မဲဆန္ဒရှင်စာရင်းပြုစုခြင်းလေ့လာမှု စစ်တမ်းကနဦးအစီရင်ခံစာ

မဲဆန္ဒရှင်စာရင်းပြုစုခြင်းလေ့လာမှု စစ်တမ်းကနဦးအစီရင်ခံစာ

မဲဆန္ဒရှင်စာရင်းပြုစုခြင်းလေ့လာမှု စစ်တမ်း

ကနဦးတွေ့ရှိချက်အစီရင်ခံစာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (တနင်္လာနေ့)၊ ရန်ကုန်

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်မည့်ဒေသများတွင် မဲဆန္ဒရှင်စာရင်းနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း ဖြစ်စဉ်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်များ နှင့် ပတ်သက်ပြီး PACE အဖွဲ့က လေ့လာမှုစစ်တမ်း တစ်ခုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလနှောင်း ပိုင်းတွင်ကောက်ယူခဲ့ပါသည်။ အောက်ပါအချက်များသည် လေ့လာမှုစစ်တမ်း၏တွေ့ရှိချက်အချို့ဖြစ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးသိရှိမှု

မဲပေးသည့် မဲဆန္ဒရှင်ပမာဏ အနည်းအများသည် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် အဓိကကျသော ပူပန်စရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ဒေသများရှိ ပြည်သူများ၏ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သိရှိမှုကိုတိုင်းတာရန် လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

  • PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဧပြီလတွင် ဤမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိပါသလားဟု မေးမြန်းရာ တွင် ဖြေဆိုသူများ၏ သုံးပုံ နှစ်ပုံနီးပါး (၆၂%) ကသိရှိပါသည်ဟုဖြေဆိုပါသည်။ ဖြေဆိုသူများထဲတွင် မြို့ပြမှ ဖြေဆိုသူများ၏ ၆၈%က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိကြပြီး ကျေးလက်မှဖြေဆိုသူများ၏ ၅၄% ကသာ သိရှိကြပါသည်။ ဖြေဆိုသူ အမျိုးသားများ၏ ၇၀% ကကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကိုသိရှိပြီး ဖြေဆိုသူအမျိုးသမီး များ၏ ၅၄% ကသာသိရှိကြသည်။

တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းကောက်ယူမှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲများကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်တွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင် စာရင်းကောက်ယူမှုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်ဆောင်ရွက်ခဲ့ပါသည်။ တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်း ကောက်ယူမှုနှင့် ပတ်သက် ပြီး နိုင်ငံသားများ၏ အမြင်သဘောထားများ၊ သိရှိမှုနှင့် ပါဝင်ဆောင်ရွက်မှုများကို PACE အဖွဲ့က လေ့လာဆန်းစစ်ခဲ့ပါသည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက”ပြီးခဲ့တဲ့နိုဝင်ဘာလမှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းပြုစုခဲ့ပါတယ်။ အဲဒါကိုကြားမိပါသလား။” ဟုမေးမြန်းရာတွင် ဖြေဆိုသူ သုံးပုံ နှစ်ပုံ (၆၅%) က ကြားမိ ပါသည် ဟုဖြေဆိုခဲ့ပါသည်။ ကျေးလက်နှင့်မြို့ပြနှိုင်းယှဉ်ကြည့်သောအခါတွင် မြို့ပြမှဖြေဆိုသူများက ကျေးလက်မှ ဖြေဆိုသူများထက် ကြားမိသည်ဟု ဖြေဆိုသူပိုမိုများပြားပါသည်။ မြို့ပြမှ ဖြေဆိုသူများ၏ ၇၃% ကကြားမိပါသည်ဟုဖြေဆိုပြီး ကျေးလက်မှ ဖြေဆိုသူများ၏ ၅၅% ကသာ ကြားမိပါသည်ဟု ဖြေဆိုပါ။ သို့သော်လည်း ဖြေဆိုသူ အမျိုးသားနှင့် အမျိုသမီးများ  အကြားတွင်မူ ခြားနားမှုမရှိပါ။ ဖြေဆိုသူအမျိုးသားများ၏ ၆၆% က ကြားမိပါသည်ဟု ဖြေဆိုပြီး ဖြေဆိုသူအမျိုးသမီးများ၏ ၆၅% ကလည်း ကြားမိပါသည်ဟုဖြေဆိုခဲ့ကြပါသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများမှ “တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းပြုစုတုန်းက သင့်ရဲ့အိမ်ကိုရော လာရောက်ခဲ့ပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူမျာ၏အများစု (၅၅%)က ၎င်းတို့၏အိမ်ကို လာရောက်ခဲ့ပါသည်ဟုဖြေဆိုခဲ့ကြပါသည်။ ကျေးလက်နှင့် မြို့ပြနှိုင်းယှဉ်ပါက ကျေးလက်မှဖြေဆိုသူများ၏ထက်ဝက်အောက် (၄၅%)က ၎င်းတို့၏အိမ်ကို လာရောက်ခဲ့ပါသည်ဟုဖြေဆိုခဲ့ကြပြီး မြို့ပြမှဖြေဆိုသူများ၏သုံးပုံနှစ်ပုံနီးပါး (၆၂%)က လာရောက်ခဲ့ပါသည်ဟုဖြေဆိုခဲ့ကြသည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းလာရောက်ကောက်ယူတုန်းက မဲစာရင်းမှာ ပါတဲ့သင့်ရဲ့အချက်အလက်တွေကို အပြောင်းအလဲလုပ်ခဲ့ပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ အားလုံးနီးပါး (၉၂%)က မည်သည့်ပြင်ဆင်ပြောင်းလဲမှုများကိုမှ မပြုလုပ်ခဲ့ပါဟုဖြေဆိုပါသည်။ မြို့ပြနှင့်ကျေးလက်၊ အမျိုးသားနှင့် အမျိုးသမီးများအကြား တွင် ဖြေဆိုမှုနှင့် ပတ်သက်ပြီး သိသာထင်ရှားသောခြားနားမှုမရှိပါ။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှုနှင့်ပတ်သက်ပြီး သိရှိမှု၊ သတင်းအရင်းအမြစ်၊ နိုင်ငံသားများ၏ ပါဝင်မှုသဘောထား

