မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာခြင်း

ကနဦးအစီရင်ခံစာ

(ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၅ ရက်)

 

အစီရင်ခံစာ အနှစ်ချုပ်                                                                                                                      ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်

ရွေးကောက်ပွဲတစ်ခု၏ သမာသမတ်ကျမှု ဆုံးဖြတ်ရာတွင် မဲဆွယ်စည်းရုံးရေးကာလသည် ရွေးကောက်ပွဲဖြစ်စဉ်များထဲမှ အရေးကြီး သောကာလအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ PACE အဖွဲ့က ကာလရှည်စောင့်ကြည့်လေ့လာသူ ၂၂ ဦးကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၂၂ မြို့နယ်သို့ စေလွှတ်ကာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်း များ၏ စည်းရုံးလှုပ်ရှားခွင့်နှင့်ပတ်သက်ပြီး အခွင့်အရေးတန်းတူညီမျှစွာရရှိမှုနှင့် လွပ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်တို့ကို စောင့်ကြည့် လေ့လာမှုများပြုလုပ်ရန် စေလွှတ်ခဲ့ပါသည်။ စောင့်ကြည့်လေ့လာနေစဉ်ကာလအတွင်း PACE အဖွဲ့၏ ကာလရှည်စောင့်ကြည့် လေ့လာသူများက ကော်မရှင်အဖွဲ့ခွဲရှိ ကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ကာလရှည်စောင့်ကြည့်လေ့လာသူများသည် စုဝေးဟောပြောမှုများတွင်လည်း ဟောပြောမှုကျင်းပသည့် နေရာ၊ ဝေငှသည့်ပစ္စည်းများ၊ မဲဆွယ်စည်းရုံးရေးနည်းနာများအပြင် ဟောပြောရာတွင် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များနှင့် ညီညွတ်မှု  ရှိ/မရှိကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါသည်။

ယခုအစီရင်ခံစာပါ တွေ့ရှိချက်များသည် PACE အဖွဲ့၏ ရက်သတ္တပတ် ၅ ပတ် (ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၅ ရက်) တာကာလ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များဖြစ်သည်။ ကျန်ရှိနေသည့် ရက်သတ္တပတ် ၄ ပတ်မှ တွေ့ရှိချက်များကို အပြီးသတ် အစီ ရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အဓိကတွေ့ရှိချက်များ

မဲဆွယ်စည်းရုံးရေးကာလကိုစောင့်ကြည့်လေ့လာရန် ကာလရှည်စောင့်ကြည့်လေ့လာသူ ၂၂ ဦးကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပ မည့် မြို့နယ် ၂၂ မြို့နယ်သို့   ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်စေလွှတ်ခဲ့ပါသည်။

အောက်ပါတွေ့ရှိချက်များသည် ကာလရှည်စောင့်ကြည့်လေ့လာသူများက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုပေါင်း ၄၀၅ ခုမှ ကိုယ်စား လှယ်လောင်းတစ်ဦးချင်းစီ၏ သဘောထားအမြင်များနှင့် စောင့်ကြည့်လေ့လာမှုပြုလုပ်ခဲ့သည့် စုဝေးဟောပြောမှုပေါင်း ၁၉၀ ခုမှ တွေ့ရှိချက်များပင်ဖြစ်သည်။ ယခုအချက်အလက်များတွင် ပါတီဌာနချုပ်၏ အမြင်နှင့်လှုပ်ရှားမှုများ၊ ပါတီထောက်ခံသူ (သို့) ပါတီဝင် မဟုတ်သူများ၏ အမြင်များကို ထည့်သွင်းထားခြင်းမရှိပါ။ ထို့အပြင် တရားဝင်မဲဆွယ်စည်းရုံးရေးကာလ မတိုင်မီက ပါတီ (သို့) ကိုယ်စားလှယ်လောင်းက ပြုလုပ်ခဲ့သော လှုပ်ရှားမှုများကိုလည်း ထည့်သွင်းထားခြင်း မရှိပါ။

