skip to Main Content

လုပ်အားပေး စေတနာ့ ၀န်ထမ်းများ လျှောက်လွှာ ခေါ်ယူခြင်း

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ၂၀၁၇ခုနှစ် လူထုသဘောထားအမြင် စစ်တမ်းတစ်ရပ်​ကောက်ယူ မည့် လုပ်ငန်းစဉ်တွင် စစ်တမ်းကောက်ယူရန်အတွက် အောက်ပါ လုပ်အားပေး စေတနာ့ဝန်ထမ်းများ လိုအပ်နေ ပါသည်။

လုပ်အားပေး စေတနာ့ လျှောက်ထားသူများ လိုအပ်သည့် အရည်အချင်းများ

  • နိုင်ငံရေးပါတီ မဟုတ်သူ(သို့) နိုင်ငံရေးပါတီတခုခု၏ အကျိုးစီးပွါးအလို့ငှာ ပါတီ၏ လုပ်ငန်းဆောင်တာများအား ကူညီပေးခြင်းနှင့် တာဝန်ယူလုပ်ဆောင်ပေးခြင်း မဟုတ်သူ။

  • ၁၈ နှစ်ပြည့်ပြီးသူ။

  • မြန်မာစာနှင့် မြန်မာစကားအားကောင်းမွန်စွာ ရေးတတ်ဖတ်တတ်သူ။

  • လူအများနှင့် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနိုင်သူ။

  • လူအများနှင့် အမေးအဖြေပြုလုပ်ရာတွင် စိတ်ရှည်သည်းခံနိုင်သူ။

  • နေရာဒေသမရွေး သွားလာနိုင်သူ။

  • စစ်တမ်းကောက်ယူရာတွင် ဘက်လိုက်မှုမရှိ၊ တိကျစွာနှင့် အချိန်မှန် လုပ်ဆောင်နိုင်သူ။

  • မိမိတာဝန်ကျရာ နေရာတွင် ကွင်းဆင်း၍ စစ်တမ်းကောက်ယူနိုင်သူ။

ရွေးချယ်ခြင်းခံရပါက PACE အဖွဲ့မှ သင်ကြားပို့ချမည့် စစ်တမ်းကောက်ယူနည်းသင်တန်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။ သင်တန်းကြာမြင့်ချိန်မှာ ()ရက်ဖြစ် ၊အောက်တိုဘာလ ၂၀ မှ ၃၀ရက်နေ့အတွင်း သက်ဆိုင်ရာဒေသအလိုက် အသီးသီးသင်တန်းများကို ပို့ချသွားမည်ဖြစ်သည်။ ရွေးချယ်ခြင်းခံရသော စေတနာ့ ဝန်ထမ်း များ သည် သင်တန်းပြီးဆုံးသည့်အထိ တက်ရောက်ရန်လိုအပ်ပြီး စစ်တမ်းကောက်ယူသည့် ကာလအတွင်း PACE အဖွဲ့မှ နေထိုင်သွားလာမှု ကုန်ကျစရိတ်များအား အကွာအဝေးပေါ် မူတည် သတ်မှတ် နှုန်းထားများဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

PACE အဖွဲ့မှ ကျဘန်းနည်းဖြင့် ရွေးချယ်သတ်မှတ်ထားသော စစ်တမ်းကောက်ယူရမည့် နေရာများနှင့် အနီးစပ်ဆုံး နေထိုင်သူများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ မိမိတို့ နေထိုင်သော မြို့နယ်၊ကျေးရွာနှင့် ရက်ကွက်များအား ပူးတွဲပါ လျှောက်လွှာပုံစံ တွင် တိကျစွာ ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စေတနာ့ ဝန်ထမ်းလုပ်အားပေး လျှောက်လွှာပုံစံ ဒေါင်းလုဒ် ရယူနိုင်ပါသည်။

ဒ်င်းလုဒ်ရယူရန်
Back To Top