ကာလတိုစောင့်ကြည့်လေ့လာမှု သင်တန်း

မတ်လ ၁၂ရက်နေ့။        ။ PACE အဖွဲ့မှ ကာလတိုစောင့်ကြည့်လေ့လာမည့်သူများအား စတင်၍ စောင့်ကြည့်လေ့လာရေး သင်တန်းများ ပေးနေပြီ ဖြစ်သည်။ ထိုသင်တန်းတက်ရောက်သူများမှာ ဧပြီလ ၁ရက်နေ့တွင် ကျင်းပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသွားမည် ဖြစ်သည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် PACE အဖွဲ့အနေဖြင့် ကာလတိုစောင့်ကြည့်လေ့လာသူ အယောက် (၆၀၀) ဖြင့် စောင့်ကြည့်လေ့လာသွားမည်။