မဲဆွယ်စည်းရုံးမှုဆိုင်ရာ လှုပ်ရှားမှုများ

မဲဆွယ်စည်းရုံးရေး နည်းနာများ

  • PACE အဖွဲ့ကတွေ့ဆုံမေးမြန်းခဲ့သည့် ကိုယ်စားလှယ်လောင်းများအနက် အများစုမှာ စာရွက်စာတမ်းများဝေငှ​ခြင်း (၄၈%)၊ လူထုဟောပြောပွဲများ (၃၈%) နှင့် ပိုစတာများချိတ်ဆွဲခြင်း (၃၄%) စသည့်ပုံစံများမှာ အသုံးပြုမှုအများဆုံး နည်းနာများ ဖြစ် သည်။ ဒုတိယအသုံးအများဆုံးနည်းနာမှာ တစ်အိမ်တက်ဆင်းစည်းရုံးခြင်း (၂၆%) နှင့် လော်စပီကာအသုံးပြုခြင်း/စီတန်း လှည့်လည်ခြင်း (၂၀%) တို့ဖြစ်သည်။ ကိုယ်စားလှယ်လောင်းအနည်းစုကသာ နည်းပညာ (သို့) မီဒီယာကိုသာ အသုံးပြုသည် ဟု ဆိုပါသည်။ မီဒီယာများနှင့် အင်တာဗျူးခြင်း နည်းကိုအသုံးပြုသူ ၃.၅% နှင့် လူမှုကွန်ရက်ကိုသုံးသူ ၆% ရှိပါသည်။ ၂၃% ကမူ ၎င်းတို့အနေဖြင့် မည့်သည့်လှုပ်ရှားမှုမှ ပြုလုပ်ရန်မရှိဟု ဖြေပါသည်။ ယခုတွေ့ရှိချက်များသည် ပါတီဌာနချုပ်မှ ခေါင်းဆောင်များ၏ သီးခြားလှုပ်ရှားမှုများနှင့် ပါတီထောက်ခံသူမျာမှ ကမကထပြုလုပ်သည့် လှုပ်ရှားမှု များ မပါဝင်ပါ။
  • တွေ့ဆုံမေးမြန်းခဲ့သည့် ကိုယ်စားလှယ်လောင်းများအနက် USDP နှင့် NLD ပါတီမှာ မဲဆွယ်စည်းရုံးလှုပ်ရှားမှု အများ ဆုံးပါတီများ ဖြစ်ကြသည်။ လော်စပီကာနှင့် စီတန်းလှည့်လည်မဲဆွယ်စည်းရုံးသည့်နည်းလမ်းအသုံးပြုမှုတွင် NLD ပါတီက အများဆုံးဖြစ်ပြီး မည်သည့်လှုပ်ရှားမှုများပြုလုပ်ရန် မရှိဟု ဖြေဆိုရာတွင် ပါတီငယ်/တစ်သီးပုဂ္ဂလ (၃၉%) နှင့် အခြား ပါတီကြီး (၂၈%) တို့က အများဆုံးဖြစ်သည်။

မဲဆွယ်စည်းရုံးရေး စုဝေးဟောပြောပွဲ

မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများခွင့်ပြုမှု

  • တွေ့ဆုံမေးမြန်းခဲ့သည့် ကိုယ်စားလှယ်လောင်းများက ၎င်းတို့အနေဖြင့် မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်များ လျှောက်ထားခြင်း နှင့် ပတ်သက်ပြီး ပြဿနာများ မရှိကြဟုဆိုပါသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် ပါတီအမျိုးအစား (၄) မျိုးမှ ကိုယ်စားလှယ် လောင်း အားလုံးက ၎င်းတို့၏ လျှောက်လွှာများကို မည်သည့်အပြောင်းအလဲမှ မပြုလုပ်ဘဲ ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။ ကိုယ်စားလှယ်လောင်း ၅ ဦးတွင် ၄ ဦး (၄၀%) က ၎င်းတို့၏ လျှောက်လွှာများကို စည်းရုံးလှုပ်ရှားမှု မပြုလုပ်မီ တစ် ရက် အလိုနှင့် စည်းရုံးလှုပ်ရှားမှုပြုလုပ်မည့်နေ့ တို့တွင် ခွင့်ပြုပေးခဲ့သည်ဟု ဖြေပါသည်။

