ရွေးကောက်ပွဲဆိုင်ရာပြည်သူလှုပ်ရှားမှုအဖွဲ့(PACE)သည် သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့(PoPP) ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများရွေးချယ်မည့် လုပ်ငန်းစဉ်များ စောင့်ကြည့်လေ့လာရန် အတွက် နည်းပညာကူညီပံ့ပိုးပေးလျက်ရှိသည်။

PACE အဖွဲ့သည်

) ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စောင့်ကြည့်လေ့လာရမည့် ရပ်ကွက်/ကျေးရွာအုပ်စုများကို ရွေးချယ်ပေးခြင်း။

) ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများရွေးချယ်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်မည့် ကြီးကြပ်ရေး အဖွဲ့ဝင်များ ကို ဆန်းစစ်လေ့လာရန်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရွေးချယ်ခြင်းအတွက် စောင့်ကြည့်လေ့လာမှု မေးခွန်း ပုံစံ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များအား လူတွေ့မေးမြန်းခြင်း နှင့် မဲဆန္ဒရှင်ပြည်သူများအား လူတွေ့မေးမြန်းခြင်းတို့အတွက် စောင့်ကြည့်လေ့လာမှုမေးခွန်းပုံစံ၊ ရွေးချယ်ပွဲနေ့ ဆန်းစစ်လေ့လာရန်အတွက် စောင့်ကြည့်လေ့လာမှုမေးခွန်းပုံစံ ပြင်ဆင် ခြင်း။

) ကာလရှည်စောင့်ကြည့်လေ့လာသူများ(ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းမှ ရွေးချယ်ပွဲနေ့အထိပါဝင်သူ)အား ကာလရှည်စောင့်ကြည့်လေ့လာရန် သင်တန်းပေးခြင်းနှင့် ​ကာလတိုစောင့်ကြည့်လေ့လာသူ (ရွေးချယ်ပွဲနေ့ စောင့်ကြည့် လေ့လာသူ)များ အား စောင့်ကြည့်လေ့လာမှုပုံစံအား ထပ်ဆင့်ပြန်လည်ပို့ချနိုင်ရန်အတွက် သင်တန်းပေးခြင်း။

) ကွန်ပျုတာစနစ်ထဲသို့ စောင့်ကြည့်လေ့လာမှုမှတွေ့ရှိသည့် အချက်အလက်များ ထည့်သွင်းနိုင်ရန်အတွက် သင်တန်း ပေးခြင်း။

) ထိုအချက်အလက်များကို ဆန်းစစ်လေ့လာ၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများရွေးချယ်သည့် ဖြစ်စဉ်မှ တွေ့ရှိချက်များ အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်တွက် ကူညီပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။