၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ အရည်အသွေးကို ဆန်းစစ်လေ့လာရန် PACE အဖွဲ့အနေဖြင့် ကာလရှည်စောင့်ကြည့်လေ့လာသူ ၆၁၆ ဦး နှင့် ကာလတိုစောင့်ကြည့်လေ့လာသူ ၁၈၈၄ ဦး၊ စုစုပေါင်း စောင့်ကြည့်လေ့လာသူ ၂၅၀၀ ဦးကို တာဝန်ချထားခဲ့ပါသည် ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် စီမံခန့်ခွဲဆိုင်ရာ အားနည်းချက်များနှင့် ချွတ်ချော်မှုများရှိသည်ကိုတွေ့ရသော်လည်း ရွေးကောက်ပွဲကြီး၏ ရလဒ်များကို အပြောင်းအလဲဖြစ်စေနိုင်သည်အထိ သက်ရောက်မှုမရှိသည်ကိုတွေ့ရပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ရလျှင် စီမံခန့်ခွဲမှုဆိုင်ရာ အမှားအယွင်းများ၊ အားနည်းချက်များ ရှိသော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည်ဟုဆိုရပါမည်။ သို့သော်လည်း မဲဆွယ်စည်းရုံးရေးကာလအတွင်း ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေးအရ သဘောတူညီမှု၊ နိုင်ငံတည်ဆောက်မှု၊ အမျိုးသားလက္ခဏာတည်ဆောက်မှု လုပ်ငန်းများ ပြီးမြောက်ခြင်းမရှိသေးသည်ကိုဖော်ညွှန်းနေပါသည်။

အစီရင်ခံစာ အပြည့်အစုံ ဒေါင်းလုဒ်ရယူရန်