နိုင်ငံသားများက  မဲဆန္ဒရှင်စာရင်းကို ဆန်းစစ်လေ့လာခြင်း

ဇွန်လ ၁၉ရက် (တနင်္လာနေ့) PACE အဖွဲ့မှ လွှတ်တော်အမတ်များနှင့် နေပြည်တော်ရှိ Parliamentary Resource Centre တွင်  သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် PACE အဖွဲ့မှ နိုင်ငံသားများ၏ မဲဆန္ဒရှင်စာရင်းကို ဆန်းစစ်လေ့လာခြင်း အေကြာင်းအရာကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ယနေ့လက်ရှိ မဲဆန္ဒရှင်စာရင်း ယခင်အေခြအနေများနှင့်မတူသော သိသာသည့် တိုးတက်မှုတစ်ခုမှာ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးကွန်ပျုတာ စနစ်ကို အသုံးပြု သော နိုင်ငံလုံးဆိုင်ရာ မဲဆန္ဒရှင်စာရင်း ရှိလာခြင်းပင်ဖြစ်ပါသည်။ ထိုမဲဆန္ဒရှင်စာရင်းသည်  လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန နှင့် အေထွထွေအုပ်ချုပ်ရေး ဦးစီးဌာန တို့ထံမှရရှိသော စာရွက် မှတ်တမ်းများ အပေါ်   အေခြခံ၍ ပြုစုထားခြင်းဖြစ်ပြီး အချိန်အခါအလိုက် ပြင်ဆင်ဖြည့်စွတ်မှုပြုရန် ခက်ခဲစေပါသည်။ နိင်ငံရေးပါတီ များ၊ နိုင်ငံသားများနှင့် သတင်းမီဒီယာများက မဲဆန္ဒရှင်စာရင်း၏ အရည်အေသွး မှန်ကန်မှုတို့နှင့်ပတ်သက်၍ သံသယများကို အတိတ်ကာလက ဖေါ်ပြခဲ့ကြသော်လည်း ယခုထိတိုင် ပြည်သူများအတွက် စနစ်ကျသော သတင်း အချက်အလက်များ တိတိကျကျမရှိသေးပါ။

မည်သည့်အတွက်ကြောင့် လွတ်လပ်သော မဲဆန္ဒရှင်စာရင်းဆန်းစစ်လေ့လာမှုကို ပြုလုပ် ကြပါသလဲ?  အဓိကအားဖြင့် မဲဆန္ဒရှင်စာရင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲဖြစ်စဉ် အပေါ်ယုံကြည်မှုတိုးတက်လာစေရန်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းကိုပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် အပြုသဘောဆောင်ပြီး အထောက်အထားအေခြပြု၊ တိကျမှုရှိသည့် အကြံပြုချက်များကိုပေးရန်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှုကို အလေးပေးသည့် ထပ်ဆောင်း ဥပမာတစ်ခု အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်ငံသားတို့၏ယုံကြည်မှုကိုတည်ဆောက်ရန်။ ဒီမိုကရေစီစနစ်၏ အမှတ်သင်္ကတေတစ်ခုအဖြစ် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံသားတို့၏ ပါဝင်မှုကို အားပေးမြှင့်တင်ရန်။

မဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှုသည် မည်သည့်အေကြာင်းအရာများကို တိုင်းတာနိုင် ပါသလဲ? အချက်အလက်များ မပါဝင်ခြင်းနှင့်  အချက်အလက်များ ကိုက်ညီမှုမရှိခြင်း၊ ဥပမာ။   ။ မဲဆန္ဒရှင် အမည်များ၊ မဲဆန္ဒနယ်တစ်နေရာ ထက်ပို၍ ပါရှိနေခြင်း (သို့) နိုင်ငံသားစိစစ်ရေး ကဒ်မရှိ၍ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်း။ မဲဆန္ဒရှင်စာရင်းတွင် မဲပေးခွင့်ရှိသောနိုင်ငံသားများမည်သည့် အတိုင်းအတာအထိ ပါဝင်မှုရှိသည်ကို တိုင်းတာရန်။ မဲဆန္ဒရှင်များ၏ သတင်းချက်အလက်များဖြစ်သည့် အမည်၊ နေရပ်လိပ်စာ စသည်တို့သည် မဲစာရင်းတွင် မည်သည့် အတိုင်းအတာအထိ မှန်ကန်မှုရှိသည်ကိုတိုင်းတာရန်။

