skip to Main Content

Learning Retreat of PACE
ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၄ရက်နေ့
သီရိဟိုတယ်
ဘားအံ့မြို့

အရပ်ဘက်လူမှုအဖွဲ့အစည်းများအရပ်ဘက်လူမှုအဖွဲ့အစည်းများအရပ်ဘက်လူ့အဖွဲ့အစည်းကို ယေဘုယျအားဖြင့် မိသားစု အစုအဖွဲ့ နှင့် အစိုးရအဖွဲ့အစည်းများ မဟုတ်သည့် အဖွဲ့အစည်း နှင့် အစုအဖွဲ့ များကိုဆိုလိုသည်။ ဖွဲ့စည်းပုံတိတိကျကျဖြင့် စနစ်တကျစုဖွဲ့မှု ပုံသဏ္ဍာန်ဖြင့် ဖွဲ့စည်းထားခြင်းလည်းဖြစ်နိုင်သလို ယာယီစုဖွဲ့လှုပ်ရှားမှု ပုံစံဖြင့်လည်း တွေ့ရသည်။ (ဥပမာ နာရေးကူညီမှုအသင်း (ရန်ကုန်) ကဲ့သို့အဖွဲ့မျိုး သို့မဟုတ် အားလပ်ရက် အမှိုက်ကောက်အဖွဲ့များနှင့် သဘာဝဘေးအန္တရယ် အကူအညီပေးရေး အဖွဲ့များ)။ နိုင်ငံရေးသိပ္ပံတွင်မူ အရပ်ဘက်အဖွဲ့အစည်းကို ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှု အပေါ်အခြေခံကာ သုံးသပ်လေ့ရှိသည်။ အဓိကအားဖြင့် အရပ်ဘက်အဖွဲ့အစည်းများကို ဒီမိုကရေစီစံနှုန်းများ ထွန်းကားရေး၊ အစိုးရ၏ တာဝန်ယူမှု တာဝန်ခံမှုပိုမိုမြှင့်မားလာစေရေးနှင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့်မရသည့် လူနည်းစုများ၏ အခွင့်အရေးများ မြှင့်တင် ပေးခြင်းစသည့် ဖြင့် ဆောင်ရွက်ကြသည်။ ဒုတိယအားဖြင့် အရပ်ဘက်အဖွဲ့အစည်းများသည် အာဏာရှင်ကိုတွန်းလှန်ခြင်း၊ အင်အား ကြီးသူကို ခုခံခြင်းစသည်တို့ကိုဆောင်ရွက်ကြသည်။ ဤ စကား၀ိုင်းဆွေးနွေးပွဲများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းဏ္ဍကို နိုင်ငံရေးသိပ္ပံပညာရှင် ဂွန်လင့်စ် ၏ သုံးသပ်မှုကို အခြေခံ လိုပါသည်။ သူက ဒီမိုကအသွင်ကူးပြောင်းမှုကို အမြစ်တွယ်ခိုင်မာလာစေရန် အရေးကြီးသည့် ကဏ္ဍကြီး ၅ ခုကို ထောက်ပြ ပြောဆိုပါ သည်။ (၁) တရားမျှတသည့် အခြေခံဥပဒေအစဉ်အလာ ထွန်းကားရေး၊ (၂) စစ်တပ်ကို နိုင်ငံရေးအာဏာအခွင့် ထူးခံအဖြစ်မှ ဖယ်ရှားနိုင် ရေး၊ (၃) နိုင်ငံရေးလူ့အဖွဲ့အစည်း ဖွံ့ဖြိုးအားကောင်းလာရေး၊ (၄) အရပ်ဘက်လူ့အဖွဲ့အစည်းများ အား ကောင်းရှင်သန်ရေး၊ (၅) စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးအားကောင်းလာရေး စသည်တို့ဖြစ်သည်။အထက်ပါကဏ္ဍ ၅ ခုအနက် ယခု Retreat တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ အခန်းကဏ္ဍကိုသာ ဆွေးနွေးမည်ဖြစ်သည်။ အဓိကအားဖြင့် အောက်ပါ အကြောင်းအရာတို့ကို ဆွေးနွေးမည်ဖြစ်သည်။

