ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ပူးတွဲကြေညာချက်

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ပူးတွဲကြေညာချက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများ၏ လုပ်ငန်းစဉ်များအပေါ်အခြေခံကာ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် အငြင်းပွားမှုများကြောင့် ရွေးကောက်ပွဲအလွန်ကာလမတည်မငြိမ်ဖြစ်မှု၊ အာဏာလွှဲပြောင်းမှု ကြန့်ကြာစေနိုင်သည် သာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များ နှောင့်နှေးတုံ့ဆိုင်းသွားမည့် အခြေအနေများအတွက် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေပါသည်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအနေဖြင့် ​၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲဆန္ဒရှင်စာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲပေးခြင်း၊ ဆန္ဒမဲများရေတွက်ခြင်း စသည့်လုပ်ငန်းစဉ်တို့အပြင် မဲရလဒ်များစုစည်းသည့် လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါသည်။ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ … Continue reading ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ပူးတွဲကြေညာချက်