skip to Main Content

သြဂုတ်လ ၁ ရက်၊ Best Western Green Hill Hotel

PACE အဖွဲ့သည် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှ ပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ဩဂုတ်လ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ PACEက ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် နည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပါတီများထံမှ အကြံဉာဏ်များ ရယူဆွေးနွေးခဲ့သည်။ ပါတီများကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ၊ ရွေးကောက်ပွဲနှင့် ပါတီများဆိုင်ရာ ဥပ​ဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၏ အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါရွေးကောက်ပွဲများ၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို မြှင့်တင်နိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့သည် မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်၊ မဲဆွယ်စည်းရုံးရေးကာလ၊ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်၊ မဲရလဒ်များစုပေါင်းရေတွက်မှု ဖြစ်စဉ်များကို PACE အဖွဲ့ မှ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါသည်။

Back To Top