PACE အဖွဲ့အနေဖြင့် လွတ်လပ်သော မဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှု ကိုမည်ကဲ့သို့ ပြုလုပ်မလဲမဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှုသည် မဲဆန္ဒရှင်စာရင်းတွင် မည်သည့်အတွက်ကြောင့် လူဦးရေမည်မျှမပါဝင်ခြင်း(သို့) မဲစာရင်းတွင် အချက်အလက်များ မှားယွန်းနေခြင်း နှင့်ထိုပြဿနာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်ကဲ့သို့ကိုင်တွယ်ဆောင်ရွက်ရမည်တို့နှင့် ပတ်သက်ပြီး တိကျသော အကြံပြုချက်များကို ပေးအပ်နိုင်မည်ဖြစ်သည်။

မဲဆန္ဒရှင်မှမဲစာရင်း

ကိုယ်စားပြုနမူနာရွေးထုတ်ထားသော မဲပေးခွင့်ရှိသည့် အသက်အပိုင်းအခြားအတွင်းရှိ လူများကို တွေ့ဆုံ မေးမြန်း၍ ၎င်းတို့၏သတင်းအချက်အလက်များကိုစုစည်းခြင်း။ မဲဆန္ဒရှင်များ၏ အချက်အလက် အသေးစိတ် သည် မဲစာရင်းနှင့်ကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးသည်။ ရလဒ်အနေဖြင့် မဲပေးခွင့်ရှိသောလည်း မဲစာရင်းတွင် မပါဝင်သည့် မဲဆန္ဒရှင်များ ရှိ/မရှိကို သိရှိနိုင်သည်။

မဲစာရင်းမှမဲဆန္ဒရှင်

မဲစာရင်းမှ ကိုယ်စားပြုနမူနာရွေးထုတ်ထားသော မဲဆန္ဒရှင်များကို တွေ့ဆုံမေးမြန်း၍ ၎င်းတို့၏သတင်း အချက်အလက်များကို စုစည်းခြင်း။ မဲဆန္ဒရှင်များ၏ အချက်အလက် အသေးစိတ်သည် မဲစာရင်းနှင့်ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးသည်။ ရလဒ်အနေဖြင့် မဲဆန္ဒရှင်၏လိပ်စာများအပါဝင် မဲစာရင်းတွင်ရှိသော မဲဆန္ဒရှင်များ၏ အချက်အလက်များ မှားယွန်းနေသည်ကို သိရှိနိုင်သည်။

မဲဆန္ဒရှင်စာရင်းဆန်းစစ်လေ့လာရန် PACE အဖွဲ့အနေဖြင့်မည်သည်တို့ကို လိုအပ်ပါသလဲ? မဲဆန္ဒရှင်စာရင်းဆိုင်ရာအချက်အလက်များ ကို ကွန်ပျူတာနည်းပညာဖြင့် ခွဲခြားစိတ်ဖြာ ဆန်းစစ်နိုင်သော ပုံစံဖြင့် ရရှိရန်လိုအပ်ပါသည်။ ဥပမာ CSV ဖိုင် (သို့) Dbase ဖိုင် ကဲ့သို့ ကွန်ပျူတာ မှ အချက် အလက်များကို ထုတ်ယူနိုင် သောဖိုင်များ လိုအပ်ပါသည်၊ PDF နှင့် JPEG ကဲ့သို့သော ဖိုင်များသည် ကွန်ပျူ တာဖြင့် ဆန်းစစ်နိုင်သော ဖိုင်အမျိုးအစားများ မဟုတ်ပါ။  လုပ်ငန်းလုပ်ဆောင်နိုင်ရန် သင့်တင့်ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်ပါသည်။ ပွင့်လင်းမှုရှိသော နိုင်ငံရေးပတ်ဝန်းကျင်၊ ကောင်းမွန်သောလုံခြုံရေး အေခြအနေ၊ ခရီးလမ်းပန်းသွားလာနိုင်မှု၊ လူအဖွဲ့အစည်းအသိုင်းအဝိုင်းဒေသများ နှင့် နိုင်ငံသားများထံကိုယ်တိုင် သွားရောက်တွေ့ဆုံနိုင်မှုတို့ ပါဝင်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း မဲဆန္ဒရှင် စာရင်း ဆန်းစစ်လေ့လာမှု၏ရလဒ်မှထွက်ပေါ်လာသော အကြံပြုချက်များကိုရယူပြီး ပြဿနာများကို ကိုင်တွယ်၍ ဖြေရှင်းရန် လုံလောက်သည့် အချိန်အတိုင်းအတာလိုအပ်ပါသည်။