လွှတ်တော်အမတ်များနှင့် Parliamentary Resource Center တွင် မတ်လ ၁၆ရက်နေ့ကတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပွဲတွင် အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ် စောင့်ကြည့်လေ့လာရေးမှ မဲဆန္ဒရှင်စာရင်း ကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်းမှ လေ့လာတွေ့ရှိချက်များ၊ မဲဆွယ်စည်းရုံးမှုအား စောင့်ကြည့်လေ့လာခြင်းမှ ကနဦးတွေ့ရှိချက်များနှင့် ရွေးကောက်ပွဲမူဘောင်များနှင့် ပတ်သက်သည့်ကိစ္စရပ်များအပေါ် ထင်မြင်ယူဆချက်များအား ဆွေးနွေးခဲ့ကြသည်။