၂၀၂၀ အထွေထွေရွေးကောက်ပွဲနေ့ မဲရုံပြင်ဆင်ခြင်းနှင့် မဲရုံဖွင့်လှစ်ခြင်းဖြစ်စဉ်အပေါ် တွေ့ရှိချက်များ

Covid-19 ကပ်ရောဂါကာကွယ်ရေးအစီအမံများနှင့် မဲရုံများ အချိန်မီဖွင့်လှစ်နိုင်ခဲ့ပြီး ကြီးမားသော ပြဿနာတစ်စုံတစ်ရာမတွေ့ရ

ခဲ့ပါသည်။ လက်ခံရရှိပြီးသော အစီရင်ခံမှုများအရ PACE အဖွဲ့မှ စောင့်ကြည့်လေ့လာသူအများစုသည် ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြပါသည်။ PACE အဖွဲ့အနေဖြင့် အစောပိုင်းတွင် စောင့်ကြည့် လေ့လာသူအချို့ထံမှ မဲရုံအတွင်းသို့ဝင်ရောက်ခွင့် မရရှိကြောင်း အစီရင်ခံမှုများကို လက်ခံရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စောင့်ကြည့်လေ့လာသူ ၂ ဦးမှအပ အားလုံးနီးပါး ဝင်ရောက်စောင့်ကြည့် လေ့လာနိုင်ခဲ့ကြပါသည်။ PACE အနေဖြင့် ၎င်းစောင့်ကြည့်လေ့လာသူ နှစ်ဦးအတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ထံ ဆက်သွယ်၍ ဖြစ်စဉ်တစ်ခုလုံးအား စောင့်ကြည့်လေ့လာခွင့်ရစေရန် ကြိုးပမ်းလျက်ရှိပါသည်။

PACE အဖွဲ့မှ စိုင်းရဲကျော်စွာမြင့်က “ မဲရုံတွေကို အချိန်မီ ဖွင့်လှစ်နိုင်ခဲ့သလို COVID-19 ကာကွယ်ရေးအစီအမံတွေကိုပါ ပြင်ဆင်ထားနိုင်တဲ့အတွက်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ မဲရုံတာဝန်ရှိသူတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရေးကြီးတာကတော့ ကျန်ရှိနေတဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ မဲပေးခြင်းနဲ့ မဲရေတွက်ခြင်းလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းတွေ လမ်းညွှန်ချက်တွေအတိုင်း တိတိကျကျ ဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းပါတယ်။”

သတင်းထုတ်ပြန်ချက်အပြည့်အစုံဒေါင်းလုဒ်ရယူရန်