲစာရင်းကြေညာပြသသည့် နေရာ ၈၆၈ နေရာသို့ စေလွှတ်၍ မဲဆန္ဒရှင် စာရင်း ကြေညာပြသမှု အား ရက်သတ္တပတ် ၂ ပတ် ကြာ စောင့် ကြည့်လေ့လာခဲ့သည်။

ideach_col

၂၀၁၅ ခုနှစ် မေလတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ပြည်သူများ၏ ရွေးကောက်ပွဲအပေါ်သိရှိမှုကို တိုင်းတာရန် နှင့် ပိုမိုကျယ်ပြန့်သော ရွေးကောက်ပွဲစောင့် ကြည့်လေ့လာမှု လုပ်ငန်းစဉ်များအတွက် လိုအပ်သော သတင်းအချက်အလက် များဖြစ်သည့်တိုင်းပြည်၏ ပထဝီဒေသဆိုင်ရာ လိုအပ်ချက်များ နှင့် လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦများကို သိရှိနိုင်ရန်အတွက် PACE အဖွဲ့မှ စစ်တမ်းကောက်ယူသူများသည် နမူနာရွေး နုတ်ထားသည့် တစ်နိုင်ငံလုံးရှိ နေရာဒေသပေါင်း ၃၆၃ နေရာတွင် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုပေါင်း ၃,ဝ၀ဝ ကျော် ဖြင့်စစ်တမ်းကောက်ယူမှုကို ဆောင်ရွက်ခဲ့ပါသည်။

 

database-search-2797375_640
ရွေးကောက်ပွဲနေ့ကနဦးအစီရင်ခံစာ

မဲရုံဖွင့်လှစ်ခြင်း၊ မဲထည့်ခြင်းနှင့် ရေတွက်ခြင်းဖြစ်စဉ်ကို စောင့်ကြည့် လေ့လာနိုင်ရန် PACEအဖွဲ့အနေဖြင့် စောင့်ကြည့်ေ လ့လာ သူများကို တစ်နိုင်ငံ လုံးသို့ စေလွှတ်ခဲ့ပါသည်။ ခြုံငုံသုံးသပ်ရလျှင် ရွေးကောက်ပွေဲ န့ဖြစ်စဉ်မှာ တည်ငြိမ်ပြီး မဲဆန္ဒရှင်များ မဲထည့်ခွင့် ရရှိခဲ့ကြသည်ဟု ဆိုရပါမည်။ မဲရုံအများစုမှာ သတ်မှတ်ထားသည့် အချိန်အတိုင်း ဖွင့်လှစ်ခဲ့ကြ ပြီး မဲရုံ၏ အပြင်အဆင်မှာ မဲဆန္ဒရှင်အများစု အတွက် အဆင်ပြေချောမွေ့သည်ကို တွေ့ရပါသည်။ မဲရုံများတွင် ခြိမ်းခြောက်မှုများ အနည်းငယ်သာတွေ့ရသည်။ မဲရုံဖွင့်ချိန်တွင် ဝင်ရောက်ခွင့်ရရန် အခက်အခဲများရှိခဲ့သော်လည်းေ ယဘူယျအားဖြင့် စောင့်ကြည့်လေ့လာသူများအနေဖြင့် ရွေးကောက်ပြွဲ ဖစ်စဉ်ကို စောင့်ကြည့်လေ့လာခွင့် ရခဲ့ကြပါ သည်။ နိုင်ငံရေးပါတီမှ မဲရုံကိုယ်စားလှယ်များ မဲရုံတော်တော်များများတွင် ရှိနေကြသည်ကို တွေ့ရပါသည်။

if_search_318584

နိုဝင်ဘာလ (၈)ရက် (ရွေးကောက်ပွဲနေ့)တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မဲရုံများကို စောင့်ကြည့်လေ့လာ ရန်အတွက် PACEအဖွဲ့မှ စောင့်ကြည့်လေ့လာသူကို နေရာဖြန့်ချထားပြီးဖြစ်သည်။ လက်ခံရရှိ ထားပြီးသော အစီရင်ခံ မှုများအရ PACEအဖွဲ့မှ စောင့်ကြည့်လေ့လာ သူအများ စုသည် မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာ မှုများ ပြုလုပ် နိုင်ခဲ့ကြပါသည်။ မဲရုံများအတွင်းတွင် လူများ များပြားနေသောကြောင့် မဲရုံအတွင်းမှ ထွက်ခွာသွားရန် ဖိအားပေး ခံရခြင်း၊ မဲပေးမှု မစတင်ခင် မဲရုံအတွင်းသို့ ၀င်ရောက် ခွင့်မပြုခြင်းနှင့် စောင့်ကြည့်လေ့လာမှု မှတ်တမ်းပုံစံများ အသုံးပြုခွင့် မပြုခြင်း အစရှိသည့် တာဆီးမှုများ ကို ခံခဲ့ရသည့် အဖွဲ့၏ စောင့်ကြည့်လေ့လာနေသူများထံမှ အစီရင်ခံမှုတချို့ကို PACEအဖွဲ့အနေဖြင့် လက်ခံရရှိပြီးဖြစ်ပါသည်။ ယခုအချိန်တွင်မူ PACEအဖွဲ့မှ စောင့်ကြည့် လေ့လာသူများသည် မဲရုံများအတွင်း ၀င်ရောက်လေ့လာနိုင်ကြပြီ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်အဆင့်ဆင့်ကို ရရှိခဲ့သော်လည်း ကိုကိုးကျွန်းမြို့နယ်သို့ ခရီး သွားရောက်ခွင့် ကန့်သတ်ခံထားရသဖြင့် PACEအဖွဲ့ အနေဖြင့် ကိုကိုးကျွန်းမြို့နယ်မှ မဲရုံများကိုသွားရောက် စောင့် ကြည့်လေ့လာခွင့် မရခဲ့ပါ။

PACE အဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲဖြစ်စဉ်မှာ ပွင့်လင်းမြင်သာမှု အပြည့်အ၀ရှိစေဖို့အတွက် စောင့် ကြည့်လေ့လာသူများအား လုံလောက်တဲ့ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်”ဟု ဆိုပါသည်။မဲဆန္ဒရှင်များအနေနှင့် ပါဝင်ခွင့်ရရှိပြီး မဲပေးမှုဖြစ်စဉ်သည် ဆက်လက် တည်ငြိမ်အေးချမ်းနေမည်ဟု PACEအဖွဲ့ အနေဖြင့် မျှော်လင့်ပါသည်။

အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အပြီးသတ် အစီအရင်ခံစာ ၂၀၁၅
mmreport_2015
Back To Top