skip to Main Content

 

ရန်ကုန်ပြည်သူ့လှုပ်ရှားမှု (Observe Yangon) ဆိုတာဘာလဲ?

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် PACE အဖွဲ့က ပြုလုပ်မယ့် ပြည်သူ့လှုပ်ရှားမှုဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်နဲ့ ဦးဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုအတွက် မည်သည့် ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကမှ ငွေကြေးထောက်ပံ့မှုကို ရယူခြင်းမရှိပါဘူး။

ရန်ကုန်မြို့နေ ပြည်သူပြည်သားတွေကို ဒီစောင့်ကြည့်လေ့လာရေးလှုပ်ရှားမှုမှာ
PACE အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ် ပါတယ်။

ဖော်ပြထားတဲ့ စေတနာ့ဝန်ထမ်းအမျိုးအစားတွေထဲကမှ မိမိနှစ်သက်ရာပုံစံဖြင့် ပါဝင်နိုင်ပါတယ်

၁။ မဲရုံစောင့်ကြည့်လေ့လာသူ (ကာလတိုစောင့်ကြည့်လေ့လာသူ)

  • မဲရုံစောင့်ကြည့်လေ့လာမှုကို ပြုလုပ်ကြမယ့် လုပ်အားပေးတွေဟာ PACE အဖွဲ့က ပြုလုပ်တဲ့ စောင့်ကြည့်လေ့လာရေး သင်တန်း (၁ ရက်) ကို မပျက်မကွက် တက်ရပါမယ်။
  • ရွေးကောက်ပွဲနေ့ (၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့) မှာ တာဝန်ကျတဲ့ မဲရုံတွေကို နံနက် ၅ နာရီခွဲ အရောက် သွားရပါမယ်။ တာဝန်ကျတဲ့ မဲရုံတွေမှာ မဲရုံပိတ်တဲ့အထိ စောင့်ကြည့်လေ့လာရပါမယ်။
  • စောင့်ကြည့်လေ့လာမှုပြုလုပ်တဲ့နေရာမှာ PACE အဖွဲ့ရဲ့ စောင့်ကြည့်လေ့လာရေးပုံစံကို အသုံးပြုရပါမယ်။ သတ်မှတ် ထားတဲ့ အချိန်တိုင်းမှာ အချက်အလက်စင်တာကို သတင်းပို့ရပါမယ်။

၂။ သင်တန်းပို့ချသူ

  • PACE အဖွဲ့ကပို့ချတဲ့ သင်တန်းဆရာဖြစ်သင်တန်း (၂ ရက်) ကို မပျက်မကွက်တက်ရောက်ရပါမယ်။
  • ရန်ကုန်မှာ ပြုလုပ်မယ့်စောင့်ကြည့်လေ့လာသူ သင်တန်း (၁ ရက်) ကို လမ်းညွှန်ထားတဲ့အတိုင်း ပို့ချပေးရပါမယ်။

၃။ တွဲဖက်သင်တန်းပို့ချသူ

  • စောင့်ကြည့်လေ့လာသူသင်တန်းတွေမှာ သင်တန်းပို့ချသူကို လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးရပါမယ်။

၄။ အချက်အလက်စင်တာ လုပ်အားပေး

  • ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်လေ့လာသူတွေ ပေးပို့လာတဲ့ သတင်းပို့ချက်တွေကို PACE အဖွဲ့ရဲ့ အချက်အလက် စင်တာမှာ  ကွန်ပျူတာ ပရိုဂရမ်အတွင်း ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာလျှောက်ထားလိုက်ပါ

(သို့) Google form ဖြည့်စွက်ပြီး တိုက်ရိုက်လျှောက်လွှာတင်ရန်

(သို့) လျှောက်လွှာပုံစံရယူရန်

Back To Top