skip to Main Content

ရွေးကောက်ပွဲဆိုင်ရာပြည်သူလှုပ်ရှားမှုအဖွဲ့(PACE)သည် Generation Tree အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများရွေးချယ်ခြင်းအကြိုကာလလုပ်ငန်းစဉ်များ စောင့်ကြည့်လေ့လာရန် အတွက် နည်းပညာကူညီပံ့ပိုးပေးလျက်ရှိသည်။

PACE အဖွဲ့သည်

) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လေ့လာမှုစစ်တမ်းကောက်ယူရမည့် ရွာများရွေးချယ်ပေးခြင်း။

) ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများရွေးချယ်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်မည့် ကြီးကြပ်ရေး အဖွဲ့ဝင်များ ကို ဆန်းစစ်လေ့လာရန်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များအား လူတွေ့မေးမြန်းခြင်း နှင့် မဲဆန္ဒရှင်ပြည်သူများအား လူတွေ့မေးမြန်းခြင်းတို့အတွက် လေ့လာမှုမေးခွန်းပုံစံ ပြင်ဆင်ခြင်း။

) ကြီးကြပ်ရေးအဖွဲ့ဝင်များအား လူတွေ့မေးမြန်းခြင်း နှင့် မဲဆန္ဒရှင်ပြည်သူများအား လူတွေ့မေးမြန်းခြင်းတို့အတွက် သင်တန်းပို့ချနိုင်ရန် အကူညီပံ့ပိုးပေးခြင်း။

) ကွန်ပျုတာစနစ်ထဲသို့ စောင့်ကြည့်လေ့လာမှုမှတွေ့ရှိသည့် အချက်အလက်များ ထည့်သွင်းနိုင်ရန်အတွက် သင်တန်း ပေးခြင်း။

) ထိုအချက်အလက်များကို ဆန်းစစ်လေ့လာ၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများရွေးချယ်သည့် ဖြစ်စဉ်မှ တွေ့ရှိချက်များ အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်တွက် ကူညီပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

Back To Top