skip to Main Content
ရန်ကုန်စည်ပင်ရွေးကောက်ပွဲနေ့ သတင်းထုတ်ပြန်ချက်အကျဉ်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲနေ့ သတင်းထုတ်ပြန်ချက်အကျဉ်း

ရွေးကောက်ပွဲနေ့ဖြစ်စဉ်မှာ ချောမွေ့သော်လည်း မဲလာပေးသူဦးရေ အလွန်နည်းပါးသောကြောင့် PACE အဖွဲ့က စိုးရိမ်ပါ သည်။ မဲဆန္ဒရှင်များကို မဲပေးရန်တိုက်တွန်း
ရန်ကုန်၊ မတ်လ ၃၁ ရက်
ယေဘုယျအားဖြင့် ရွေးကောက်ပွဲဖြစ်စဉ်မှာ ယခုအချိန်ထိ ချောမွေ့တည်ငြိမ်ပြီး မည်သည့်ပြသနာကြီးကြီးမားမားမှ မတွေ့ရချေ။ နံနက် ၁၀နာရီခွဲခန့်အထိ စောင့်ကြည့်လေ့လာမှုအရ မဲလာပေးသူဦးရေမှာ ၁၀% အောက်သာရှိသည်ကို ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) က တွေ့ရှိရသည်။ သို့သော်လည်း စောင့်ကြည့်လေ့လာသူအချို့၏ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ထံမှရရှိသည့် မဲရုံစာရင်းပါ မဲရုံတည်နေရာအချို့နှင့် လက်တွေ့သွားရောက်သည့်အခါ အမှန်တကယ်တည်ရှိသော မဲရုံတည်နေရာများ လွဲမှားနေသည်ကို တွေ့ခဲ့ရသည်။
လက်ခံရရှိပြီးသော အစီရင်ခံမှုများအရ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) မှ စောင့်ကြည့်လေ့လာသူအားလုံးသည် မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြပါသည်။ သတ်မှတ်ထားသည့် နေရာများတွင် မဲရုံများမရှိခြင်းကြောင့် PACE အဖွဲ့၏ စောင့်ကြည့်လေ့လာသူအချို့က စောင့်ကြည့်လေ့လာရမည့် မဲရုံများကို ရှာမတွေ့သဖြင့် စောင့်ကြည့်လေ့လာမှုများကို အစောပိုင်းတွင် ပြုလုပ်နိုင်ခြင်းမရှိခဲ့သော်လည်း ကော်မရှင်အဖွဲ့ခွဲများနှင့်မဲရုံတာဝန်ရှိသူများထံမှ သတင်းအချက်အလက်များ တောင်းယူ ပြီး နောက်ပိုင်းတွင် စောင့်ကြည့်လေ့လာမှု ပြုလုပ်နိုင်ခဲ့ကြပါသည်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံရယူရန်

Back To Top