skip to Main Content
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲရုံဖွင့်လှစ်ခြင်း စောင့်ကြည့်လေ့လာမှု တွေ့ရှိချက် အကျဉ်းချုပ်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲရုံဖွင့်လှစ်ခြင်း စောင့်ကြည့်လေ့လာမှု တွေ့ရှိချက် အကျဉ်းချုပ်

ယေဘုယျအားဖြင့် မဲပေးမှုဖြစ်စဉ် အဆင်ပြေချောမွေ့သော်လည်း မသန်စွမ်းမဲဆန္ဒရှင်များအတွက် အစီအမံများလိုအပ်ချက်ရှိနေဆဲ ဖြစ်ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ပတ်သက်၍ မဲရုံမှူးများ၏ နားလည်သိရှိမှုအားနည်း
နိုဝင်ဘာ ၃၊ ရန်ကုန်
နိုဝင်ဘာလ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၂ ခု၁ အတွက် ကျင်းပနေသော ကြားဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် အဖွဲ့တို့က စောင့်ကြည့်လေ့လာသူ ၅၇၉ ဦးကို မြို့နယ် ၁၂ ခုသို့စေလွှတ်ခဲ့ပါသည်။ လက်ခံရရှိပြီးသော အစီရင်ခံမှုများအရ PACE နှင့် ဖန်တီးအိမ် အဖွဲ့မှ စောင့်ကြည့်လေ့လာသူအားလုံးသည် မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြပါသည်။ PACE နှင့် ဖန်တီးအိမ် အဖွဲ့အနေဖြင့် အစောပိုင်းတွင် စောင့်ကြည့် လေ့လာသူအချို့ထံမှ မဲရုံအတွင်းသို့ဝင်ရောက်ခွင့် မရရှိကြောင်း အစီရင်ခံမှုကို လက်ခံရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အားလုံး ဝင်ရောက်စောင့်ကြည့် လေ့လာနိုင်ခဲ့ကြပါသည်။ တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ၊ အခြားအခက်အခဲများကြောင့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒေသအချို့မှ စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံမှုများကို မရရှိသေးပါ။ သို့ဖြစ်ပါ၍ ယင်းအစီရင်ခံမှုများကို လက်ခံရရှိပါက တွေ့ရှိချက်၏ ကိန်းဂဏန်းများမှာ အပြောင်းအလဲ အနည်းငယ်ဖြစ်နိုင်ပါသည်။
ဖန်တီးအိမ်အဖွဲ့မှ မခင်လေးငယ် က “အခုရွေးကောက်ပွဲမှာ မဲရုံတွေမှာတာဝန်ထမ်းဆောင်တဲ့သူတွေက အရင်ရွေးကောက်ပွဲတွေထက် စာရင် ကျား-မ အချိုး ပိုပြီးတော့ ညီမျှလာတယ်။ ဒါဟာ ကြိုဆိုသင့်တဲ့အချက်ပါပဲ”
PACE အဖွဲ့မှ စိုင်းရဲကျော်စွာမြင့်က “ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကို ပုံစံ ၈ မပါလို့ စောင့်ကြည့်လေ့လာမှု လုပ်လို့မရဘူး ဆိုတဲ့ မဲရုံမဖွင့်ခင်မှာဖြစ်ခဲ့တဲ့ နားလည်လွဲမှားမှုဟာ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကြီးမားတဲ့ပြဿနာမဟုတ်ပေမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက်ဆိုရင် မဲရုံမှူးတွေကို ဒီထက်ပိုပြီး သင်တန်းပို့ချဖို့လိုမယ်လို့ ထင်ပါတယ်”

သတင်းထုတ်ပြန်ချက် အပြည့်အစုံရယူရန်

Back To Top