၂၀၁၅ ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းကြေညာပြသခဲ့ရာတွင် လူအနည်းငယ်ကသာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများသို့သွား ရောက်ပြီး ၎င်းတို့၏မဲစာရင်းအချက်အလက်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။ ထို့ကြောင့် PACE အဖွဲ့အနေဖြင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်စာရင်းကြေညာပြသမှုနှင့်ပတ်သက်ပြီး နိုင်ငံသားများ၏သိရှိမှုကို တိုင်းတာနိုင်ရန် လေ့လာမှုများ ပြုလုပ် ခဲ့သည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလမှာ မဲစာရင်းကြေညာပြသမှု ပြုလုပ်ဖို့ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကြားမိပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူ ဆယ်ဦးတွင် လေးဦး (၄၁%) ကသာ ကြားမိပါသည် ဟုဖြေဆိုခဲ့ပြီး ဖြေဆိုသူတစ်ဝက်ကျော်ခန့် (၅၁%) က မကြားမိပါဟု ဖြေဆိုခဲ့ပါသည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “မဲစာရင်းကြေညာပြသမယ့်အကြောင်းကို ဘယ်လိုသိပါသလဲ” ဟုဆက်လက်မေးမြန်း ရာတွင် ဖြေဆိုသူများ၏ ၃၉% က ရုပ်မြင်သံကြားမှတဆင့် သတင်းအချက်အလက်များရရှိသည်ဟုဖြေဆိုပါသည်။ ကျေးလက်မှ ဖြေဆိုသူများသည် သတင်းအချက်အလက်များကို ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှတဆင့် ပိုမိုရရှိသည် (ရုပ်မြင်သံကြားမှ ၄၄%၊ ရေဒီယိုမှ ၂၁%)။ မြို့ပြမှဖြေဆိုသူများသည် သတင်းအချက်အလက်များကို ရုပ်မြင်သံကြားနှင့် သတင်းစာ/ဂျာနယ်တို့ (ရုပ်မြင်သံ ကြားမှ ၃၉%၊ သတင်းစာ/ဂျာနယ်မှ၁၅%) မှတဆင့်ရရှိသည်ကို တွေ့ရပါသည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးဖို့အစီအစဉ်ရှိပါသလား”ဟုမေးမြန်းရာတွင် ဖြေဆို သူများ၏သုံးပုံနှစ်ပုံနီးပါး (၆၃%)က ၎င်းတို့မဲစာရင်းအချက်အလက်များကို မဲစာရင်းကြေညာပြသသည့်အခါ သွား ရောက်စစ်ဆေး ရန် အစီအစဉ်ရှိသည် ဟုဖြေဆိုပါသည်။ ဆက်လက်၍ “ဘာအတွက်ကြောင့်မဲစာရင်းသွားကြည့်ရတာလဲ” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ တစ်ဝက်နီးပါး (၄၅%)က “မဲစာရင်းအမည်ပါ/မပါ မသေချာလို့” ဟုဖြေဆိုပါသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “အချက်အလက်တွေကို ဘယ်လိုနည်းနဲ့ ကြည့်ရှုစစ်ဆေးဖို့စီစဉ်ထားပါသလဲ” ဟု မေးမြန်းရာတွင် ဖြေဆိုသူငါးဦးတွင် လေးဦး (၈၅%)က မဲစာရင်းကြေညာပြသသည့်နေရာတွင် ၎င်းတို့၏အမည်ကို ကြည့်ရှု စစ်ဆေးရန် စိတ်ကူးထားပါသည် ဟုဖြေဆိုပြီး ဖြေဆိုသူ၏ ၄% (၂၅ ဦးတွင် ၁ ဦး)က Online/အင်တာနက်မှ တစ်ဆင့်ကြည့်ရှု စစ်ဆေးရန် စိတ်ကူးထားပါသည် ဟုဖြေဆိုပါသည်။ ဆက်လက်ပြီး “မဲစာရင်းဘယ်နေရာမှာ သွားရောက် ကြည့်ရှုရမယ်ဆိုတာ ကိုသိ ပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏တစ်ဝက်နီးပါး (၄၆%)က ၎င်းတို့၏အမည်များကို မည်သည့်နေရာတွင် သွားရောက် ပြီးကြည့်ရှုစစ်ဆေးရမည်ကို မသိပါဟုဖြေဆိုပါသည်။

မဲဆန္ဒရှင်စာရင်းနှင့် ပတ်သက်သည့် သဘောထားအမြင်

မဲဆန္ဒရှင်စာရင်းနှင့် ပြင်ဆင်ဖြည့်စွက်သည့်လုပ်ငန်းစဉ်ကို ပြည်သူလူထု၏သဘောထားအမြင်များကို နားလည်သိရှိနိုင်ရန်အတွက် PACE အဖွဲ့  စစ်တမ်းကောက်ယူသူများသည် ဖြေဆိုသူများအား ၎င်းတို့၏အမည်များ မဲစာရင်းတွင်ပါ/မပါနှင့် မည်သည့်နည်းဖြင့် မဲစာရင်းတွင် အမည် ပါဝင်နေသည်ကို မေးမြန်းခဲ့ပါသည်။

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “မဲဆန္ဒရှင်စာရင်းမှာ သင့်ရဲ့အမည်ပါပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူ လေးဦးတိုင်း တွင် သုံးဦး (၇၅%) က ၎င်းတို့၏ အမည်များမဲစာရင်းတွင် ပါရှိသည်ကို ယုံကြည်ကြပါသည်။ ဖြေဆိုသူများ၏ ၁၅%က မဲစာရင်း တွင်အမည်ပါဝင်ခြင်း ရှိ/မရှိကို မသိပါဟု ဖြေဆိုကြသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “သင့်ရဲ့အမည် မဲဆန္ဒရှင်စာရင်းမှာ ဘယ်လိုနည်းနဲ့ပါဝင် နေတယ်ဆိုတာပြောပြပါ လား” ဟုမေးမြန်းရာတွင် ဖြေဆိုသူအများစု (၅၈%) က ၎င်းတို့၏အမည်များ အလိုလျောက်ပါဝင်နေသည်ဟု ဖြေဆိုပါ သည်။ အဆိုပါ အမြင်သဘောထားမှာ ကျေးလက်ဒေသများတွင် ပိုရှိပါသည်။ ကျေးလက်နှင့်မြို့ပြနှိုင်းယှဉ်ကြည့်သော အခါတွင် ကျေးလက်ဒေသ တွင် လေးဦးတိုင်းတွင်သုံးဦးခန့် (၇၂%)က အလိုလျောက်ပါဝင်နေသည်ဟု ထင်မြင်ပြီး၊ မြို့ပြဒေသတွင် တစ်ဝက်နီးပါး (၄၈%)က  အလားတူထင်မြင်ပါသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက မဲစာရင်းတွင်အမည်ပါဝင်နေသည်ဟု ယုံကြည်သည်ဟု ဖြေဆိုသူများကို “သင့်ရဲ့ အမည်ဟာ ဒီနေရာကမဲစာရင်းမှာပါတာလား၊ ဒါမှမဟုတ် အခြားတစ်နေရာက မဲစာရင်းမှာပါတာလား” ဟု ဆက်လက် မေးမြန်း ရာတွင် ဖြေဆိုသူ ဆယ်ဦးတွင်ကိုးဦးခန့် (၈၈%)က လက်ရှိနေရာရှိမဲစာရင်းတွင် အမည်ပါဝင်သည်ဟု ဖြေဆိုပါ သည်။ ကျေးလက် မှ ဖြေဆိုသူအများစု (၉၅%) က လက်ရှိနေရာရှိ မဲစာရင်းတွင် အမည်ပါဝင်သည်ဟု ဖြေဆိုကြသည်။ မြို့ပြမှဖြေဆိုသူများ၏ (၈၂%)က လက်ရှိနေရာရှိမဲစာရင်းတွင် အမည်ပါဝင်နေသည်ဟုဖြေဆိုသဖြင့် အချိုးအားဖြင့် ကျေးလက်အောက်လျော့နည်းသည်။ ဆက်လက်၍ “ဘာဖြစ်လို့ သင့်ရဲ့အချက်အလက်တွေဟာ မဲစာရင်းမှာမပါရတာလဲ” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ ထက်ဝက်နီးပါး (၄၈%) က ၎င်းတို့က  ဒီနေရာမှာ “အလုပ်လုပ်ဖို့ ယာယီနေထိုင်ခြင်း ဖြစ်လို့” ဟုဖြေဆိုပါသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကရော မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးတာတွေ လုပ်ခဲ့ပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ထက်ဝက်ကျော် (၅၄%)က ၎င်းတို့၏အမည်များကို မဲစာရင်းတွင် မစစ်ဆေးခဲ့ ပါဟု ဖြေဆိုပါသည်။

ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်နှင့် မဲပေးလိုစိတ်

  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ သင့်ရဲ့ အစိုးရိမ်ဆုံးအရာတွေကဘာလဲ” ဟု မေးမြန်းရာတွင် ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံခန့် (၆၃%)က ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟု ဖြေဆို ပါသည်။
  • PACE အဖွဲ့စစ်တမ်းကောက်ယူသူများက “လာမယ့် ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ချို့သူတွေက မဲပေးဖို့အစီအစဉ် ရှိကြတယ်၊ တစ်ချို့သူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့်မဲပေးဖို့ အစိအစဉ်မရှိကြပါဘူး။ သင့်အနေနဲ့ရောမဲပေးဖို့ အစီအစဉ် ရှိ/မရှိနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ အနည်းအများကို ၁ ကနေ ၅ အတွင်း အဆင့်သတ်မှတ်ပေးပါ။ ၁ ကတော့ မဲပေးဖို့ စိတ်ကူး လုံးဝမရှိဘူး၊ ၅ ကတော့ ကျိန်းသေ မဲပေးမယ်လို့ ဆိုလိုပါတယ်” ဟုမေးမြန်းရာတွင် ဖြေဆိုသူအများစု (၅၇%)က ကြားဖြတ် ရွေးကောက်ပွဲတွင် အဆင့်သတ်မှတ်ချက်တွင် အဖြေ “၅” ကိုရွေးချယ်ခြင်းအားဖြင့် ကျိန်းသေမဲပေးမည်ဟု ဖြေဆို ပါသည်။

လာမယ့် ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ချို့သူတွေက မဲပေးဖို့အစီအစဉ် ရှိကြတယ်၊ တစ်ချို့သူတွေကတော့ အကြောင်း အမျိုးမျိုးကြောင့်မဲပေးဖို့ အစိအစဉ်မရှိကြပါဘူး။ သင့်အနေနဲ့ ရော မဲပေးဖို့ အစီအစဉ် ရှိ/မရှိနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ အနည်းအများကို ၁ ကနေ ၅ အတွင်း အဆင့်သတ်မှတ်ပေးပါ။ ၁ ကတော့ မဲပေး ဖို့ စိတ်ကူး လုံး ဝမရှိဘူး၊ ၅ ကတော့ ကျိန်းသေမဲပေးမယ်လို့ ဆိုလိုပါတယ်”

စစ်တမ်းကောက်ယူသည့်နည်းစနစ်

မဲဆန္ဒရှင်စာရင်းနှင့် ဖြည့်စွက်ပြင်ဆင်ခြင်းဖြစ်စဉ်တို့နှင့်  ရွေးကောက်ပွဲကော်မရှင်၏ တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်လူထု၏ သဘောထားအမြင်ကို သိရှိနားလည်စေရန် စစ်တမ်းကောက်ယူချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသားများကို PACE အဖွဲ့မှစစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ပါသည်။ ဒေသတစ်ခုလုံး၏ သဘောထားအမြင်များကို ထင်ဟပ်စေရန်၊ ၂၀၁၇ ခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အားလုံးတွင် ကျေးလက်နှင့်မြို့ပြဒေသ နှစ်ခုလုံး၌ စစ်တမ်းကောက် ယူမှု ကို ပြုလုပ်ခဲ့ပါသည်။  စစ်တမ်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုမှ  မြို့နယ် ၂၂ မြို့နယ်တွင်းရှိ ကျေးရွာနှင့် ရပ်ကွက် ၈၀ တွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုစုစုပေါင်း ၈၀၀ ပြုလုပ်ကာ ကောက်ခံခဲ့ခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူမှုကို နိုင်ငံတကာအသိအမှတ်ပြု စာရင်းအင်းနည်း အရ ကျပန်းနမူနာရွေးချယ်ကာကောက်ယူမှုနည်း လမ်းများအရ ပြုလုပ် ခဲ့သည်။

(အဆင့် ၁) မြို့နယ်အလိုက် အလွှာခွဲခြင်း။ ၂၀၁၄ ခုနှစ်မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ထောင်စုစာရင်းမှ အချက်အလက်များကို အသုံးပြု၍ မြို့နယ်တစ်ခုချင်းစီရှိလူဦးရေအချိုးအစားကိုတွက်ချက်သတ်မှတ်ခဲ့ပြီး အဆိုပါမြို့နယ်များတွင် စစ်တမ်းကောက်ယူမည့် နေရာများကို အချိုး အစားတူညီအောင် နေရာချထားခဲ့ပါသည်။

