၂၀၁၆ ခုနှစ် ရွေးကောက်ပွဲလွန်ကာလ စစ်တမ်းသည် PACE မှ စီစဉ်ဆောင်ရွက်သည့် ဒုတိယအကြိမ် မြောက် တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော စစ်တမ်းဖြစ်သည်။ ဤစစ်တမ်းကို လုပ်ဆောင်ရန် PACE သည် အိမ်ထောင်စုများကို ကျပန်းရွေးချယ်ခြင်း၊ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် စစ်တမ်းမေး ခွန်းများကို PACE သို့ပြန်လည် အစီရင်ခံပေးပို့ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် စစ်တမ်းကိုအ ကောင်အထည်ဖော်ဆောင်ရန်အတွက် စေတနာ့ဝန်ထမ်းပေါင်း (၁၆၇)ဦးကို စိစစ်ရွေးချယ် လေ့ကျင့်သင် တန်းပေးခဲ့ပါသည်။ စစ်တမ်းကောက်ယူသူများအတွက် နှစ်ရက်ကြာမြင့်သည့် သင်တန်းပေါင်း ၆ ခုကို ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် စီစဉ်ပြုလုပ်ခဲ့ပြီး ၎င်းသင်တန်းများတွင် အိမ်ထောင်စုများတွင်လက်တွေ့ဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့ လေ့ကျင့်ခန်းများသာမက စစ်တမ်းဖြေဆို သူ ရွေးချယ်မှုများလည်း ပါဝင်ပါသည်။

စစ်တမ်း၏ ရည်ရွယ်ချက်

၂၀၁၆ မေလတွင် PACE သည် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် ဦးစားပေးလုပ်ဆောင်ရ မည့် အချက်များကို ခွဲခြားသတ်မှတ်ရန်နှင့် နိုင်ငံသား ပညာပေးလုပ်ငန်းတွင် ဗဟုသုတ ကွာဟချက်များကိုအမျိုးအစား ခွဲခြားသတ်ရန်အတွက် အောက်ဖော်ပြပါ အချက်များကို မေးမြန်းစုံစမ်းခြင်းဖြင့် စီစဉ်ဆောင် ရွက်ခဲ့သည် –

  • ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများအပေါ် လူထုသဘောထားနှင့် ထင်မြင်ယူဆချက်များ
  • ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအပေါ် ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် ပတ် သက်၍ အများပြည်သူ၏ ဗဟုသုတနှင့် အမြင်များ
  • နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အသစ်ရွေးကောက် တင်မြှောက်ထားသည့် အစိုးရအရာရှိများ အပေါ် အများပြည်သူ၏ သိမှတ်နားလည်ထားမှုနှင့် မျှော်မှန်းချက်များ

၂၀၁၅ ခုနှစ် မေလတွင် PACE သည် ရွေးကောက်ပွဲများအပေါ် ပြည်သူလူထု သဘောအမြင်ကို နားလည် နိုင်ရန်အတွက် ရွေးကောက်ပွဲအကြို စစ်တမ်းတစ်ခု ကိုလည်း စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် စစ် တမ်းမှ အချို့သောမေးခွန်းများကို ရွေးကောက်ပွဲများ ကျင်းပစဉ်အချိန်ကတည်း အပြောင်းအလဲများနှင့် ယှဉ်ထိုးလေ့လာနိုင်ရန် ဤ ၂၀၁၆ စစ်တမ်းတွင် ထပ်မံထည့်သွင်းထားပါသည်။

လေ့လာတွေ့ရှိချက်အပြည့်အစုံကို ဒေါင်းလုပ်ချရန်!