skip to Main Content

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကယ်ဒမီ

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကယ်ဒမီသည် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ပြုလုပ်သော ပြည်သူ့နီတိသင်တန်းများ ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတများမျှဝေရန်၊ ဒေသအတွက် အရည်အသွေးပြည့်ဝပြီး တက်ကြွသော နိုင်ငံသားများ ဖြစ်လာစေရန်နှင့် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

သင်တန်းတက်ရောက်နိုင်ရန် လိုအပ်ချက်များ

  • အသက် ၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • ၃ရက်တာ သင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။

 

သင်တန်းတွင် လိုက်နာရမည့် အချက်များ

  • ကျား/မရေးရာဖြစ်တည်မှု၊ ကိုးကွယ်ရာဘာသာနှင့် လူမျိုးကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်းမပြုရပါ။
  • သင်တန်းချိန်အတွင်း ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အရက်သေစာသောက်စားခြင်း မပြုရပါ။
  • သင်တန်းသားအချင်းချင်းလေးစားစွာ ဆက်ဆံရမည်။
  • လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း မပြုရပါ။

သင်ကြားမည့်အကြောင်းအရာများ

  • ဒီမိုကရေစီ၏ အဓိပ္ပာယ်၊ အမျိုးအစားများနှင့် အခြေခံစံနှုန်းများ
  • ဒီမိုကရေစီအသွင်ကူးပြောင်းမှု သဘောတရားများ၊
  • နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်၀တ္တရားများ
  • ဒီမိုကရက်တစ်ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲဖြစ်စဉ်များ နှင့်
  • သင်ခန်းစာနှင့်ပတ်သက်၍ သရုပ်ဖော်ပြဇာတ်ဖန်တီးကပြခြင်း

အသိပေးကြေညာခြင်း

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ အကယ်ဒမီ သင်တန်းပေါင်း ၂၀၀ ကျော်ကို နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်သွားရန် စီစဉ်ထားပြီးဖြစ်ပါသည်။ သင်တန်းကျင်းပမည့် မြို့နယ်၊ တည်နေရာနှင့် ရက်စွဲများကို PACE ၏ website နှင့် Facebook page များတွင် လအလိုက် ကြေညာပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတွင် နိုင်ငံရေးယုံကြည်မှု၊ တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်ရာဘာသာ မခွဲခြားဘဲ သင်တန်းတက်ရောက်ရန် လိုအပ်ချက်များနှင့် ကိုက်ညီသူမည်သူကိုမဆို ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။

သင်တန်းပို့ချရန် ဖိတ်ခေါ်သော မည်သည့်နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် အစိုးရအဖွဲ့အစည်းကိုမဆိုလည်း နိုင်ငံရေးရပ်တည်ချက်၊ တိုင်းရင်းသားလူမျိုး၊ ကိုးကွယ်ရာဘာသာ မခွဲခြားဘဲ လက်ခံ၍ သင်တန်းပို့ချပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတွင် အသုံးပြုရန် စာရွက်စာတမ်းများ

Back To Top