ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်ဆန်းစစ်လေ့လာမှု
ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလအတွင်းက ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ ဒေသ ၅ ခုက မြန်မာလုပ်သားများရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များကို သိရှိနိုင်ဖို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တွေ့ရှိချက်တွေကို ရွေးကောက်ပွဲမတိုင်မီမှာ ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကာလ အကန့်အသတ်များနဲ့ PACEရဲ့ စောင့်ကြည့်လေ့လာခွင့် ကိစ္စရပ်များကြောင့် အခက်အခဲရှိခဲ့ပြီး ယခုအချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရရှိမှုနဲ့ ဆန်းစစ်လေ့လာမှု ပြုလုပ်တဲ့ နည်းစနစ်မှာ အကန့်အသတ်တွေရှိခဲ့တာကြောင့် ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ပေမယ့် မြန်မာလုပ်သားများရဲ့ မဲပေးခွင့်အတားအဆီးများနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာမှုများပြုလုပ်ရာမှာ အထောက်အကူတစ်ခုဖြစ်ဖို့ ယုံကြည်ပါတယ်။ တွေ့ရှိချက်အစီရင်ခံစာကို ဒေါင်းလုဒ်ရယူရန်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed