၂၀၂၀ အထွေထွေရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲသမာသမတ်ကျမှုကို
မြှင့်တင်ခြင်း အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်

ဦးဆောင်ဆွေးနွေးမည့်သူများနှင့် ဆွေးနွေးဝိုင်းညှိနှိုင်းစေ့စပ်သူများလမ်းညွှန်

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃၁၄ ရက်

ရန်ကုန်

 

ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီနည်းကျ တာဝန်ခံမှု

အခြေခံအယူအဆ

ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးသော အုတ်မြစ်ဖြစ်သည်။ ဒီမိုကရေစီစံနှုန်းများနှင့် အညီကျင်းပသည့် ရွေးကောက်ပွဲများသည် နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူများ၏ ပါဝင်မှု ပိုမိုမြင့်မားလာခြင်းကိုသာမက ဒီမိုကရေစီစနစ်ကိုလည်း ပိုမိုရှင်သန် အားကောင်းစေပါသည်။ နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲများတွင် မှန်ကန်သည့် ရွေးချယ်မှုများပြုလုပ်နိုင်ခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် ရွေးကောက်ခံကိုယ်စားလှယ်များ၏ တာဝန်ခံမှုကို မြင့်မားစေခြင်းပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲများ သည် ရွေးကောက်ပွဲ နေ့တွင် မဲပေးမှုတစ်ခုတည်းမဟုတ်ပဲ ဖြစ်စဉ်တစ်ခုလုံးတွင် ပြည်သူများ၏ ပါဝင်မှုကိုမြှင့်တင်ခြင်းနှင့် တာဝန်ခံ မှုကို မြှင့်တင်ခြင်းပင်ဖြစ်သည်။

အဓိကမေးခွန်းများ

မေးခွန်း ၁။ မည်သည့် အခြေခံလက္ခဏာရပ်များသည် ဒီမိုကရက်တစ်ရွေးကောက်ပွဲများ၏ အခြေခံလက္ခဏာများဖြစ်ကြပါသနည်း။

မေးခွန်း ၂။ ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ဒီမိုကရေစီစနစ်တို့ မည်ကဲ့သို့ ဆက်နွယ်ပါသနည်း။

မေးခွန်း ၃။ ရွေးကောက်ပွဲဖြစ်စဉ်များသည် အရွေးကောက်ခံကိုယ်စားလှယ်များ၏ တာဝန်ခံမှု မြင့်မားလာစေသည့် လုပ်ထုံးလုပ်နည်း ဖြစ်လာစေရန်အတွက် မည်သည်တို့က အခြေခံလိုအပ်ချက်များ ဖြစ်ကြသနည်း။


ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း

အခြေခံအယူအဆ

ရွေးကောက်ပွဲဖြစ်စဉ် သန့်ရှင်းတရားမျှတရေးမှာ ရွေးကောက်ပွဲ ဥပဒေမူဘောင်များ၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲနေ့ နှင့် ရွေးကောက်ပွဲ အလွန်ကာလ တစ်ခုလုံး၏ သန့်ရှင်း တရားမျှတမှုပင်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံး၏ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု စသည်တို့ပေါ်တွင်အခြေခံပြီး ရွေးကောက်ပွဲ၏ သန့်ရှင်းတရားမျှတမှုနှင့် အများလက်ခံယုံကြည်နိုင်မှုကို တိုင်းတာနိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပင်ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်အတွင်းနိုင်ငံသားများ၏ပါဝင်မှုမြင့်မားလာရေးသည် နိုင်ငံရေးဖြစ်စဉ်အတွင်း ပြည်သူလူထုပါဝင်မှုကိုမြှင့်တင်ခြင်းဖြစ်သည်။ ထိုသို့နိုင်ငံသားများပါဝင်မှုမြင့်မားလာစေရန် လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းအချက် အလက်များရယူပိုင်ခွင့်၊ စုဝေးဟောပြောခွင့်၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် တို့ကို အကာအကွယ်ပေးရန်လိုအပ်သည်။ အထက်ပါ စံနှုန်းများသည် ရွေးကောက်ပွဲဖြစ်စဉ်အတွက်အခြေခံလိုအပ်ချက်များဖြစ်သည်သာမက ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များပင်ဖြစ်သည်။

အဓိကမေးခွန်းများ

မေးခွန်း ၁။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကိုမည်ကဲ့သို့အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။

မေးခွန်း ၂။ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုသည်မှာအဘယ်နည်း။

မေးခွန်း ၃။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပိုမိုခိုင်မာလာဖို့ ရွေးကောက်ပွဲဖြစ်စဉ်၏မည်သည့်အချက်များကို အဓိကထားပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မည်နည်း။


အဖွဲ့ ၁။ ရွေးကောက်ပွဲဖြစ်စဉ်၏တာဝန်ခံမှုနှင့် ကော်မရှင်၏လွတ်လပ်မှု၊ အမှီအခိုကင်းမှုတို့ကို မြှင့်တင်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲဖြစ်စဉ်၏တာဝန်ခံမှုဆိုသည်မှာအဘယ်နည်း။

မေးခွန်း ၂။ ရွေးကောက်ပွဲဖြစ်စဉ်၏ တာဝန်ခံမှုမြင့်မားလာရေးအတွက် မည်သို့သောစိန်ခေါ်မှုများရှိနေပါသနည်း။ မည်ကဲ့သို့ မြှင့်တင်နိုင်ပါသနည်း။

မေးခွန်း ၃။ လွတ်လပ်ပြီးအမှီအခိုကင်းသည့်ကော်မရှင်ဖြစ်ရန် အတွက်မည်သို့သော သူများကိုခန့်အပ်မည်နည်း။ မည်ကဲ့သို့သောတာဝန်များကိုပေးအပ်ပြီး မည်သို့ဖွဲ့စည်းမည်နည်း။

မေးခွန်း ၄။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၂။ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု ဆိုသည်မှာအဘယ်နည်း။

မေးခွန်း ၂။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု အဓိကစိန်ခေါ်မှုများကအဘယ်နည်း။

မေးခွန်း ၃။ ရွေးကောက်ပွဲဖြစ်စဉ် ပိုမိုပွင့်လင်းလာအောင် မည်သည့်အချက်များကို မည်ကဲ့သို့ပြင်ဆင်ဆောင်ရွက်မည်နည်း။

မေးခွန်း ၄။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၃။ ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်ငံသားများ၏ ပါဝင်မှုကို မြှင့်တင်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်သားများ၏ပါဝင်မှုကို မည်ကဲ့သို့မြှင့်တင်ကြမည်နည်း။

မေးခွန်း ၂။ ပါဝင်မှုနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများက အဘယ်နည်း။

မေးခွန်း ၃။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့၄။ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုဆွေးနွေးပါ။ ပါဝင်ခြင်း၏ အကျိုးကျေးဇူးများကမည်သည့်အရာများဖြစ်မည်နည်း။

မေးခွန်း ၂။ အရပ်ဘက်အဖွဲ့အစည်းများပါဝင်မှုနှင့်ပတ်သက်ပြီး မည်သည့် အဟန့်အတားများရှိနေပါသနည်း။ ပါဝင်မှုကို မည်ကဲ့သို့မြှင့်တင်ကြမည်နည်း။

မေးခွန်း ၃။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၅။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များရယူပိုင်ခွင့်ကို မြှင့်တင်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်များသည် မဲဆန္ဒရှင်များအတွက် အရေးပါသနည်း။

မေးခွန်း ၂။ သတင်းအချက်အလက်များကို မည်သည့်ပုံစံနည်းလမ်းများဖြင့် ဖြန့်ဝေကြမည်နည်း။

မေးခွန်း ၃။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၆။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်း

မေးခွန်း ၁။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုမ​ျားကို မည်သို့ ဆောက်ရွက်မည်နည်း။ မည်သည်တို့ကို အာရုံစိုက် အလေးထားပြီးဆောင်ရွက်မည်နည်း။ မည်သည်တို့ကို စိုးရီမ်ပူပန်မှုရှိပါသနည်း။

မေးခွန်း ၂။ အကြံပြုချက်များကို မည့်ကဲ့သို့အကောင်အထည်ဖော်ဆောက်ရွက်ကြမည်နည်း။

မေးခွန်း ၃။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၇။ မဲဆန္ဒရှင်စာရင်း နှင့် ပြုစုခြင်းဖြစ်စဉ်၏ အရည်အသွေးကို မြှင့်တင်ခြင်း

မေးခွန်း ၁။ မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်ပြီး မည်သည်တို့ကို စိုးရီမ်ပူပန်မှုရှိပါသနည်း။

မေးခွန်း ၂။ အားလုံးပါဝင်သည့်မဲဆန္ဒရှင်စာရင်းဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း။

မေးခွန်း ၃။ ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက်အဖွဲ့အစည်းများ မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။

မေးခွန်း ၄။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။


အဖွဲ့ ၈။ နိုင်ငံသားများအားလုံးအကျုံးဝင်သည့် မဲဆန္ဒရှင်အသိပညာပေးအစီအစဉ်

မေးခွန်း ၁။ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းအတွက်အဓိကစိန်ခေါ်မှုများ ကအဘယ်နည်း။

မေးခွန်း ၂။ မည်သူများကပါဝင်ဆောင်ရွက်ကြမည်နည်း။

မေးခွန်း ၃။ အားလုံးအကျုံးဝင်အောင် မည်ကဲ့သို့ ဗျူဟာများချမှတ်ပြီး၊ မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ကြမည်နည်း။

မေးခွန်း ၄။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မည်သည့်အချက်များကိုအဓိကထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါသနည်း။ မည်သည့်အချိန် နောက်ဆုံးထားဆောင်ရွက်ရမည်နည်း။