PACE နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

နောက်ခံအကျဉ်း

ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ People’s Alliance for Credible Elections (PACE)သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရ မဟုတ်သော ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသည့် အဖွဲ့ဖြစ်သည်။

Cropped Logo Mark.pngCropped Logo Mark.png

ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ပါဝင်ခွင့် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံသားအခွင့်အရေးအသိပညာပေးခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်း လဲရေးကို ဆောင်ရွက်လျှက် ရှိပါသည်။

PACE နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

2017 Election 1 8002017 Election 1 800

ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် PACE အဖွဲ့မှ ဘက်လိုက်မှု ကင်းသော စောင့်ကြည့်လေ့လာသူ (၅၅၀)ကျော်ကို ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည့် မြို့နယ်များမှ နမူနာရွေးနုတ်ထားသည့် မဲရုံ (၃၀၁) ရုံသို့ စေလွှတ်ထားခဲ့ပါသည်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့်နေ့နံနက်()နာရီမှ နောက် တစ်နေ့ နေ့လည်အထိ PACE စောင့်ကြည့်လေ့လာသူများသည် မဲရုံ မဖွင့်လှစ်ခင် အချိန်တွင် မဲရုံပြင်ဆင်မှု၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း နှင့် မဲရလဒ် ထုတ်ပြန် ကြေညာခြင်း၊ ရလဒ်များကို မဲရုံတွင်ကပ်ထား ခြင်းများကို စောင့်ကြည့် လေ့လာခြင်းများမှ တွေ့ရှိချက် အချက် အလက်ပေါင်း (၁၈,၀၀၀) ကို သတင်းအချက်အလက်စင်တာ လုပ်အားပေးသူ (၆၀)ကျော်ထံ အစီရင်ခံ သတင်းပေးပို့ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် မကြေညာခင် မဲရုံများ ပိတ်ပြီးသည့် နောက်ပိုင်း PACE အဖွဲ့အနေဖြင့် ကောက်ယူထားသော အချက်အလက်များကို အချိန်မှီ ဆန်းစစ်၍ တွေ့ရှိချက်များကို (၂၄) နာရီ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နိုင်ခဲ့ပါသည်။

PACE အဖွဲ့၏လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာ သူများအား စာရင်းအင်းနည်းပညာအရ ကိုယ်စား ပြုနိုင်သော သတင်း အချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

2017 Election 2 8002017 Election 2 800

PACE စောင့်ကြည့်လေ့လာသည့်နယ်မြေ

သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ညှိနှိုင်းရေးမှူးများမှ ကာလရှည် စောင့်ကြည့်လေ့လာသူများ နှင့် ကာလတိုစောင့်ကြည့် လေ့လာသူများကို သင်တန်းပေးခြင်း နှင့် အနီးကပ် ကြီးကြပ်သူများအဖြစ် ထားရှိခဲ့သည်။

ကာလရှည်စောင့်ကြည့်လေ့လာသူ (၂၂) ယောက်သည် မဲဆွယ်စည်းရုံးရေး ကာလရက်ပေါင်း (၆၀)ကို စောင့်ကြည့်လေ့လာခဲ့ကြပြီး ကြားဖြတ်ရွေးကောက်ပွဲနေ့တွင်လည်း ကာလတို စောင့်ကြည့်လေ့လာ သူများအတွက် ကြီးကြပ်သူများအဖြစ် ဆောင် ရွက်ခဲ့ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေရာများကို လွှမ်းခြုံကိုယ်စားပြုသည့် စာရင်းအင်း အခြေပြုနည်းစနစ်ဖြစ်သည့် နမူနာရွေးထုတ်နည်းဖြင့် ရွေးထုတ်ထား သည့် မဲရုံ (၃၀၁) ရုံတွင် ကာလတို စောင့်ကြည့်လေ့လာသူ (၆၀၂) ယောက်ကို PACEအဖွဲ့မှ စောင့်ကြည့်လေ့လာရန် ခန့်အပ်ထားခဲ့သည်။

Master TrainingMaster Training
Map CropMap Crop

ရွေးကောက်ပွဲအကြိုကာလစောင့်ကြည့်လေ့လာရေး

List

မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

 PACE မှ ကာလရှည်စောင့်ကြည့်လေ့လာသူ (၂၂) ယောက်ထားရှိကာ မဲဆွယ်စည်းရုံး ရေးကာလဖြစ်သည့် ရက်ပေါင်း (၆၀) အတွင်း ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ် နိုင်ခဲ့သည့် အပြင် မဲဆွယ်စည်းရုံးရေး ပွဲများကိုလည်း စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။

မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

Vote List

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းကို အခြေခံကာ PACE မှ စောင့်ကြည့်လေ့လာသူ အယောက် (၃၀) ကို မဲစာရင်း ကြေညာပြသသည့်နေရာများသို့ စေလွှတ်၍ မဲဆန္ဒရှင်စာရင်းကြေညာပြသမှုအား ရက်သတ္တပတ် ()ပတ် စောင့်ကြည့်လေ့လာခဲ့သည်။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း

Obs

မဲဆန္ဒရှင်စာရင်း နှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းဖြစ်စဉ်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင် လေ့လာမှုစစ်တမ်း

၂၀၁၇ ခုနှစ် ဇန်နဝါရီလ တွင် PACE မှ စစ်တမ်းကောက်ယူသူများ ခန့်အပ်ပြီး ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့်ဒေသများမှ ကျေးရွာနှင့် ရပ်ကွက်များကို နမူနာရွေးထုတ်ကာ မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုပေါင်း (၈၀ဝ) ကျော်ဖြင့် မဲဆန္ဒရှင်စာရင်း နှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း ဖြစ်စဉ်အပေါ် နိုင်ငံသားများ၏ သိရှိမှုကို တိုင်းတာခဲ့သည်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်းလေ့လာမှု စစ်တမ်းကနဦးအစီရင်ခံစာ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ
MM_cover