skip to Main Content
ရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

ရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာ

ရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း ကနဦးအစီရင်ခံစာ
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက် (သောကြာနေ့)၊ ရန်ကုန်

တွေ့ရှိချက်အကျဉ်းချုပ်
၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများ၏ ရွေးကောက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံသားများ၏သိရှိမှုနှင့် ပါဝင်လိုစိတ်အတိုင်းအတာတို့ကို သိရှိနိုင်ရန် ဇွန်လ ၂၉-၃၀ ရက်တို့တွင် ရွေးကောက်ပွဲအကြိုကာလစစ်တမ်းတစ်ခုကို လစ်လပ်မဲဆန္ဒနယ် ၁၂ ခု၌ (မန္တလေးတိုင်းဒေသကြီးရှိရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်ကိုထည့်သွင်းကောက်ယူခြင်းမရှိပါ။) ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ က စစ်တမ်းကောက်ယူသူ ၁၂၂ ဦး၊ တွေ့ဆုံမေးမြန်းမှုပေါင်း ၁,၂၂၀ ခုဖြင့် ကောက်ယူခဲ့ပါသည်။
ယေဘုယျအားဖြင့် မဲဆန္ဒနယ် ၁၂ ခုရှိ နိုင်ငံသားထက်ဝက်ခန့်က နိုဝင်ဘာလတွင်ကြားဖြတ်ရွေးကောက်ပွဲရှိသည်ကို သိရှိပြီး သုံးပုံတစ်ပုံ ကသာ ဇူလိုင်လတွင်မဲစာရင်းကြေညာပြသမည်ကို သိရှိကြပါသည်။ မဲစာရင်းကြေညာပြသရာနေရာတွင် မဲစာရင်းပါအချက်အလက်များကို သွား ရောက်ကြည့်ရှုရန် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်နေသူ မည်သူမှမရှိဟု စစ်တမ်းကောက်ယူရာဒေသရှိ နိုင်ငံသား တစ်ဝက်နီးပါးက ဖြေဆို ကြပါသည်။ လိုက်လံနှိုးဆော်နေသူများထဲတွင် ဒေသအာဏာပိုင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ)များ ဖြစ်သည်ဟု အများဆုံးဖြေဆိုကြ သည်ကို တွေ့ရပါသည်။ ကြေညာပြသထားသည့် မဲစာရင်းတွင် အချက်အလက်များကိုသွားရောက်ကြည့်ရှုစစ်ဆေးရန် အစီအစဉ်ရှိ/မရှိ မေး မြန်းရာ သွားရောက် ကြည့်ရှုစစ်ဆေးရန် ဆန္ဒရှိပါသည်ဟု ယင်းမဲဆန္ဒနယ်များရှိ နိုင်ငံသားထက်ဝက်ကျော်ကေဖြဆိုပါသည်။
မဲပေးရန်အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်ပြီး နိုင်ငံသား ငါးဦးတွင်လေးဦးက အစီအစဉ်ရှိပါသည်ဟု ဖြေဆိုကြပါသည်။ ထို့နောက် ကြားဖြတ်ရွေး ကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါသလားဟုမေးမြန်းရာ စစ်တမ်းကောက်ယူရာနေရာရှိ နိုင်ငံသားအများစုက မည်သည့်စိုးရိမ် ပူပန်စရာမှ မရှိပါဟု ဖြေဆိုကြပါသည်။
ထို့ကြောင့်လာမည့်နိုဝင်ဘာတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မား လာနိုင်ရန်နှင့် နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှု ပိုမိုမြင့်မားလာစေရန် ဤရွေးကောက်ပွဲအကြိုကာလ သဘောထားအမြင်စစ်တမ်း တွေ့ရှိ ချက်များ အပေါ်အေခြခံ၍ အောက်ပါတို့ကို အကြံပြုပါသည်။

 

အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်တွင် ဒေါင်းလုဒ်ရယူပါ

Download PDF သဘောထားအမြင်စစ်တမ်း
Back To Top