ဖိုရမ်နောက်ခံအကျဉ်း
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃- ၁၄ ရက်
ရန်ကုန်
ရွေးကောက်ပွဲကို ပြည်သူလူထုက ပိုင်ဆိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတန်းနှင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ ပြဌာန်းချက်များအရ ဒီမိုကရက်တစ်ရွေးကောက်ပွဲတစ်ခု၏ အခြေခံလိုအပ်ချက် မှာ နိုင်ငံသားအားလုံးပါဝင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ပင်ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သော ၂၀၁၅ အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများသည် ယေဘုယျအားဖြင့် တည်ငြိမ်ပြီး အများယုံကြည်ရသည့် ရွေးကောက်ပွဲများ ဖြစ်သည် ဟု ဆိုနိုင်ပါသည်။ သို့သော် နိုင်ငံသားအားလုံးပါဝင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုနှင့် ပတ်သက်လျှင်မူ ဥပဒေမူဘောင် ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်နေသည်ကိုတွေ့ရပါသည်။
ဥပမာအားဖြင့် ကော်မရှင်၏ လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ တာဝန်နှင့် အရည်အချင်းသတ်မှတ်ချက်တို့မှာ နိုင်ငံသားများ၏ ပါဝင်ခွင့် နှင့် တာဝန်ခံမှုအတွက် မေးခွန်းထုတ်စရာပင်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်လျှင်လည်း လက်ရှိမဲဆန္ဒရှင်စာရင်း၏ အရည် အသွေးနှင့် မှန်ကန်မှုတို့မှာ ရွေးကောက်ပွဲဖြစ်စဉ်၏ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုတို့အတွက် အဓိကစိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ထို့ပြင် မဲဆွယ်စည်းရုံးမှုဆိုင်ရာ အသုံးစရိတ်သတ်မှတ်ရာတွင် မဲဆန္ဒနယ်အရွယ်အစားအပါ်အခြေမခံဘဲ တစ်သတ်မတ်တည်း သတ် မှတ်ထားခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် ထည့်ဝင်လှုဒါန်းနိုင်သည့် အမြင့်ဆုံးပမာဏ သတ်မှတ်ချက် မရှိခြင်းတို့မှာ ရွေးကောက်ပွဲဖြစ်စဉ်၏ မျှတမှုနှင့် အရွေးချယ်ခံကိုယ်စားလှယ်၏ လွတ်လပ်မှု၊ အမှီအခိုကင်းမှုတို့အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖော်ရမည့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပင်ဖြစ်သည်။ ထို့အပြင် ပြည်သူ လွှတ်တော်မဲဆန္ဒနယ်များ၏ အရွယ်အစားများတစ်ခုနှင့် တစ်ခုကွာဟချက်ကြီးမားနေမှုမှာ မဲဆန္ဒရှင်များ၏ ဆန္ဒမဲတန်ဖိုး တစ်နေရာ နှင့် တစ်နေရာ မညီမျှမှုဖြစ်နေရသည့် အဓိကအကြောင်းအရင်းပင်ဖြစ်သည်။
အထက်ပါရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲမှုများမှာကို အဓိကတာဝန်ယူ အကောင်အထည်ဖော်ရမည့် အဖွဲ့အစည်းများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော်တို့ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအဖွဲ့အစည်းနှစ်ရပ်က တာဝန်ယူ ဆောင်ရွက်ရမည် ဆိုသော်လည်း ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် အားလုံးပါဝင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန်လိုအပ် သည်။ သို့မှာသာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အပေါ် ပြည်သူလူထုကယုံကြည်ပြီး အများလက်ခံသည့် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် ဖြစ်လာမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် အနိုင်ရထားသည့်နိုင်ငံရေးပါတီများအပြင် အခြားနိုင်ငံရေးပါတီ များ အားလုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သည့်ဖြစ်စဉ် ဖြစ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှု ကိုမြှင့်တင်ရန်နှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် ၎င်းတို့၏သဘောထားအမြင်များကို ဆွေးနွေးရှာဖွေ ရန် ဤဖိုရမ်ကို ကျင်းပခြင်းဖြစ်သည်။
ဤဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို အဓိကထားဆောင်ရွက်နေသော အဖွဲ့အစည်းများအပါအဝင် အခြား ကဏ္ဍများမှ အရပ်ဘက်အဖွဲ့အစည်းများကို လည်းပါဝင်ရန် ဖိတ်ကြားထားပါသည်။ သို့မှာသာ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲမှုအပေါ် ကဏ္ဍ အသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းများ၏ မတူညီသည့် သဘောထားအမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နိုင်မည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ ကဏ္ဍအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၈၀ ကျော်ကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ထား ပါသည်။ ဖိုရမ်အစီအစဉ်ကို ၂ ပိုင်းခွဲထားပါသည်။ တက်ရောက်လာသူများအားလုံးဝိုင်းဝန်းဆွေးနွေးနှင့် ကဏ္ဍအလိုက်အဖွဲ့ခွဲဆွေးနွေး ကြခြင်းပင်ဖြစ်ပါသည်။
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့
People’s Alliance for Credible Elections-PACE
ဖိုရမ် အစီအစဉ်အကျဉ်း ( ၁၃.၀၉.၂၀၁၇ )
အချိန် | အစီအစဉ် |
---|---|
၉:၃၀ မှ ၁၀:၀၀ နာရီ | စာရင်းပေးသွင်းခြင်း |
၁၀:၀၀ မှ ၁၀:၂၀ နာရီ | နုတ်ခွန်းဆက်စကားပြောကြားခြင်းနှင် ဖိုရမ်အစီအစဉ် |
၁၀:၃၀ မှ ၁၂:၃၀ နာရီ | တက်ရောက်လာသူများအားလုံးဝိုင်းဝန်ဆွေးနွေးခြင်း – ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျ တာဝန်ခံမှု |
၁၂:၃၀ မှ ၁:၃၀ နာရီ | နေ့လည်စာ |
၁:၃၀ မှ ၃:၃၀ နာရီ | တက်ရောက်လာသူများအားလုံး ဝိုင်းဝန်းဆွေးနွေးခြင်း – ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း |
ဖိုရမ် အစီအစဉ်အကျဉ်း ( ၁၄.၀၉.၂၀၁၇ )
အချိန် | အစီအစဉ် |
---|---|
၉:၃၀ မှ ၁၀:၃၀ နာရီ | ကဏ္ဍအလိုက်အဖွဲ့ခွဲဆွေးနွေးခြင်း အဖွဲ့ ၁။ ရွေးကောက်ပွဲဖြစ်စဉ်၏တာဝန်ခံမှုနှင့် ကော်ရှင်မ၏လွတ်လပ်မှု၊ အမှီအခိုက်ကင်းမှုကို မြှင့်တင်ခြင်း အဖွဲ့ ၂။ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်းအဖွဲ့ ၃။ ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်ငံသားများ၏ ပါဝင်မှုကို မြှင့်တင်ခြင်းအဖွဲ့၄။ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း |
၁၀:၃၀ မှ ၁၁:၀၀ နာရီ | ခေတ္တနားချိန် |
၁၁:၀၀ မှ ၁၂:၀၀ နာရီ | အဖွဲ့အလိုက်ဆွေးနွေးချက်များကို အနှစ်ချုပ်တင်ပြခြင်း (တက်ရောက်လာသူအားလုံးဆွေးနွေးခြင်း) |
၁၂:၀၀ မှ ၁:၀၀ နာရီ | နေ့လည်စာ |
၁:၀၀ မှ ၂:၀၀ နာရီ | ကဏ္ဍအလိုက်အဖွဲ့ခွဲဆွေးနွေးခြင်းအဖွဲ့ ၅။ ရွေးကောက်ပွဲသတင်းဆိုင်ရာ အချက်အလက်ရယူပိုင်ခွင့်ကို မြှင့်တင်ခြင်းအဖွဲ့ ၆။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းအဖွဲ့ ၇။ မဲဆန္ဒရှင်စာရင်း နှင့် ပြုစုခြင်းဖြစ်စဉ် အရည်အသွေးကို မြှင့်တင်ခြင်းအဖွဲ့ ၈။ နိုင်ငံသားများအားလုံးအကျုံးဝင်သည့် မဲဆန္ဒရှင်အသိပညာပေးအစီအစဉ် |
၂:၀၀ မှ ၂:၃၀ နာရီ | ခေတ္တနားချိန် |
၂:၃၀ မှ ၃:၃၀ နာရီ | အဖွဲ့အလိုက်ဆွေးနွေးချက်များကို အနှစ်ချုပ်တင်ပြခြင်း (တက်ရောက်လာသူအားလုံးဆွေးနွေးခြင်း) |
၃:၃၀ မှ ၄:၀၀ နာရီ | ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဦးစားပေးအကောင်အထည်ဖော်ရမည့် ပြုပြင်ပြောင်းလဲရေး နှင့် နိဂုံးချုပ်ခြင်း |