PACE မှစက်တင်ဘာလအတွင်းဆောင်ရွက်ခဲ့သော မဲဆန္ဒရှင်စာရင်းကြေညာပြသမှုဖြစ်စဉ် လေ့လာချက်အစီရင်ခံစာထုတ်ပြန်မှုနှင့် ပတ်သက်သည့် မီဒီယာသတင်းထုတ်ပြန်ချက် Press Release ကို ယနေ့ အောက်တိုဘာ ၁၊ ၂၀၁၅ ရက်စွဲဖြင့် ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း Park Royal ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။
ထိုလေ့လာမှုအစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များမှာ အောက်ပါအချက်များဖြစ်သည်။
- မဲဆန္ဒရှင်စာရင်းကြေညာပြသမှုဖြစ်စဉ်တွင် မဲဆန္ဒရှင်များ ပါဝင်ဆောင်ရွက်ခွင့် ရှိကြောင်း တွေ့ရှိရသည်
- မဲဆန္ဒရှင် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ အတွေ့ရနည်းနေကြောင်းသိရသည်
- မဲဆန္ဒရှင်စာရင်းကြေညာပြသမှုတွင် မဲဆန္ဒရှင်များကိုယ်တိုင်ပါဝင်ဆောင်ရွက်မှု နည်းပါးကြောင်းတွေ့ရသည်
ယနေ့ထုတ်ပြန်သည့် မီဒီယာသတင်းထုတ်ပြန်ချက်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အောက်တွင် Download လုပ်ယူနိုင်ပါသည်။