စုဝေးဟောပြောပွဲများ ကျင်းပပြုလုပ်သည့်နေရာ

  • စောင့်ကြည့်လေ့လာခဲ့သည့် စုဝေးဟောပြောပွဲများအနက် အများစုမှာ ကိုယ်ပိုင်ရုံးခန်း/နေအိမ်များ (၄၈%)၊ ပါတီရုံးများ (၂၁%)၊ ဘာသာရေးနှင့် သက်ဆိုင်သည့်နေရာများ (၁၀%)၊ ပန်းခြံ/စျေးစသည့် အများပိုင်နေရာများ (၈%) တွင် ပြုလုပ်ကြ သည်ကိုတွေ့ရသည်။ အားကစားရုံ/ကွင်းများတွင် ပြုလုပ်သည်ကို ၂% သာတွေ့ရှိရပြီး အစိုးရပိုင်နေရာ/ အဆောက်အဦ များတွင် ၃% သာတွေ့ ရသည်။
  • စုဝေးဟောပြောပွဲများကျင်းပရာတွင် ပါတီအမျိုးအစား လေး မျိုးမှ ကိုယ်စားလှယ်လောင်းအသီးသီးက ကိုယ်ပိုင်ရုံးခန်း/ နေအိမ်များကို အခြားနေရာများပို၍ အသုံးများသည်ကိုတွေ့ရသည်။ အခြားပါတီကြီးနှင့် ပါတီငယ်/တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းများက အများပိုင်နေရာများကို USDP နှင့် NLD ထက်ပို၍ အသုံးများပါသည်။
  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောပွဲများတွင် “အခြားပါတီကြီး” က USDP ၊ NLD နှင့် ပါတီငယ်/တစ်သီးပုဂ္ဂလ များထက် ဘာသာရေးနှင့် ဆိုင်သည့်နေရာများကို ပို၍အသုံးများသည်ကိုတွေ့ရသည်။

စုဝေးဟောပြောပွဲများတွင်ဝေငှခဲ့သော ပစ္စည်းများ

  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောပွဲအများစုတွင် ကိုယ်စားလှယ်လောင်းများက တရားဝင်ပုံနှိပ်ထားသည့် စာ ရွက်စာတမ်းဝေငှမှုများကို ပိုမိုပြုလုပ်သည်ကိုတွေ့ရသည်။ အစားအသောက် (၁၄%) နှင့် ပါတီအထိမ်းအမှတ်ပစ္စည်းများ (၂၂%) စသည့် ပစ္စည်းများဝေငှသည်ကိုလည်း တွေ့ရသည်။ မည်သည့်ပစ္စည်းမှ ဝေငှခြင်းမရှိသည့် စုဝေးဟောပြောပွဲ ၂၁% ရှိ သည်ကို တွေ့ရသည်။ USDP ၊ NLDနှင့် အခြားပါတီကြီးများနှင့် နှိုင်းယှဉ်လျှင် ပါတီငယ်/တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများ (၇၃%) က တရားဝင်ပုံနှိပ်ထားသည့် စာရွက်စာတမ်းများဝေငှခြင်းများ ပိုမိုများပြားပါသည်။

မဲဆွယ်စည်းရုံးဟောပြောမှု

စုဝေးဟောပြောပွဲတွင် ပါဝင်ဟောပြောသည့်ပုဂ္ဂိုလ်

  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောမှုများ၏ ၄၄% တွင် ပါတီခေါင်းဆောင်များ၊ ၅% တွင် ထင်ရှားကျော်ကြားသူ များနှင့် ၃% တို့တွင် ဒေသခံတာဝန်ရှိသူများက ပါဝင်ဟောပြောကြသည်ကိုတွေ့ရသည်။ သို့သော် ၅၁% တွင်မူ တစ်ခြား သူတစ်ဦးမှ မပါဝင်ပဲ ကိုယ်စားလှယ်လောင်းကိုယ်တိုင်ဟောပြောသည်ကိုတွေ့ရသည်။
  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောပွဲများတွင် USDP ၊ NLD နှင့် အခြားပါတီကြီးများ၏ စုဝေးဟောပြောပွဲများ၌ ၎င်းတို့၏ ပါတီခေါင်းဆောင်များ ပါဝင်ဟောပြောမှုနှုန်း တူညီသည်ကိုတွေ့ရသည်။ ပါတီငယ်/တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း၏ ဟောပြောပွဲများတွင်မူ မည်သူမှ မပါဘဲ ကိုယ်တိုင်ဟောပြောစည်းရုံးမှု ပိုမိုများပြားသည်ကို တွေ့ရသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်မှုပြောဆိုမှုနှင့် လှုံ့ဆော်မှုများ

မဲဆွယ်စည်းရုံးရေး စုဝေးဟောပြောပွဲများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်လှုံ့ဆော်သည့် ဟောပြောမှုများပြုလုပ်ခြင်းရှိ/မရှိကိုလည်း PACE အဖွဲ့က စောင့်ကြည့်လေ့လာခဲ့ပါသည်။ သို့သော်လည်း စုဝေးဟောပြောပွဲပြင်ပတွင် ပြောဆိုမှုများနှင့် အခြားသောပါတီ ထောက်ခံသူ/ခေါင်းဆောင်များ၏ ပြောဆိုမှုများကို စောင့်ကြည့်လေ့လာခြင်း မပြုလုပ်ခဲ့ပါ။

  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောပွဲများအားလုံးတွင် မည်သည့်ကိုယ်စားလှယ်လောင်းမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ် ခတ်ပြောဆိုမှုများနှင့် လှုံ့ဆော်မှုများ ပြုလုပ်သည်ကို မတွေ့ရပါ။

မဲဆွယ်စည်းရုံးမှုကို ဝင်ရောက်နှောက်ယှက်မှုများ

ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရမှု

ကိုယ်စားလှယ်လောင်းများကို တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ဝင်ရောက်နှောက်ယှက် ခံခြင်း၊ အလုပ်အကိုင်/စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြဿနာများရင်ဆိုင်ရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ မဲဆွယ်စည်းရုံးရေးပစ္စည်းများကို ဖျက်စီးခြင်း၊ မိသားစု/မိတ်ဆွေများက ပြဿနာများရင်ဆိုင်ရခြင်း စသည့် ပြဿနာများနှင့် တွေ့ကြုံရခြင်း ရှိ/မရှိ ကိုလည်း မေးမြန်းခဲ့ ပါသည်။

  • ကိုယ်စားလှယ်လောင်းအားလုံးနီးပါး (၉၆%) က ၎င်းတို့အနေဖြင့် မည်သည့် ပြဿနာကိုမှ ရင်ဆိုင်ရခြင်း မရှိဟုဆိုပါသည်။

မဲဆွယ်စည်းရုံးမှုကို ဝင်ရောက်နှောက်ယှက်မှု

  • စောင့်ကြည့်လေ့လာခဲ့သော စုဝေးဟောပြောပွဲများအားလုံးတွင် ဝင်ရောက်နှောက်ယှက်ခံရခြင်းများကို မတွေ့ရချေ။ လွှတ်တော်အမျိုးအစားအားလုံးနှင့် ပါတီအမျိုးအစားအားလုံး၏ စုဝေးဟောပြောမှုများအတွက် တွေ့ရှိချက်များ အားလုံး တူညီကြသည်ကိုတွေ့ရသည်။

အကြံပြုချက်များ

နိုင်ငံရေးပါတီများ

  • နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေးကာလကျင့်ဝတ်များကို မဲဆွယ်စည်းရုံးရေးကာလ နောက်ဆုံးရက်အထိ လိုက်နာကျင့်သုံးသွားကြရန် တိုက်တွန်းပါသည်။
  • မဲဆွယ်စည်းရုံးရေးကာလ အငြင်းပွားမှုများနှင့် ရွေးကောက်ပွဲအလွန်ကာလ အငြင်းပွားမှုများကို လျော့ချနိုင်ရန် နိုင်ငံရေး ပါတီများ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်နယ်/တိုင်းဒေသကြီးများရှိ စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ပိုမိုအားကောင်း အသက်ဝင်လာအောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။

စောင့်ကြည့်လေ့လာသည့် နည်းစနစ်

ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၅ ရက်နေ့တွင်း PACE အဖွဲ့ ကာလရှည်စောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မြို့နယ်တွင်းရှိ အခြားပါတီကြီး နှင့် ပါတီငယ်/တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း များကို တွေ့ဆုံမေးမြန်းမှုပေါင်း ၄၀၅ ခုပြုလုပ်ခဲ့ပါသည်။ PACE အဖွဲ့ ကာလရှည်စောင့်ကြည့်လေ့လာသူများက ကိုယ် စားလှယ်လောင်းများကို ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ရင်ဆိုင်တွေ့ကြုံရသည့် အခြေအနေများကို အပတ် စဉ် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

တဆက်တည်းမှပင် PACE အဖွဲ့က အထက်ပါ ပါတီအမျိုးအစား လေး မျိုးမှ ကိုယ်စားလှယ်များ၏ စုဝေးဟောပြောမှု ၁၉၀ ခုကို လည်း စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ သို့သော် မဲဆွယ်စည်းရုံးမှုနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသည့် ပါတီတွင်း အစည်း အဝေးများနှင့် ကိုယ်စားလှယ်လောင်းနှင့် တိုက်ရိုက်ပတ်သက်မှုမရှိသည့်သူများ၏ ဟောပြောမှုများကို စောင့်ကြည့်လေ့လာခဲ့ခြင်း မရှိပါ။ ထို့အပြင် အလွန်ဝေးလံသည့်​ဒေသရှိ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကိုမူ PACE အဖွဲ့မှ စောင့်ကြည့်လေ့လာနိုင်ခြင်း မရှိပါ။

