skip to Main Content

စက်တင်ဘာ ၂၈| ပါ့ခ်ရွိုင်ရယ်ဟိုတယ်
စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက PACE ရဲ့ စတုတ္ထအကြိမ်စစ်တမ်းဖြစ်တဲ့ “အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်” စစ်တမ်းတွေ့ရှိချက် အစီရင်ခံစာကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား မိတ်ဆက်တင်ပြခဲ့ပါတယ်။ စစ်တမ်းမှ စိတ်ဝင်စားဖွယ်အဓိကတွေ့ရှိချက်များနှင့် စစ်တမ်းကောက်ယူမှုနည်းစနစ်များကို PACE မှ တင်ပြဆွေးနွေးခဲ့ပါတယ်။ တက်ရောက်လာသူများမှလည်း စစ်တမ်းနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုတာတွေကို မေးခွန်းများ မေးမြန်းခဲ့ကြပါတယ်။ ပရိသတ်အချို့က စစ်တမ်းတွေ့ရှိချက်များအပေါ်စိတ်ဝင်စားကြပြီး စစ်တမ်းကောက်ယူမှု မေးခွန်းနှင့် နည်းစနစ်များ အကြောင်းမေးမြန်းခဲ့ကြရာ PACE မှ စစ်တမ်းမေးခွန်းများပြုစုခြင်းနှင့် အချက်အလက်များကို ဆန်းစစ်လေ့လာခြင်းတို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။

Back To Top