Panel 1: လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ စံနှုန်းများမြှင့်တင်ခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်း၏ အခန်းကဏ္ဍ ဆွေးနွေးရမည့်အကြောင်းအရာ

  • အကျဉ်းသင်လက်ခံထားသော ဒီမိုကရေစီစံနှုန်းများကာ ဘာတွေလည်း။
  • သင်ပတ်ဝန်းကျင်တွင် ထိုဒီမိုကရေစီ စံနှုန်းများအား အဟန့်အတားဖြစ်စေသည့် ပြဿနာများကဘာတွေလဲ။
  • ထိုပြဿနာများကို မည်သို့ကျော်လွှားနိုင်မည့်နည်းလမ်းများကဘာတွေလဲ။
  • သင်အနေဖြင့် သင်ပတ်ဝန်းကျင်တွင် ဒီမိုကရေစီစံနှုန်းများကို မြှင့်တင်ရန်ဘာတွေ စတင်ဆောင်ရွက်နိုင်ပြီလဲ။

Panel 2: ကောင်းမွန်​​သောအုပ်ချုပ်ရေး နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးရမည့်အကြောင်းအရာ

  • အကျဉ်းသင်မျှော်လင့်သောကောင်းမွန်သောအုပ်ချုပ်ရေး ကဘာတွေလည်း။
  • ထိုကောင်းမွန်သောအုပချုပ်ရေးဖြစ် ပေါ်လာရန် သင်၏တိုင်းပြည် နှင့် ဒေသတွင် ဘာတွေလိုအပ်နေပါသလဲ။
  • ထိုလိုအပ်ချက်တွေကို သင်မည်သို့ ဖြည့်စည်းလိုပါသလဲ။

Panel 3: အ​ရွေး​ခြယ်ခံကိုယ်စားလှယ်များ၏ တာဝန်ခံမှု မြင့်မားလာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆွေးနွေးရမည့်အကြောင်းအရာ အကျဉ်း

  • လက်ရှိရွေးချယ်ခံကိုယ်စားလှယ်များ၏ တာဝန်ခံမှု အပေါ်သင်မည်သို့ထင်မြင်ပါသလဲ။
  • တာဝန်ခံမှု နှင့်ပတ်သက်၍ သင်၏ဒေသတွင် ကြုံတွေ့နေရသော ပြဿနာများကဘာတွေလဲ။
  • ထိုတာဝန်ခံမှုများ မြင့်မားလာရေးကို သင်အနေဖြင့်မည့်သည့်နည်းလမ်းများကို အသုံးပြု၍ဆောင်ရွက်မလဲ။

Panel 4: အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ခံမှုနှင့် ပိုမိုအား​ကောင်းဖွံ့​ဖြိုးလာ​ရေး ဆွေးနွေးရမည့်အကြောင်းအရာ အကျဉ်း

  • အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ခံမှုများက ဘာတွေဖြစ်သင့်သလဲ။
  • လက်ရှိအရပ်ဘက်အဖွဲအစည်းများ၏ တာဝန်ခံမှုနှင့်ပတ်သက်၍ အနည်းချက်တွေကဘာတွေလဲ။
  • အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ခံမှု ပိုမိုအားကောင်းဖွံ့ဖြိုးလာရန် ဆောင်ရွက်နိုင်သောနည်း လမ်းများကဘာတွေလဲ။

Panel 5: မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းအပေါ် သုံးသပ်ဆွေးနွေးခြင်းကို PACE ၏ ကိုထွန်းလင်းဦး (လောကအလင်း)၊ ကိုစိုင်းရဲကျော်စွာမြင့် (PACE)၊ ကိုရဲမျိုးဟိန်း (တကောင်း) နှင့် ဦးဝင်းညီညီဇော် (PACE) တို့မှ ပါဝင်ဆွေးနွေးခဲ့သည်။

 

Back To Top