skip to Main Content

စက်တင်ဘာ ၂၈ | ပါ့ခ်ရွိုင်ရယ်ဟိုတယ်

စက်တင်ဘာ ၂၈ ရက် နေ့လည်ပိုင်းက PACE ရဲ့ စတုတ္ထမြောက်စစ်တမ်းဖြစ်တဲ့ “အစိုးရသက်တမ်းဝက် ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများရဲ့ သဘောထားအမြင်” စစ်တမ်းတွေ့ရှိချက်များကို သတင်းမီဒီယာများသို့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ PACE မှ စစ်တမ်းကောက်ယူမှုနည်းစနစ်များနှင့် တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သတင်းမီဒီယာများက ၎င်းတို့သိရှိလိုတဲ့အချက်များကို အသေးစိတ်မေးမြန်းခဲ့ကြပါတယ်။ အထူးသဖြင့် စစ်တမ်းကောက်ယူရခြင်းရဲ့ ရည်ရွယ်ချက်များကို မေးမြန်းခဲ့ကြပြီး ဒီစစ်တမ်းဟာ အစိုးရနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သာမန်ပြည်သူများရဲ့ အသံကို စုစည်းကာ အစိုးရနှင့် ပြည်သူများအကြား ဆက်သွယ်ပေးနိုင်ခဲ့တဲ့အကြောင်း PACE က ဖြေကြားခဲ့ပါတယ်။

Back To Top