စေတနာ့ဝန်ထမ်းလုပ်အားပေးခေါ်ယူခြင်း (Observe Yangon Project)
ရန်ကုန်-ပြည်သူ့လှုပ်ရှားမှု (Observe Yangon) ဆိုတာ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှုပြုလုပ်မယ့် ပြည်သူ့လှုပ်ရှားမှုဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နဲ့အတူ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်မြို့က ပြည်သူပြည်သားအားလုံးကို ဖိတ်ခေါ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ နိုင်ငံသားတွေရဲ့ တာဝန်သိစိတ်နဲ့ ဦးဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှုဖြစ်တဲ့အလျောက် PACE အဖွဲ့အနေနဲ့ မည်သည့်ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကမှ ငွေကြေးထောက်ပံ့မှုကို ရယူခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလှုပ်ရှားမှုမှာပါဝင်ကြမယ့် စေတနာ့ဝန်ထမ်း လုပ်အားပေးတွေကို…