(အဆင့် ၂) မြို့ပြနှင့် ကျေးလက်ဒေသအလိုက် အလွှာခွဲခြားခြင်း။ အထက်တွင်ဖော်ပြထားသည့် လူဦးရေအချက်အလက်ကို အသုံး ပြုပြီး မြို့နယ်တစ်ခုချင်းစီအတွက် မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးအစားကို တွက်ချက်ခဲ့သည်။  မြို့နယ်အလိုက် လူဦးရေအချိုး အစားအလိုက် မြို့ပြနှင့် ကျေးလက်အကြား စစ်တမ်းကောက်ယူမည့်နေရာများကို အချိုးအစားကို တူညီအောင် နေရာချထားခဲ့ ပါသည်။

(အဆင့် ၃) ကျေးရွာများနှင့် ရပ်ကွက်များကို နမူနာရွေးထုတ်ခြင်း။ မြို့နယ်တစ်ခုချင်းစီအတွက် ရွေးချယ်သတ်မှတ်ထားသည့် နေရာများနှင့် မြို့ပြနှင့် ကျေးလက်ဒေသများအတွက် ရွေးချယ်သတ်မှတ်ထားသောနေရာများကို အခြေခံ၍ ကျပန်းနမူနာ ရွေးချယ်မှု နည်းလမ်းကို အသုံးပြုပြီး ရက်ကွက်နှင့် ကျေးရွာများကို ရွေးချယ်ခဲ့သည်။ နမူနာရွေးထုတ်ရန် ဘောင်အဖြစ် မြန်မာနိုင်ငံသတင်း အချက်အလက် စီမံ ခန့်ခွဲမှုဌာန (MIMU) မှစုစည်းပြုစုထားသည့် မြို့နယ်တစ်ခုချင်းစီရှိ ရပ်ကွက်နှင့် ကျေးရွာများစာရင်းကို အသုံးပြုခဲ့ သည်။ စစ်တမ်းကောက်ယူ ရာဒေသတစ်ခုလုံးအတိုင်းအတာ နမူနာများအဖြစ် ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း ၈၀ကို ရွေးချယ် ခဲ့ပါသည်။

(အဆင့် ၄) အိမ်ထောင်စုများကို ကျပန်းရွေးချယ်ခြင်း။ သင်တန်းပေးလေ့ကျင့်ထားသည့် စစ်တမ်းကောက်ယူသူများသည် စတင်ရ မည့်နေရာအဖြစ် ကျပန်းသတ်မှတ်ထားသော နေရာမှ စ၍ ကျပန်းလမ်းလျှောက်ကာ နမူနာရွေးချယ်သည့်နည်းလမ်း ကိုအသုံးပြုပြီး ၎င်းတို့ ရွေးချယ်ထားရာ အိမ်ထောင်စုများရှိသည့်နေရာများဆီသို့ ထွက်ခွာပါသည်။ စစ်တမ်းကောက်ယူသူများသည် ကျေးလက်ဒေသ (ကျေးရွာ) တွင် ၁၀ အိမ်မြောက်နေအိမ်တိုင်းနှင့်  မြို့ပြဒေသများ(ရပ်ကွက်)တွင်မူ ၂၀ အိမ်မြောက်နေအိမ်တိုင်းကိုရွေးချယ်ခဲ့သည်။

