skip to Main Content

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းအား
စောင့်ကြည့်လေ့လာမှု ဖြစ်စဉ်တွင် PACE အဖွဲ့၏ ပါဝင်ဆောင်ရွက်မှု

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)သည် သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP) အား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်မည့် လုပ်ငန်းစဉ်များ စောင့်ကြည့် လေ့လာရန်အတွက် နည်းပညာကူညီပံ့ပိုးပေးလျက်ရှိသည်။

PACE အဖွဲ့သည် –

၁။  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စောင့်ကြည့်လေ့လာရမည့် ရပ်ကွက်/ကျေးရွာအုပ်စုများကို ရွေးချယ်ပေးခြင်း။

၂။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်မည့် ကြီးကြပ်ရေး အဖွဲ့ဝင်များ ကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရွေးချယ်ခြင်းအတွက် စောင့်ကြည့်လေ့လာမှု မေးခွန်း ပုံစံ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များအား လူတွေ့မေးမြန်းခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများအား လူတွေ့မေးမြန်းခြင်းတို့အတွက် စောင့်ကြည့်လေ့လာမှုမေးခွန်းပုံစံ၊ ရွေးချယ်ပွဲနေ့ ဆန်းစစ်လေ့လာရန်အတွက် စောင့်ကြည့်လေ့လာမှုမေးခွန်းပုံစံ ပြင်ဆင် ခြင်း

၃။  ကာလရှည်စောင့်ကြည့်လေ့လာသူများ (ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ခြင်းမှ ရွေးချယ်ပွဲနေ့အထိပါဝင်သူ) အား ကာလရှည်စောင့်ကြည့်လေ့လာရန် သင်တန်းပေးခြင်းနှင့် ကာလတိုစောင့်ကြည့်လေ့လာသူ (ရွေးချယ်ပွဲနေ့ စောင့်ကြည့် လေ့လာသူ)များအား စောင့်ကြည့်လေ့လာမှုပုံစံအား ထပ်ဆင့်ပြန်လည်ပို့ချနိုင်ရန်အတွက် သင်တန်းပေးခြင်း

၄။  စောင့်ကြည့်လေ့လာမှုမှတွေ့ရှိသည့် အချက်အလက်များကို ကွန်ပျူတာစနစ်ထဲသို့ ထည့်သွင်းနိုင်ရန်အတွက် သင်တန်း ပေးခြင်း

၅။ ထိုအချက်အလက်များကို ဆန်းစစ်လေ့လာ၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်သည့်ဖြစ်စဉ်မှ တွေ့ရှိချက်များ အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်အတွက် ကူညီပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

PoPP အနေဖြင့် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုနှင့် တာဝန်ခံမှုတို့ ပိုမိုမြင့်မားသော ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများဖြစ်ပေါ်လာရေးအပေါ် အကြံပြုချက်များ ပေးနိုင်ရန်အတွက်လည်း PACE က အကြံပေးဆွေးနွေးခဲ့ပါသည်။

Back To Top