လှိုင်သာယာစက်မှုဇုန် ရွှေ့ပြောင်းလုပ်သားများ၏ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်ဆန်းစစ်လေ့လာမှု
ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လအတွင်းက ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အနေနဲ့ လှိုင်သာယာစက်မှုဇုန်က ပြည်တွင်းရွှေ့ပြောင်းလုပ်သားများရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များကို သိရှိနိုင်ဖို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲမတိုင်မီမှာ ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကာလ အကန့်အသတ်များနဲ့ PACEရဲ့ စောင့်ကြည့်လေ့လာခွင့် ကိစ္စရပ်များကြောင့် အခက်အခဲရှိခဲ့ပြီး ယခုအချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်ပါတယ်။ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအရေအတွက်၊ လုပ်သားအရေအတွက်စာရင်းအပြည့်အစုံမရရှိနိုင်ခြင်း၊ စစ်တမ်းဖြေဆိုသူရွေးချယ်မှုနည်းစနစ် အကန့်အသတ်ရှိခြင်းတို့ကြောင့် စက်ရုံလုပ်သားများအားလုံးရဲ့ သဘောထားအမြင်ကို ကိုယ်စားပြုနိုင်ခြင်းမရှိပေမယ့် နောင်ပြုလုပ်မယ့် ဆန်းစစ်လေ့လာမှုများအတွက် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ တွေ့ရှိချက်အစီရင်ခံစာကို ဒေါင်းလုဒ်ရယူရန်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed