PACE မှကြိုဆိုပါတယ်။

People’s Alliance for Credible Election (PACE) သည် အစိုးရမဟုတ်သော လွတ်လပ်သည့်ပြည်တွင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူ ပြည်သားများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရေးတို့ကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အင်စတီကျုးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးကို ရည်မှန်းကာ ၂၀၁၃ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပါသည်။

ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို တစိုက်မတ်မတ်လေ့လာပြီး၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြည်သူ ပြည်သားအားလုံး ပါဝင်နိုင်မှုအတွက် ရွေးကောက်ပွဲနှင့် ပြည်သူ့နီတိဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်သည်။ PACE သည်လူ့အခွင့်ရေးကို တန်ဖိုးထားပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူမျိုး၊ ဘာသာ၊ ကျား-မ ခွဲခြားမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုအပြင် နိုင်ငံပေါင်း (၇၅)နိုင်ငံမှ ဘက်မလိုက်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းပေါင်း (၁၆၀)က သဘောတူ လက်မှတ်ရေးထိုးထားသည့် ” ဘက်မလိုက်သောရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရမည့် ကမ္ဘာလုံးဆိုင်ရာ ကြေညာစာတမ်း (Declaration of Global Principles For Nonpartisan Election Observation and Monitoring by Citizen Organizations) ကို ၂၀၁၄ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုးထားခဲ့ပါသည်။

PACE ၏လုပ်ဆောင်ချက်များ

လွှတ်တော်အမတ်များနှင့် နေပြည်တော်ရှိ Parliamentary Resource Centre, National Democratic Institute တွင် သွားရောက်တွေ့ဆုံ

လွှတ်တော်အမတ်များနှင့် နေပြည်တော်ရှိ Parliamentary Resource Centre, National Democratic Institute တွင် သွားရောက်တွေ့ဆုံ

နိုင်ငံသားများက  မဲဆန္ဒရှင်စာရင်းကို ဆန်းစစ်လေ့လာခြင်း ဇွန်လ ၁၉ရက် (တနင်္လာနေ့) PACE အဖွဲ့မှ လွှတ်တော်အမတ်များနှင့် နေပြည်တော်ရှိ Parliamentary Resource Centre တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။…

read more
Ms. Claire Vallings, Senior Governance Adviser And Team Leader, Governance Humanitarian & Peace, DFID မှ ကာလရှည်စောင့်ကြည့်လေ့လာသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

Ms. Claire Vallings, Senior Governance Adviser and Team Leader, Governance Humanitarian & Peace, DFID မှ ကာလရှည်စောင့်ကြည့်လေ့လာသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ကာလတိုစောင့်ကြည့်လေ့လာသူ ၂၀၁၇ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့ ပုဒ္ဒမာစားသောက်ဆိုင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မြို့နယ် ၂၂ မြို့နယ်လုံးမှာ ကာလတိုစောင့်ကြည့်လေ့လာသူ ၆၀၀ ဦးခန့်နဲ့ ရွေးကောက်ပွဲနေ့ ဖြစ်စဉ်ကို…

read more
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးH.E Andrew Patrick မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးH.E Andrew Patrick မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ကာလရှည် စောင့်ကြည့်လေ့လာသူ ၂၀၁၇ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့ ပုဒ္ဒမာစားသောက်ဆိုင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် PACE အဖွဲ့က ကာလရှည်စောင့်ကြည့်လေ့လာသူ စုစုပေါင်း ၅၂ ဦးရှိပါတယ်။ ဒီကလာရှည်စောင့်ကြည့်လေ့သူတွေဟာ…

read more

PACE ၏လုပ်ငန်းကဏ္ဍ

Cropped Logo Mark.png

နိုင်ငံသားများ၏ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်ရေး လုပ်ငန်းစဉ်များ

Cropped Logo Mark.png

နိုင်ငံသားအခွင့်အရေးနှင့် တာဝန် ပညာပေးလုပ်ငန်းများ (ပြည်သူနီတိသင်တန်း)

Cropped Logo Mark.png

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ကောင်းမွန်မှန်ကန်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း

စေတနာ့ဝန်ထမ်းများ၏ အသံ

VRS Observer My

လွတ်လပ်ပြီး တရာမျှတတဲ့ ရွေးကောက်ပွဲကို လိုချင်ပါတယ်။

Ma

ဘက်လိုက်ခြင်းကင်းဖို့က ရွေးကောက်ပွဲစောင့်ကြည့်သူအတွက် အရေးကြီးဆုံး

VRS

ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ ပါဝင်ချင်လို့ပါ။