အဓိကအားဖြင့် ဧပြီလ ၁ ရက်တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သည့် မြို့နယ် ၂၂ မြို့နယ်တွင် အဆိုပါ တွေ့ဆုံ မေးမြန်းမှုများနှင့် စုဝေးဟောပြောမှု စောင့်ကြည့်လေ့လာခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကို တွေ့ဆုံ မေးမြန်းမှု များနှင့် စုဝေးဟောပြောမှု စောင့်ကြည့်လေ့လာမှုများများအပြင် ကာလရှည်စောင့်ကြည့်လေ့လာသူများသည် မဲဆန္ဒရှင် များနှင့် ကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်များကိုလည်း တွေ့ဆုံမေးမြန်းမှုများကိုပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုမှ တွေ့ရှိချက် များကို နောင်တွင် ထုတ်ဝေမည့် အပြီးသတ်အစီရင်ခံတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

PACE အဖွဲ့၏ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှု နည်းစနစ်သည် မဲဆွယ်စည်းရုံးရေးကာလတစ်ခုလုံး၏ အနေအထား တစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်ရန် ပြင်ဆင်စီမံထားသည့် နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာများက ဖော်ပြလျှက်ရှိသော ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ (သို့) လွှတ်တော်တစ်ခုချင်းစီ (သို့) ဖြစ်ရပ်တစ်ခုချင်းစီကို သီးသန့်အာရုံစိုက် စောင့်ကြည့် လေ့လာမှုများ မပြုလုပ်နိုင်ချေ။

စောင့်ကြည့်လေ့လာသည့်ကာလ

ရက်သတ္တပတ် ၆ ပတ် မဲဆွယ်စည်းရုံးရေးကာလ။ ၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၅ ရက်

ကာလရှည်စောင့်ကြည့်လေ့လာသူများ

ကာလရှည်စောင့်ကြည့်လေ့လာသူ ၂၂ ဦးလုံးကို ဇန်နဝါရီလ လယ်တွင် ရန်ကုန်မြို့ ၌ ၂ ရက်တာ သင်တန်းများပို့ချခဲ့ပါသည်။ အဓိကအားဖြင့် ဘက်မလိုက်မှုဆိုင်ရာ ကျင့်ဝတ်များ၊ တွေ့ဆုံမေးမြန်းမှုပြုလုပ်ပုံ၊ စုဝေးဟောပြောမှုကို စောင့်ကြည့်လေ့လာပုံ နည်း စနစ်နှင် စောင့်ကြည့်လေ့လာမှုပုံစံများ ဖြည့်စွက်ပုံစသည်တို့ကို သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါကာလရှည်စောင့်ကြည့်လေ့လာသူ များအတွက်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် စောင့်ကြည့်လေ့လာခွင့်ကတ်ပြားများကို ထုတ်ယူခဲ့ပြီးဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ် ကာလရှည်စောင့်ကြည့်

လေ့လာသူ ဦးရေ

ကယားပြည်နယ်
ချင်းပြည်နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
ရန်ကုန်တိုင်းဒေသကြီး ၁၁
ရှမ်းပြည်နယ် (တောင်)
ရှမ်းပြည်နယ် (အရှေ့)
စုစုပေါင်း ၂၂

မြို့နယ်အခြေအနေအလိုက် တစ်ခါတစ်ရံ “အခြားပါတီကြီး” မှာ တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဖြစ်နိုင်ပြီး၊ အချို့မြို့နယ်များတွင် ပြည်နယ်/တိုင်းဒေသကြီး အခြေစိုက်ပါတီများ လည်းဖြစ်တတ်ပါသည်။

ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ ပါတီကြီးများ၏ ဖွဲ့စည်းမှုနှင့် ပုံဏ္ဍာန်မရှိကြသဖြင့် လေ့လာဆန်းစစ်ရာတွင် လွယ်ကူစေရန် အမျိုးအစားတစ်ခုတည်းအဖြစ် သတ်မှတ်ထားပါသည်။