(အဆင့် ၅) ဖြေကြားမည့်သူကို ကျပန်းရွေးချယ်ခြင်း။ အိမ်ထောင်စုတစ်ခုကို ရွေးချယ်ပြီးသည့်အခါ PACE အဖွဲ့၏ စစ်တမ်းကောက် ယူသူများသည် အဆိုပါ အိမ်ထောင်စုထဲမှ (အမျိုးသားနှင့် အမျိုးသမီး တစ်လှည့်စီ) မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်သူ အိမ် ထောင်စုဝင် တစ်ဦးကို ကျပန်းရွေးချယ်ခဲ့သည်။ စစ်တမ်းဖြေဆိုသူများကို “မဲနှိုက်သည့်စနစ်” ကိုအသုံးပြုပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ စုစုပေါင်းအားဖြင့် စစ်တမ်းကောက်ယူသူတစ်ဦးချင်းစီကို ကျေးရွာ/ရပ်ကွက် နေရာတစ်ခုချင်းစီတွင် ဖြေဆိုသူ ၁၀ ဦးကို မေးမြန်းရန် တာဝန်ပေးအပ်ထားသည်။

(အဆင့် ၆) ရရှိလာသောအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခြင်း။ အချက်အလက်များကို ပြန်လည်စုဆောင်းပြီးနောက် မြန်မာနိုင်ငံတွင် အမှန်တကယ် ပျံ့နှံ့နေမှုနှင့်အညီ နမူနာပုံစံကို ဖော်ဆောင်ရန်အတွက် မြို့ပြကျေးလက်၊ ပြည်နယ် နှင့်တိုင်းဒေသကြီးများတွင် မဖြေဆိုမှုများဖြင့် အချက်အလက်များကိုထိန်းညှိပါသည်။ ဖြေဆိုမှုများကိုပြန်လည်စုစည်းလျှင် ကိုယ်စားပြုသည့်အရေအတွက် များ အကြား ရှိ အပြောင်းအလဲဖြစ်နိုင်မှုသည် အနည်းအကျဉ်းရှိနိုင်သော်လည်း ကွာဟချက်သည် ၁% ထက်မည်သည့်အခါမှမပိုပါ။ မေးခွန်းအားလုံး အတွက် ဖြေဆိုသူများ၏ ပျမ်းမျှတစ်ရာခိုင်နှုန်းသည် ဖြေဆိုရန်ငြင်းဆန်ခဲ့ပါသည်။

စစ်တမ်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်  
ကြားဖြတ်ရွေးကောက်ပွဲနေရာများရှိ ခန့်မှန်းခြေလူဦးရေ

(၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ)

၃,၀၂၄, ၁၁၉
ကြားဖြတ်ရွေးကောက်ပွဲနေရာများရှိအရွယ်ရောက်ပြီးသူခန့်မှန်းခြေဦးရေ

(၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ)

၂, ၀၆၉, ၂၇၄
ခွဲခြမ်းစိတ်ဖြာဆန်းစစ်ရန်အတွက်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်း မှုအရေအတွက် ၈၀၀
မှားယွင်းနိုင်မှုမာဂျင် စိတ်ချယုံကြည်နိုင်မှု ၉၅% တွင် +/- ၃.၅%[1]
အချက်အလက်စုဆောင်းသည့်ကာလ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၆-၂၉

ဆက်သွယ်ရန်

မနေခြည်။ ၀၉ ၇၉၇၉ ၆၉၆၉ ၄၊ [email protected]၊ ၉၀၊ ၇-အေ၊ ကန်လမ်းကွန်ဒို၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

[1] မှားယွင်းနိုင်မှုမာဂျင်မှာ အုပ်စုငယ်များဖြစ်ကြသည့်  မြို့ပြအတွက်တွက်ချက်ပါက +/- ၄.၆၊ ကျေးလက်အတွက် +/- ၄.၆ နှင့် ကျား-မ အတွက်ဆိုလျှင် +/- ၄.၉ သို့မြင့်တက်မည်ဖြစ်သည်။

Preliminary Finding of Voter Registration Survey (Eng) Download

မဲဆန္ဒရှင်စာရင်းပြုစု လေ့လာမှုစစ်တမ်း ကနဦးအစီရင်ခံစာအားရယူရန်